သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေရးျပႆနာ ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ မြန္ျပည္သစ္ လုိလား


မြန္ျပည္သစ္ပါတီတပ္ဖြဲ႕၀င္မ်ား။ (သတင္းဓါတ္ပုံ - Dra Gon)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ဘုရားသုံးဆူၿမိဳ႕မွာ NCA အပစ္ရပ္ မြန္တပ္နဲ႔ ျမန္မာစစ္တပ္တို႔ မေန႔က တိုက္ပြဲျဖစ္စဥ္မွာ NCA စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ႏွစ္ဖက္ အျပန္အလွန္ စြပ္စဲြေနၾကပါတယ္။ စစ္ေရးျပႆနာကို မႀကီးထြားလာခင္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းလိုတယ္လို႔ မြန္ျပည္သစ္ပါတီဘက္က ေျပာပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္က ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ဘုရားသုံးဆူၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ မြန္ျပည္သစ္ပါတီတို႔အၾကား ျဖစ္ပြားခဲ့တဲ့ စစ္ေရးပဋိပကၡေတြ မႀကီးထြားမီ ေျဖရွင္းဖို႔လိုတယ္လို႔ မြန္ျပည္သစ္ပါတီ ဒုတိယဥကၠ႒ ႏုိင္ဟံသာက ေျပာပါတယ္။

“ဒါက မေမၽွာ္လင့္ဘဲနဲ႔ေပါ့ဗ်ာေနာ္။ ေအာက္ေျခမွာ အဆင္ေျပေအာင္ ညိႇႏႈိင္းမႈ မရွိခဲ့လို႔ေပါ့ေလ။ ဒီလိုျဖစ္သြားတဲ့အေပၚမွာ က်ေနာ္တုိ႔လည္း စိတ္မေကာင္းဘူးဗ်။ ဒီလိုျဖစ္ပြားတဲ့အေပၚမွာ ေျပလည္မႈ ျပန္ရဖို႔နဲ႔ ေက်ေအးသြားဖို႔ေပါ့ေလ။ က်ေနာ္တို႔ နည္းလမ္းရွာဖို႔လိုတယ္။ မဟုတ္ရင္ က်ယ္ျပန႔္သြားရင္ ေနာက္ပိုင္းအထိ ရွင္းဖို႔ခက္သြားလိမ့္မယ္။ က်ေနာ္တုိ႔ရဲ႕ ၿငိမ္းခ်မ္းေရးခရီးစဥ္မွာ ကေန႔ကေတာ့ ၿငိမ္းခ်မ္းေရးကို ဦးစားေပးဖို႔လိုတယ္လို႔ က်ေနာ္တုိ႔ ျမင္တယ္ဗ်။”

ဒီစစ္ေရးျပႆနာကို ေျဖရွင္းဖို႔အတြက္ မြန္ျပည္သစ္ေခါင္းေဆာင္ေတြ အၾကားမွာ ဒီရက္ပိုင္းအတြင္း ေတြ႔ဆုံညႇိႏႈိင္းၿပီး လုပ္ေဆာင္သြားမယ္လို႔ ႏုိင္ဟံသာက ဆိုပါတယ္။

မေန႔က ႏုိဝင္ဘာ ၂၇ ရက္ေန႔မွာ ထိုင္း-ျမန္မာနယ္စပ္ နယ္နိမိတ္ကိစၥကို အေၾကာင္းျပဳၿပီး မြန္ျပည္သစ္ပါတီ တပ္တည္တဲ့ ဂ်ပန္ေရတြင္းကို ျမန္မာစစ္တပ္က ဝင္ေရာက္လာတဲ့အတြက္ ႏွစ္ဖက္ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာပါ။

မေန႔က စစ္ေရးပဋိပကၡျဖစ္စဥ္နဲ႔ ပတ္သက္လို႔ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ေမာင္ေမာင္လတ္က အခုလိုေျပာပါတယ္။

“မေန႔က က်ေနာ္တုိ႔ နယ္ျခားျပႆနာျဖစ္တဲ့ ေနရာေတြကို သြားၾကည့္တဲ့အခ်ိန္မွာ နယ္ျခားေကာ္မတီ အဖြဲ႔ေတြေပါ့။ အဖြဲ႔ေတြမွာ မြန္ျပည္သစ္ပါတီက ဆက္ဆံေရး ႏုိင္ပေကာင္းေထာလည္း အတူတူပါရဲ႕သားနဲ႔ကို သူတို႔ဘာလို႔ပစ္လဲဆိုတာေတာ့၊ ပစ္တယ္၊ ပစ္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တုိ႔က နယ္ေျမရွင္းတယ္။ NCA ခ်ိဳးေဖာက္တာေပါ့။ ပစ္သြားတာ ဂ်ပန္ေရတြင္းကိုး။ ဂ်ပန္ေရတြင္းမွာ က်ေန္ာတုိ႔ နယ္ေျမရွင္းေနတာေတာ့ ရွိတယ္။”

ျမန္မာစစ္တပ္နဲ႔ မြန္ျပည္သစ္ပါတီတို႔အၾကား ျဖစ္ပြားတဲ့ စစ္ေရးျပႆနာကို ေတြ႔ဆုံေျဖရွင္းဖို႔ အေျခအေနကို မသိရွိေသးဘူးလို႔ သူကဆိုပါတယ္။

မြန္ျပည္သစ္ပါတီ စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္လယီေကာင္းကေတာ့ ခြင့္ျပဳခ်က္မရေသးဘဲ မြန္ျပည္သစ္တပ္တည္စခန္းကို အတင္းဝင္ေရာက္လာတဲ့အတြက္ ပစ္ခတ္မႈ ျဖစ္ပြားတာျဖစ္ေၾကာင္း မြန္ဘာသာနဲ႔ အခုလိုေျပာပါတယ္။

“တကယ္တမ္းေျပာရရင္ NCA စာခ်ဳပ္အတိုင္းဆိုရင္ သူတို႔မွားတယ္။ ဒါ က်ေနာ္တုိ႔ တပ္တည္ေနရာျဖစ္တယ္။ ၂၀၁၂ ခုႏွစ္ အပစ္ရပ္တုန္းကလည္း က်ေနာ္တုိ႔တပ္တည္ပဲ။ NCA စာခ်ဳပ္လည္း ထိုးထားတာပဲ။ က်ေနာ္တုိ႔ရဲ႕ တပ္တည္ေနရာ က်ေနာ္တုိ႔ အခြင့္ေပးမွ ခြင့္ရမွလာပါ။ အခုဟာက အခြင့္မရဘဲ တပ္အင္အားျပၿပီးေတာ့ အတင္းဝင္လာတယ္။ အတင္းဝင္လာေတာ့ ေသနတ္သံ ျမည္သြားတာေပါ့။ က်ေနာ္တုိ႔တပ္ဖြဲ႔ေတြကို တားဆီးဖို႔ မမီေတာ့ဘူး။ ဗဟိုနဲ႔ အဆက္သြယ္ရဖို႔ တားလို႔မမီေတာ့ဘူး။ က်ေနာ္တို႔ဘက္က လြန္တာမဟုတ္ဘူး။ သူတို႔ပဲ အခ်ိန္မေစာင့္ဘူး။ ဘာလို႔ အရင္လိုေနတာလဲ။ ညႇိႏႈိင္းၿပီး လာလို႔ရတာပဲ။ မေပးလာလို႔မွ မဟုတ္တာ။”

မေန႔က မနက္ပိုင္းမွာ မိနစ္ပိုင္းေလာက္ ပစ္ခတ္မႈျဖစ္ပြားအၿပီး ေန႔လယ္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ ကရင္နယ္ျခားေစာင့္တပ္ BGF ပူးေပါင္းအင္အား အလုံးအရင္းနဲ႔ ဂ်ပန္ေရတြင္း မြန္တပ္စခန္းကို တိုက္ခိုက္ခဲ့တာမွာ မြန္းလြဲပိုင္းမွာ မြန္ျပည္သစ္ပါတီ ဘုရားသုံးဆူၿမိဳ႕နယ္႐ုံးနဲ႔ တပ္ခြဲ႐ုံးကို သိမ္းပိုက္ခဲ့ၿပီး အခုတိုင္ တပ္စြဲထားပါတယ္။

ဒီပစ္ခတ္မႈမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္က်ဆုံးမႈေတြ ရွိခဲ့သလို စကားျပန္အျဖစ္ ေဆာင္ရြက္တဲ့ အရပ္သားတဦးလည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျမန္မာစစ္တပ္ဘက္က စတင္ပစ္ခတ္တဲ့ မြန္ျပည္သစ္တပ္ဖြဲ႔ဝင္ေတြကို ဥပေဒအေၾကာင္းရာအရ အမႈဖြင့္ထားတယ္လို႔ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ေမာင္ေမာင္လတ္က ေျပာပါတယ္။

“ဥပေဒေၾကာင္းအရပဲ က်ေနာ္တို႔ ဆက္လုပ္မွာေပါ့။ အခုရဲစခန္းမွာ အမႈဖြင့္ထားတယ္။ ဥပေဒေတာ့ ပစ္တဲ့လူကိုေပါ့။ ပစ္တဲ့လူကို တရားစြဲမွာေပါ့။ ဥပေဒနဲ႔ပဲသြားမယ္။”

လက္ရွိ ဘုရားသုံးဆူၿမိဳ႕နယ္ အဝင္အထြက္မွာ ျမန္မာစစ္တပ္နဲ႔ BGF ကရင္နယ္ျခားေစာင့္တပ္တို႔ လုံၿခဳံေရးတင္းက်ပ္ထားသလို ထိုင္းႏုိင္ငံဘက္ျခမ္းမွာေတာ့ ထိုင္းစစ္တပ္ကေန လုံၿခံဳေရး တင္းက်ပ္ထားပါတယ္။

မြန္ျပည္သစ္ပါတီတပ္ဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္စဥ္အတြင္း တပ္ရင္း ၃ ဂ်ပန္ေရတြင္းနဲ႔ ႀကံေတာေက်းရြာက ေက်းရြာသား ၃၀၀ ေက်ာ္ဟာ ထိုင္းဘက္ျခမ္းမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြမွာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ဒီစစ္ေဘးေရွာင္ေတြကို ထိုင္းအာဏာပိုင္ေတြ စံခလပူရီ ေဒသခံေတြ သံဃာေတာ္ေတြကေန ကူညီေစာင့္ေရွာက္မႈ ေပးထားပါတယ္။

မြန္ျပည္သစ္ပါတီဟာ ၂၀၁၈ ခုႏွစ္မွာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးထားၿပီးေနာက္ပိုင္း ျမန္မာစစ္တပ္နဲ႔ ပထမဆုံးတိုက္ပြဲ ျဖစ္ပြားတာလည္း ျဖစ္ပါတယ္။

-------------------------------------

(Unicode)

စစ်ရေးပြဿနာငြိမ်းချမ်းစွာဖြေရှင်းဖို့ မွန်ပြည်သစ် လိုလား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ NCA အပစ်ရပ် မွန်တပ်နဲ့ မြန်မာစစ်တပ်တို့ မနေ့က တိုက်ပွဲဖြစ်စဉ်မှာ NCA စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။ စစ်ရေးပြဿနာကို မကြီးထွားလာခင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုတယ်လို့ မွန်ပြည်သစ်ပါတီဘက်က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ဘုရားသုံးဆူမြို့နယ်အတွင်း တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီတို့အကြား ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ မကြီးထွားမီ ဖြေရှင်းဖို့လိုတယ်လို့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

“ဒါက မမျှော်လင့်ဘဲနဲ့ပေါ့ဗျာနော်။ အောက်ခြေမှာ အဆင်ပြေအောင် ညှိနှိုင်းမှု မရှိခဲ့လို့ပေါ့လေ။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ကျနော်တို့လည်း စိတ်မကောင်းဘူးဗျ။ ဒီလိုဖြစ်ပွားတဲ့အပေါ်မှာ ပြေလည်မှု ပြန်ရဖို့နဲ့ ကျေအေးသွားဖို့ပေါ့လေ။ ကျနော်တို့ နည်းလမ်းရှာဖို့လိုတယ်။ မဟုတ်ရင် ကျယ်ပြန့်သွားရင် နောက်ပိုင်းအထိ ရှင်းဖို့ခက်သွားလိမ့်မယ်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးခရီးစဉ်မှာကနေ့ကတော့ ငြိမ်းချမ်းရေးကို ဦးစားပေးဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်ဗျ။”

ဒီစစ်ရေးပြဿနာကို ဖြေရှင်းဖို့အတွက် မွန်ပြည်သစ်ခေါင်းဆောင်တွေ အကြားမှာ ဒီရက်ပိုင်းအတွင်း တွေ့ဆုံညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်လို့ နိုင်ဟံသာက ဆိုပါတယ်။

မနေ့က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကိစ္စကို အကြောင်းပြုပြီး မွန်ပြည်သစ်ပါတီ တပ်တည်တဲ့ ဂျပန်ရေတွင်းကို မြန်မာစစ်တပ်က ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

မနေ့က စစ်ရေးပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်လို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လတ်က အခုလိုပြောပါတယ်။

“မနေ့က ကျနော်တို့ နယ်ခြားပြဿနာဖြစ်တဲ့ နေရာတွေကို သွားကြည့်တဲ့အချိန်မှာ နယ်ခြားကော်မတီ အဖွဲ့တွေပေါ့။ အဖွဲ့တွေမှာ မွန်ပြည်သစ်ပါတီက ဆက်ဆံရေး နိုင်ပကောင်းထောလည်း အတူတူပါရဲ့သားနဲ့ကို သူတို့ဘာလို့ပစ်လဲဆိုတာတော့၊ ပစ်တယ်၊ ပစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က နယ်မြေရှင်းတယ်။ NCA ချိုးဖောက်တာပေါ့။ ပစ်သွားတာ ဂျပန်ရေတွင်းကိုး။ ဂျပန်ရေတွင်းမှာ ကျနေ်ာတို့ နယ်မြေရှင်းနေတာတော့ ရှိတယ်။”

မြန်မာစစ်တပ်နဲ့ မွန်ပြည်သစ်ပါတီတို့အကြား ဖြစ်ပွားတဲ့ စစ်ရေးပြဿနာကို တွေ့ဆုံဖြေရှင်းဖို့ အခြေအနေကို မသိရှိသေးဘူးလို့ သူကဆိုပါတယ်။

မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းကတော့ ခွင့်ပြုချက်မရသေးဘဲ မွန်ပြည်သစ်တပ်တည်စခန်းကို အတင်းဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှု ဖြစ်ပွားတာဖြစ်ကြောင်း မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။

“တကယ်တမ်းပြောရရင် NCA စာချုပ်အတိုင်းဆိုရင် သူတို့မှားတယ်။ ဒါ ကျနော်တို့ တပ်တည်နေရာဖြစ်တယ်။ ၂၀၁၂ ခုနှစ် အပစ်ရပ်တုန်းကလည်း ကျနော်တို့တပ်တည်ပဲ။ NCA စာချုပ်လည်း ထိုးထားတာပဲ။ ကျနော်တို့ရဲ့ တပ်တည်နေရာ ကျနော်တို့ အခွင့်ပေးမှ ခွင့်ရမှလာပါ။ အခုဟာက အခွင့်မရဘဲ တပ်အင်အားပြပြီးတော့ အတင်းဝင်လာတယ်။ အတင်းဝင်လာတော့ သေနတ်သံ မြည်သွားတာပေါ့။ ကျနော်တို့တပ်ဖွဲ့တွေကို တားဆီးဖို့ မမီတော့ဘူး။ ဗဟိုနဲ့ အဆက်သွယ်ရဖို့ တားလို့မမီတော့ဘူး။ ကျနော်တို့ဘက်က လွန်တာမဟုတ်ဘူး။ သူတို့ပဲ အချိန်မစောင့်ဘူး။ ဘာလို့ အရင်လိုနေတာလဲ။ ညှိနှိုင်းပြီး လာလို့ရတာပဲ။ မပေးလာလို့မှ မဟုတ်တာ။”

မနေ့က မနက်ပိုင်းမှာ မိနစ်ပိုင်းလောက် ပစ်ခတ်မှုဖြစ်ပွားအပြီး နေ့လယ်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းအင်အား အလုံးအရင်းနဲ့ ဂျပန်ရေတွင်း မွန်တပ်စခန်းကို တိုက်ခိုက်ခဲ့တာမှာ မွန်းလွဲပိုင်းမှာ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်ရုံးနဲ့ တပ်ခွဲရုံးကို သိမ်းပိုက်ခဲ့ပြီး အခုတိုင် တပ်စွဲထားပါတယ်။

ဒီပစ်ခတ်မှုမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို စကားပြန်အဖြစ် ဆောင်ရွက်တဲ့ အရပ်သားတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်တပ်ဘက်က စတင်ပစ်ခတ်တဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေကို ဥပဒေအကြောင်းရာအရ အမှုဖွင့်ထားတယ်လို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောပါတယ်။

“ဥပဒေကြောင်းအရပဲ ကျနော်တို့ ဆက်လုပ်မှာပေါ့။ အခုရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဥပဒေတော့ ပစ်တဲ့လူကိုပေါ့။ ပစ်တဲ့လူကို တရားစွဲမှာပေါ့။ ဥပဒေနဲ့ပဲသွားမယ်။”

လက်ရှိ ဘုရားသုံးဆူမြို့နယ် အဝင်အထွက်မှာ မြန်မာစစ်တပ်နဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့ လုံခြုံရေးတင်းကျပ်ထားသလို ထိုင်းနိုင်ငံဘက်ခြမ်းမှာတော့ ထိုင်းစစ်တပ်ကနေ လုံခြုံရေး တင်းကျပ်ထားပါတယ်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း တပ်ရင်း ၃ ဂျပန်ရေတွင်းနဲ့ ကြံတောကျေးရွာက ကျေးရွာသား ၃၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒီစစ်ဘေးရှောင်တွေကို ထိုင်းအာဏာပိုင်တွေ စံခလပူရီ ဒေသခံတွေ သံဃာတော်တွေကနေ ကူညီစောင့်ရှောက်မှု ပေးထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၂၀၁၈ ခုနှစ်မှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ ပထမဆုံးတိုက်ပွဲ ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG