သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ လိုအပ်ချက် ကြီးမားနေဆဲ (UNOCHA)


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရ (မတ် ၂၅၊ ၂၀၂၄)
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရ (မတ် ၂၅၊ ၂၀၂၄)

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၉၉၀ ကျော် လိုအပ်နေပေမဲ့ နှစ်ဝက်လောက် ရှိလာတဲ့အထိ လိုအပ်တဲ့အကူအညီရဲ့ ၁၂ ရာခိုင်နှုန်းပဲ ရနေသေးတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က X လူမှုကွန်ယက်မှာ စာရင်းထုတ်ပြန်ထားပါတယ်။

လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့သူ ၁၈ သန်း ၆ သိန်း ရှိနေပြီး ပဋိပက္ခအခြေအနေ ပိုမို ဆိုးဝါးလာနေသလို လူတွေ အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတဲ့အတွက် အရပ်သားတွေကို ကာကွယ်ဖို့ လိုအပ်နေတာကို UNOCHA က ထောက်ပြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာမသိမ်းခင် အချိန်က လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ တစ်သန်းပဲ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီး သုံးနှစ်ကျော်မှာ ၁၈ ဆ၊ လူဦးရေ ၁၈.၆ သန်းအထိ တိုးလာခဲ့တာကို မေလအတွင်းက ဥရောပသမဂ္ဂက တခြားနိုင်ငံတွေ ပူးတွဲ ကြေညာချက် ထုတ်ပြန် သတိပေးထားခဲ့ပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ UNICEF အဖွဲ့ကြီးကလည်း မြန်မာနိုင်ငံက ကလေးသူငယ် ၆ သန်းလောက် အပါအဝင် လူဦးရေ ၁၈ သန်းကျော်ဟာ မကြုံစဖူး လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေပြီး နိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာတာ၊ ရာသီဥတုနဲ့ ဆက်စပ်တဲ့ ကပ်ဘေးတွေအပြင် ဆင်းရဲမွဲတွေမှုနဲ့ အများပြည်သူ ဝန်ဆောင်မှုတွေ ယိမ်းယိုင် လာနေတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ပြီးခဲ့တဲ့ ဧပြီလကုန်က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG