သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါတောင်တက်သမား ကမ္ဘာ့အမြန်ဆုံး စံချိန်တင်


တောင်တက်သမား Nirmal Purja (မေ၊ ၂၈၊ ၂၀၁၉)
တောင်တက်သမား Nirmal Purja (မေ၊ ၂၈၊ ၂၀၁၉)

(Zawgyi/Unicode)

နီပေါတောင်တက်သမားတဦးဟာ ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ် ၁၄ ခုကို အချိန်အတိုဆုံး တက်ပြနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်သွားပါတယ်။ သူက အဲဒီတောင်ထိပ် ၆ ခုကို ၆ လအတွင်း အရောက် တက်ခဲ့တာပါ။

MISSION ACHIEVED ရည်မှန်းချက်အောင်နိုင်ပြီလို့ တောင်တက်သမား Nirmal Purja က သူ့ရဲ့ လူမှုကွန်ယက် Twitter စာမျက်နှာမှာ ဒီကနေ့ပဲ ရေးထားပါတယ်။ သူနဲ့ သူ့တောင်တက်အဖွဲ့က တိဘက်ဒေသက Shi-sha-pang-ma တောင်ထိပ်ကို ရောက်ပြီလို့ ကြေညာထားတာပါ။

သူက Project Possibel ဖြစ်နိုင်သော စီမံကိန်းလို့ နာမည်ပေးထားတဲ့ မီတာ ၈၀၀၀ ပေနဲ့ ဆိုရင် အမြင့်ပေ ၂၅,၀၀၀ ကျော် မြင့်တဲ့ တောင်တွေအားလုံး တက်နိုင်ရေး လုပ်တာမှာ ဒီတောင်ထိပ်က သူ့ရဲ့ နောက်ဆုံး ပန်းတိုင်ဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ တောင်တက်သမား Purja က ဧပြီလမှာ နီပေါနိုင်ငံက Annapurna နဲ့ Dhaulagiri တောင်တွေကို တက်ခဲ့ပြီးနောက် ဟိမဝန္တာတောင်တန်းတွေထဲက Kangchenjunga, Everest, Lhotse နဲ့ Makalu တောင်တွေကိုတော့ တလအချိန်အတွင်း အပြီးတက်ခဲ့တာပါ။ နောက်တော့ သူက ပါကစ္စတန်နိုင်ငံကို ဇူလိုင်လမှာ သွားပြီး အဲဒီက Nanga Parbat, Gasherbrum I, Gasherbrum II, K2 နဲ့ Broad Peak တောင်ထိပ်တို့ကို တတ်ခဲ့ပါတယ်။

စက်တင်ဘာလမှာ နီပေါလ်နိုင်ငံကို ပြန်ရောက်လာပြီး သီတင်းတပတ် အချိန်အတွင်းမှာ Cho Oyu နဲ့ Manaslu တောင်တွေကို တက်နိုင်ခဲ့တာပါ။

ကမ္ဘာအမြင့်ဆုံးတောင်ထိပ် ၁၄ ခုကို အချိန်အတိုဆုံးအဖြစ် ၇ နှစ် ၁၀ လနဲ့ ၁၄ ရက်အတွင်း အပြီးတက်နိုင်တယ်ဆိုပြီး ကမ္ဘာစံချိန်ချိုးထားတဲ့ ကွယ်လွန်သူ တောင်ကိုရီယား တောင်တက်သမား Kim Chang-ho ရဲ့ ၂၀၁၃ ခုနှစ် စံချိန်ကို အခု မစ္စတာ Purja ချိုးလိုက်တာဖြစ်ပါတယ်။

Purja ဟာ နီပေါလ်နွယ်ဖွားတွေနဲ့ ဖွဲ့ထားတဲ့ အထူးဗြိတိသျှ စစ်တပ် Gurkhas ရဲ့ တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG