သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အရေး နီပေါအစိုးရ ကိုင်တွယ်ပုံ မကျေနပ်လို့ ဆန္ဒပြသူတွေ အဖမ်းခံရ


နီပေါနိုင်ငံ ခတ္တမန်ဒူမြို့မှာ အစားအစာဝေတာကို မယူမီ ပိုးသတ်ဆေးပက်ဖျန်းခံနေရတဲ့ ကလေးငယ်တဦး။ (မေ ၃၊ ၂၀၂၀)
နီပေါနိုင်ငံ ခတ္တမန်ဒူမြို့မှာ အစားအစာဝေတာကို မယူမီ ပိုးသတ်ဆေးပက်ဖျန်းခံနေရတဲ့ ကလေးငယ်တဦး။ (မေ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

နီပေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့ နိုင်ငံခြားသား ၇ ယောက် အပါအဝင် လူ ၁၀ ယောက်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို မကျေနပ်လို့ ဆန္ဒပြတာတွေ ခတ္တမန်ဒူမြို့တော်မှာ ဆက်ဖြစ်နေပြီး ဒီနေ့မှာတော့ လူတွေ ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

နီပေါမှာ ပြီးခဲ့တဲ့ မတ်လက ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိပြီးကတည်းက လူတွေကို အပြင်မထွက်ဘဲနေကြဖို့ အမိန့်ထုတ်ထားတာပါ။

ဒါပေမယ့်လည်း ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်ဟာ ၅,၀၀၀ ကျော်အထိ တိုးလာပြီး သေဆုံးသူလည်း ၁၆ ယောက်ထက်မနည်း ရှိလာတာကြောင့် အစိုးရဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကာကွယ်ဖို့အတွက် လုပ်စရာရှိတာတွေကို သေချာလုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ခတ္တမန်ဒူမြို့က အဓိကလမ်းမကြီးတွေပေါ်မှာ ဒီနေ့ ၃ ရက်မြောက်အဖြစ်နဲ့ ဆန္ဒပြတဲ့သူ ၁,၀၀၀ လောက်ရှိခဲ့ပြီး နီပေါပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်တာကြောင့် နိုင်ငံခြားသားတွေကို ဖမ်းတာလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၄၉ ယောက် ထပ်တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက ၄၄ ယောက်ကတော့ လူဦးရေထူထပ်တဲ့ မြို့တော် ဆိုးလ်မြို့တဝိုက်က ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (KCDC) က ပြောပါတယ်။ ဒါကြောင့် အခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၂,၀၅၁ ယောက်နဲ့ သေဆုံးသူ ၂၇၇ ယောက်ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။

ဆိုးလ်မြို့ဒေသခံတွေအနေနဲ့ အခုသီတင်းပတ်ကုန်မှာ ဘယ်မှမသွားဘဲ အိမ်မှာပဲနေဖို့နဲ့ လူတွေ အပြင်ထွက်တာတွေ များလာတာကနေ ဗိုင်းရပ်စ်ကူးစက်မှုတွေ တဖန်ပြန်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်လာမှာကို စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ KCDC ညွှန်ကြားရေးမှူးက ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)









XS
SM
MD
LG