သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တရားရုံးချုပ် တရားသူကြီးသစ် Neil Gorsuch ကျမ်းသစ္စာဆိုမည်


ကန် တရားရုံးချုပ် တရားသူကြီးသစ် Neil Gorsuch ကျမ်းသစ္စာဆိုနေစဉ်
ကန် တရားရုံးချုပ် တရားသူကြီးသစ် Neil Gorsuch ကျမ်းသစ္စာဆိုနေစဉ်

လွန်ခဲ့တဲ့ ၁၄ လက ကွယ်လွန်သွားခဲ့တဲ့ အမေရိကန် တရားရုံးချုပ် တရားသူကြီး Antonin Scalia ရဲ့နေရာကို အစားထိုးဖို့ Neil Gorsuchကို ရွေးချယ် အတည်ပြုလိုက်တာကြောင့် တရားရုံးချုပ်မှာ တရားသူကြီး ၉ဦး စုံလင်သွားပြီဖြစ်ပြီး ဒီနေ့ တနင်္လာနေ့ မှာ Neil Gorsuch ကျမ်းသစ္စာ ကျိမ်ရ မှာဖြစ်ပါတယ်။ တရားသူကြီးသစ် Neil Gorsuch ဟာ ကျမ်းသစ္စာကို ၂ ကြိမ် သီးခြားစီ ကျိန်ဆိုရမှာဖြစ်ပါတယ်။

ပထမတကြိမ်ကတော့ အမေရိကန်တရားရုံးချုပ်မှာ တရားသူကြီးချုပ် John Roberts ရှေ့မှောက် ကျိန်ဆိုရမှာဖြစ်ပါတယ်။ နောက်တကြိမ် တရားသူကြီး Anthony Kennedy ရှေ့မှောက် ကျိန်ဆိုမယ့် အခမ်းအနားကိုတော့ သမ္မတအိမ်ဖြူတော်က နှင်းဆီပန်းခြံမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီကျမ်းကျိန်ပွဲကို သမ္မတ Trump နဲ့ ဒုသမ္မတ Mike Pence တို့ တက်ရောက်ပါမယ်။

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာကို အစားထိုးဖို့ဆိုပြီး Gorsuch ကို သမ္မတ Trump က ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းမှာ အဆိုပြုခဲ့တာပါ။ Gorsuch ကိုရွေးဖို့ Republican တွေဦးဆောင်တဲ့ အထက်လွှတ်တော်မှာ ကန့်ကွက်မှုတွေကြုံခဲ့ရပြီး နောက်ဆုံးမဲခွဲ ရာမှာတော့ ၅၄ မဲ- ၄၅ မဲနဲ့ အတည်ပြုနိုင် ခဲ့ပါတယ်။

အသက် ၄၉ နှစ်ရှိတဲ့ Gorsuch ကိုရွေးချယ်လိုက်တဲ့အတွက် ၉ ဦးထိုင် အမေရိကန် တရားရုံးချုပ်မှာ သူဟာ ၅ ဦးမြောက် ကွန်ဆာဗေးတစ် တရားသူကြီးဖြစ်သွားပြီး တရားရုံးချုပ်ကို ကွန်ဆာဗေးတစ်တွေ လွှမ်းမိုးဆဲ ဖြစ်ပါတယ်။

ကန် တရားရုံးချုပ် တရားသူကြီးသစ် Neil Gorsuch ကျမ်းသစ္စာဆိုမည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG