သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်း ဝန်ကြီးချုပ် အသစ်ခန့်အပ်


ဧရာဝတီတိုင်းဝန်ကြီးချုပ်သစ် ဦးလှမိုးအောင် (ပင်နီတိုက်ပုံဝတ် ဝဲ ) နဲ့ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ (ယာ) ကို ဝန်ကြီးချုပ် ခန့်အပ်ကြောင် လွှတ်တော်က ကြေညာပြီးနောက် တွေ့ရစဉ်။ ( သတင်းဓာတ်ပုံ- မန်းဂျော်နီ)
ဧရာဝတီတိုင်းဝန်ကြီးချုပ်သစ် ဦးလှမိုးအောင် (ပင်နီတိုက်ပုံဝတ် ဝဲ ) နဲ့ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ (ယာ) ကို ဝန်ကြီးချုပ် ခန့်အပ်ကြောင် လွှတ်တော်က ကြေညာပြီးနောက် တွေ့ရစဉ်။ ( သတင်းဓာတ်ပုံ- မန်းဂျော်နီ)

လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးအတွက် မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှမိုးအောင်ကို ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးတာဝန်ထမ်းဆောင်တော့မယ့် ဝန်ကြီးချုပ်အသစ်က စိုက် ပျိုးရေးကဏ္ဍကို မြှင့်တင်ပြီး ဧရာဝတီတိုင်းရဲ့စီးပွားရေးကို တိုးအောင်လုပ်မယ်လို့ ဆို လိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းဌာနကမေခက ပေးပို့ထားပါတယ်။

ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ မြန်အောင်မြို့နယ်အမတ် ဦးလှမိုးအောင် ကို ကန့်ကွက် သူ မရှိတာမို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ်ဖို့ သဘောတူ ညီလိုက်ပြီ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ်အနေနဲ့ ၃နှစ်ကြာ တာဝန်ယူတော့မယ့် ဝန်ကြီးချုပ်အသစ် ဦးလှမိုးအောင်က စိုက် ပျိုးရေးကဏ္ဍကို မြှင့်တင်ပြီး ဧရာဝတီတိုင်းရဲ့စီးပွားရေးကို တိုးအောင်လုပ်မယ်လို့ ရည်ရွယ်ထားတယ်လို့ ဗွီအိုအေကို ခုလိုပြောပြလာခဲ့ပါတယ်။

“ လက်ရှိကြည့်တဲ့ အခါမှာ ဧရာဝတီတိုင်းရဲ့ စီးပွားရေးတိုးတက်အောင် အရင်လုပ်ချင် တယ်။ စီးပွားရေးတိုးတက်အောင်လုပ်တဲ့အခါမှာ လွယ်လဲလွယ်မယ်ဟာက စိုက်ပျိုးရေး နဲ့ပတ်သတ်ပြီးဖွံဖြိုးတိုးတက်အောင် လုပ်တာဘဲ။ အဲဒါကိုကြပ်ကြပ်မတ်မတ် ဆောင်ရွက် မယ်။ ကျနော်တို့တတ်နိုင်သရွေ့ပံပိုးရမယ်။ ကျနော်တို့ ကြီးကြပ်မှုတွေပိုလုပ်ရမယ်။ ဘာဖြစ်လို့ကျနော်တွေးထားလဲဆိုတော့ အများစုက လယ်သမားတွေဖြစ်တယ်။ လယ် ယာမြေတွေအများကြီးရှိတဲ့ အတွက် အဲဒီကောင်တွေကစပြီးလုပ်မယ်ဆိုစီးပွားရေးတိုး တက်ဖို့လျင်မြန်မှာမို့ လောလောဆယ်အဲဒီကောင်ကို ကျနော်ပိုဦးစားပေးမယ်။ မူဝါဒဘာ ညာကတိုင်းအဆင့်ဖြစ်လို့ ပြည်ထောင်စုကနေချမှာပေါ့နော်။ ချပြီးသားတွေက ကောင်း တယ်။ ကောင်းတာကိုလက်တွေ့ကျကျ တိုက်တိုက်တွန်းတွန်းမလုပ်နိုင်တော့ အဆင်မ ပြေဘူးပေါ့။ မူဝါဒကိုလည်းကြပ်ကြပ်မတ်မတ်လုပ်မယ်။ နည်းပညာကိုလည်းပေးမယ်။ နည်းပညာကိုလည်းတိုးတက်အောင်လုပ်မယ်။ နည်းပညာအားနည်းချက်ကြောင့် အခုလို ဖြစ်နေတာ။ နည်းပညာပိုင်းပိုအားပေးမှာပေါ့။ မူဝါဒပိုင်းကတော့ ကျနော်တို့က အကုန်ချ မရဘူး ပြည်ထောင်စုနဲ့ချိတ်ဆက်လုပ်ရလို့လေ။ အဓိကကတော့လေ နည်းပညာပိုင်း ပိုအဓိကထားမယ်။”

ဦးလှမိုးအောင်ရဲ့ မွေးရပ်ဇာတိဟာ မြန်အောင်မြို့နယ်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာဘွဲ့ ရရှိထားသူဖြစ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ရဲ့ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနဲ့ သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာ ဝ ဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီဝင်တစ်ယောက်အနေနဲ့ တာဝန်ယူခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ်အသစ်နဲ့အတူ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနဲ့ သယံဇာတရေးရာ ကော်မတီမှာ တာဝန်ယူဖူးတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းက ဒေါက်တာ စိုသိမ်းက အသစ်တက်လာမယ့် ဝန်ကြီးချုပ်နဲ့ပတ်သတ်လို့ အခုလို မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

“သူက စိုက်ပျိုးရေးပညာရှင်ပေါ့။ သိရသလောက် ရင်းနှီးရသလောက်ဆိုရင်တော့ ရိုးတာ ပေါ့နော်။ ရိုးသားပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ စွမ်းဆောင်နိုင်ရည်ရှိမရှိကတော့ ဆက်ပြီး ကြည့်ရမယ့် အခြေအနေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ်တာဝန်ကကြီး တော့ ကြီးမားတယ်လေ သို့သော်သူ့အသက်အရွယ်က ၅၃နှစ်ဘဲရှိသေးတယ်။ ကျန်းမာ သန်စွမ်းတယ်။ စိုက်ပျိုးရေးပညာရှင် ဖြစ်တဲ့အတွက် ဧရာဝတီတိုင်းမှာက စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းပြဿနာဘဲရှိတာလေ။ ဆရာတို့သိတဲ့အနေအထားကတော့ ဘာဘဲပြောပြော အခက်အခဲလေးတော့ရှိကောင်းရှိမယ်။ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ယူဆပါတယ်”

လာမယ့်နှစ်တွေမှာ စိုက်ပျိုးရေးကဏ္ဍတမူထူးခြားတိုးတက်အောင် လုပ်ဆောင်ဖို့ စိတ်ကူး ထားတဲ့ ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်က စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့နဲ့ စီးပွားရေးတိုး နိုင်ဖို့ ပြည်သူတွေကို အခုလို ပြောဆိုလိုက်ပါတယ်။

“ဘယ်အစိုးရတက်တက် ဘယ်သူတွေတက်တက် ပြည်သူကမပါရင်မပြီးဘူးဗျ။ အဲတော့ ကျနော်တို့အစိုးရဘဲ အကုန်လုပ်လို့မရဘူး။ လွှတ်တော်ကြီးဘဲ အကုန်လုပ်လို့မရဘူး။ ဌာနဆိုင်ရာဘဲ အကုန်လုပ်လို့မရဘူး။ ပြည်သူက အဲဒီအစိုးရ လွှတ်တော်နဲ့ ဌာနဆိုင်ရာ တို့တွေနဲ့အတူတကွ ပူးပေါင်းဆောင်ရွက်နေမှ အောင်မြင်မှာပါ။ အဲအတွက် ပြည်သူတွေ ကလည်း ကျနော်တို့ လိုအပ်ချက်တွေပြောပါ။. ကျနော်တို့နဲ့လည်းပူးပေါင်းဆောင်ရွက် ပေးပါလို့ ပြောချင်ပါတယ်။”

ဦးလှမိုးအောင်ဟာ လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာတော့ တရားဝင် ကျမ်းသစ္စာကျိန်ဆို ပြီး ဝန်ကြီးချုပ်တာဝန်ကို လွှဲပြောင်းယူမှာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းဆင်းလည်းဖြစ်၊ လွှတ်တော်တွင်း စိုက်ပျိုး မွေးမြူရေး ဆည်မြောင်းနဲ့ သယံဇာတ ကော်မတီဝင်လည်းဖြစ်တဲ့ ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင် အနေနဲ့ ဧရာဝတီတိုင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဘာတွေ ဦးစားပေး လုပ်ဆောင်သွားဖို့ စဉ်းစားထားသလဲဆိုတာကို VOA မြန်မာပိုင်းက ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။ အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG