သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နီေပါလႊတ္ေတာ္ သမၼတဖ်က္သိမ္း


နီေပါႏုိင္ငံ ခတၱမန္ဒူၿမိဳ႕မွာ ဝန္ႀကီးခ်ဳပ္ Khadga Prasad Sharma Oli ကို ေထာက္ခံ ဆႏၵျပေနသူမ်ား။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

နီေပါဝန္ႀကီးခ်ဳပ္အေနနဲ႔ လႊတ္ေတာ္ထဲ အယံုအၾကည္ရွိမဲ ျပန္ရဖို႔ အလားအလာ နည္းလာခ်ိန္မွာ နီေပါသမၼတက လႊတ္ေတာ္ကို ဖ်က္သိမ္းၿပီး ေရြးေကာက္ပြဲသစ္ က်င္းပဖို႔ ေၾကညာလိုက္ပါတယ္။

ႏုိဝင္ဘာ ၁၂ ရက္နဲ႔ ၁၅ ရက္ေတြမွာ နီေပါေရြးေကာက္ပြဲသစ္ က်င္းပမယ္လို႔ နီေပါသမၼတ Bidya Devi Bhandari ႐ုံးက ဒီေန႔ ေၾကညာခ်က္ ထုတ္လိုက္ပါတယ္။

နီေပါႏိုင္ငံမွာ ႏိုင္ငံေရးအက်ပ္အတည္းေတြ ျဖစ္လာေနခ်ိန္မွာ ေန႔စဥ္ ကိုဗစ္ပိုးေတြ႔သူနဲ႔ ေသဆံုးသူ စံခ်ိန္တင္ ျမင့္တက္လာတာလည္း ႀကံဳေနရပါတယ္။ ေဆး႐ုံေတြမွာ လူနာခုတင္၊ ေဆးဝါးကိရိယာနဲ႔ ေအာက္ဆီဂ်င္ေတြ ႐ုတ္တရက္ ျပတ္သြားပါၿပီ။

နီေပါဝန္ႀကီးခ်ဳပ္ Khadga Prasad Oli အေနနဲ႔ ကိုဗစ္ျပႆနာကို ဦးစားမေပးဘဲ သူ႔ပါတီတြင္း အကြဲအၿပဲေတြကိုသာ အေလးထား လုပ္ေနတယ္လို႔ ေဝဖန္မႈေတြ ျမင့္တက္လာေနတာပါ။ ဒီလဆန္းတုန္းကပဲ သူ႔ပါတီအုပ္စုတခုက မေထာက္ခံတာမို႔ လႊတ္ေတာ္ထဲ အယံုအၾကည္မရွိမဲနဲ႔ ျဖဳတ္ခ်ခံခဲ့ရပါတယ္။

မႏွစ္တုန္းကလည္း ဝန္ႀကီးခ်ဳပ္ Oli ရဲ႕ ကြန္ျမဴနစ္ပါတီအတြင္း အကြဲအၿပဲေတြေၾကာင့္ လႊတ္ေတာ္ကို ကိုယ္တိုင္ဖ်က္သိမ္းေပမယ့္ တရား႐ုံးခ်ဳပ္မွာ အမႈေတြတက္ခဲ့ၿပီး လႊတ္ေတာ္ကို ျပန္အသက္သြင္းဖို႔ တရား႐ုံးခ်ဳပ္က အမိန္႔ျပန္ထုတ္ခဲ့ပါတယ္။

အခုလက္ရွိ သမၼတရဲ႕ လႊတ္ေတာ္ကို ဖ်က္သိမ္းမႈအေပၚမွာလည္း အလားတူ တရား႐ုံးခ်ဳပ္တက္ဖို႔ရွိႏုိင္ၿပီး ဆံုးျဖတ္ခ်က္ရဖို႔ကေတာ့ သီတင္းပတ္တခ်ိဳ႕ ေစာင့္ရႏိုင္ပါတယ္။

နီေပါလႊတ္ေတာ္ သမၼတဖ်က္သိမ္း
please wait

No media source currently available

0:00 0:01:06 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

နီပေါလွှတ်တော် သမ္မတဖျက်သိမ်း

နီပေါဝန်ကြီးချုပ်အနေနဲ့ လွှတ်တော်ထဲ အယုံအကြည်ရှိမဲ ပြန်ရဖို့ အလားအလာ နည်းလာချိန်မှာ နီပေါသမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ကျင်းပဖို့ ကြေညာလိုက်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၅ ရက်တွေမှာ နီပေါရွေးကောက်ပွဲသစ် ကျင်းပမယ်လို့ နီပေါသမ္မတ Bidya Devi Bhandari ရုံးက ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

နီပေါနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်လာနေချိန်မှာ နေ့စဉ် ကိုဗစ်ပိုးတွေ့သူနဲ့ သေဆုံးသူ စံချိန်တင် မြင့်တက်လာတာလည်း ကြုံနေရပါတယ်။ ဆေးရုံတွေမှာ လူနာခုတင်၊ ဆေးဝါးကိရိယာနဲ့ အောက်ဆီဂျင်တွေ ရုတ်တရက် ပြတ်သွားပါပြီ။

နီပေါဝန်ကြီးချုပ် Khadga Prasad Oli အနေနဲ့ ကိုဗစ်ပြဿနာကို ဦးစားမပေးဘဲ သူ့ပါတီတွင်း အကွဲအပြဲတွေကိုသာ အလေးထား လုပ်နေတယ်လို့ ဝေဖန်မှုတွေ မြင့်တက်လာနေတာပါ။ ဒီလဆန်းတုန်းကပဲ သူ့ပါတီအုပ်စုတခုက မထောက်ခံတာမို့ လွှတ်တော်ထဲ အယုံအကြည်မရှိမဲနဲ့ ဖြုတ်ချခံခဲ့ရပါတယ်။

မနှစ်တုန်းကလည်း ဝန်ကြီးချုပ် Oli ရဲ့ ကွန်မြူနစ်ပါတီအတွင်း အကွဲအပြဲတွေကြောင့် လွှတ်တော်ကို ကိုယ်တိုင်ဖျက်သိမ်းပေမယ့် တရားရုံးချုပ်မှာ အမှုတွေတက်ခဲ့ပြီး လွှတ်တော်ကို ပြန်အသက်သွင်းဖို့ တရားရုံးချုပ်က အမိန့်ပြန်ထုတ်ခဲ့ပါတယ်။

အခုလက်ရှိ သမ္မတရဲ့ လွှတ်တော်ကို ဖျက်သိမ်းမှုအပေါ်မှာလည်း အလားတူ တရားရုံးချုပ်တက်ဖို့ရှိနိုင်ပြီး ဆုံးဖြတ်ချက်ရဖို့ကတော့ သီတင်းပတ်တချို့ စောင့်ရနိုင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG