သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NCA လက္မွတ္ထိုး မြန္အဖြဲ႕နဲ႔ ျမန္မာစစ္တပ္တိုက္ပြဲျဖစ္


မြန္ျပည္သစ္ပါတီ အဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

NCAအပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ မြန္ျပည္သစ္ပါတီနဲ႔ ျမန္မာစစ္တပ္တို႔အၾကား ဒီကေန႔မွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ထိုင္း- ျမန္မာနယ္စပ္ ကိုစစ္ေဆးဖို႔ ျမန္မာစစ္ေၾကာင္းဟာ မြန္ျပည္သစ္ အေျချပဳရာေဒသဘက္ကို ဝင္ေရာက္ဖို႔ႀကိဳးစားရာမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ မြန္ျပည္သစ္တပ္မႉး တဦးက ေျပာပါတယ္။ ဒီတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ေဒသခံ (၃၂၀) ေက်ာ္ အိမ္နီး ခ်င္းထိုင္းနိုင္ငံထဲကို ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းပို႔ထားပါတယ္။

ကရင္ျပည္နယ္ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဘုရားသုံးဆူေဒသ မြန္ျပည္သစ္ပါတီ အေျချပဳရာ ဂ်ပန္ေရတြင္းအနီး ဒီကေန႔ မနက္က မြန္ျပည္သစ္ပါတီတပ္ဖြဲ႕နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြား ခဲ့တာပါ။

ထိုင္းျမန္မာနယ္စပ္ နယ္နမိတ္ကိုစစ္ေဆးဖို႔လာတဲ့ ျမန္မာစစ္ေၾကာင္းဟာ မြန္ျပည္သစ္ အေျခစိုက္ဂိတ္ကို ခြင့္ျပဳခ်က္ မရဘဲ ဝင္ေရာက္လာလို႔တိုက္ပြဲျဖစ္ခဲ့ေၾကာင္း မြန္ျပည္သစ္ပါတီ နယ္ေျမခံတပ္မႉးတဦးက မြန္ဘာသာနဲ႔ေျပာပါတယ္။

“ျဖစ္ပုံက သူတို႔ဘက္ကကၽြန္ေတာ္တို႔ကိုအေၾကာင္းၾကားလာတာက နယ္စပ္ကိုစစ္ေဆးမယ္တဲ့။ ဒါေပမဲ့သူတို႔လာတဲ့ ပုံစံက စစ္ေၾကာင္းနဲ႔လာတယ္။ ကၽြန္ေတာ္တို႔ဘက္က မေပးလာဘူး စစ္ေၾကာင္းပုံစံနဲ႔ဆိုေတာ့။ တကယ္လို႔လာရင္ ျပႆနာျဖစ္မယ္လို႔ေျပာတယ္။ ျမန္မာတပ္ဘက္က သူတို႔လာကိုလာရမယ္လို႔ေျပာၿပီး ဟသၤာတိုင္ဘက္ကိုတက္လာေတာ့ ေသနတ္သံျမည္ သြားတာေပါ့။ သူတို႔ဖက္ကတက္လာ ကၽြန္ေတာ္တို႔ဖက္က ပစ္ရင္းဆုတ္ရင္း အဲဒီလိုပုံစံေပါ့။ သူတို႔ ဘက္က တပ္အင္အားျဖည့္ေနတယ္။ သူတို႔ဘက္က ထိခိုက္မႈရွိတယ္လို႔ သိရတယ္။”

ဒီပစ္ခတ္တိုက္ခိုက္မႈမွာျမန္မာစစ္တပ္ဖက္က အရာရွိႀကီးတဦးနဲ႔ အရပ္သားတဦးဒဏ္ရာရရွိၿပီး တပ္သားတဦး က်ဆုံး သြားတယ္လို႔ မ်က္ျမင္ေဒသခံေတြကေျပာပါတယ္။ တိုက္ပြဲျဖစ္ၿပီး ေနာက္ပိုင္း ျမန္မာတပ္မေတာ္နဲ႔ ကရင္နယ္ျခားေစာင့္တပ္ PGF တပ္ဖြဲ႕ ပူးေပါင္းအင္အား နဲ႔ ထိုးစစ္ဆင္လာ ခဲ့ပါတယ္။

လက္ရွိမြန္ျပည္သစ္ပါတီရဲ႕ ဂ်ပန္ေရတြင္းတပ္စခန္းကို ျမန္မာစစ္တပ္ဘက္က သိမ္းပိုက္ရရွိ ထားတယ္ လို႔ ေဒသခံတဦး ကေျပာပါတယ္။

“လက္ရွိအေနအထားေတာ့ တပ္ကေတာ့ဂ်ပန္ေရတြင္းမွာ စခန္းခ်ထားလိုက္ၿပီး။ တပ္သိမ္း လိုက္ၿပီေပါ့။ ဂ်ပန္ေရတြင္းကို နယ္ေျမရွင္းလင္းေရးလုပ္ေတာ့ ေလာေလာဆယ္ ထိန္းသိမ္းထားတဲ့ အေနအထားမွာရွိတယ္။”

လက္ရွိဘုရားသုံးဆူၿမိဳ႕နယ္ ဝင္ေပါက္ေတြကိုတပ္မေတာ္ကေန ပိတ္ဆို႔ထားၿပီး သြားလာမႈ မရွိသေလာက္ အေျခအေန မွာ ရွိေနတာပါ။

အနီးနားရြာေတြျဖစ္တဲ့ တပ္ရင္း(၃) ဂ်ပန္ေရတြင္းနဲ႔ႀကံေတာစတဲ့ ရာနဲ႔ခ်ီတဲ့ေက်းရြာသားေတြဟာ ထိုင္းနိင္ငံဖက္ျခမ္းမွာ တိမ္းေရွာင္ေနၾကရတယ္လို႔ အဆိုပါေဒသခံက ဆက္ေျပာပါတယ္။

“စစ္ေရွာင္အေျခအေနကေတာ့ ဘုန္းႀကီးေက်ာင္းမွာေတာ့ မိသားစုေတြ သြားၿပီးေတာ့ စစ္ေရွာင္ၾကတယ္။ ေနာက္ကၽြန္ေတာ္ တို႔ ထိုင္းဖက္ကိုေတာ့ ေရႊ႕ၾကတယ္လို႔ေျပာတယ္။ ထိုင္းဘက္ကမ္း နီးတယ္ဆိုေတာ့ အဲဒီေက်ာင္းမွာသူတို႔ သက္ႀကီးေတြရယ္ ၊ ကေလးငယ္ေတြရယ္၊ အမ်ိဳးသမီးေတြရယ္ေတာ့ အဲဒီမွာသြားၿပီးေတာ့ စစ္ေဘးေရွာင္ေနတာေတြ႕တယ္။”

စစ္ေရွာင္(၃၀၀)ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြကေန ထိုင္းဖက္ျခမ္း မီးေသြးဖိုေက်ာင္း နမ္းကုတ္ေက်ာင္းနဲ႔ စစ္ေရွာင္ စခန္းေတြမွာ ေနရာခ်ထားေပးထားပါတယ္။ တိုက္ပြဲနဲ႔ ပတ္သက္ၿပီး အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရနဲ႔ မြန္ျပည္သစ္ပါတီ ေျပာေရးဆိုခြင့္ ကိုဆက္သြယ္ရာမွာ အဆက္သြယ္မရရွိခဲ့ပါဘူး။

မြန္ျပည္နယ္လုံျခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး႐ုံးကိုဆက္သြယ္ရာမွာေတာ့ ဒီကေန႔ တိုက္ပြဲျဖစ္စဥ္ အေျခအေနကို မသိရွိေသးဘူးလို႔ စစ္ဘက္အရာရွိတဦးကေျပာပါတယ္။

“ဘုရားသုံးဆူဘက္က စစ္ေရးလား။ အဲတာကၽြန္ေတာ္တို႔ဘက္ကလဲ အတိအက်မရေသးဘူး။ ၾကားတာဘဲရွိတယ္။ ေနာက္အဲတာျဖစ္တာကလဲ ၾကားတာေလာက္ဘဲရွိတယ္။ ကၽြန္ေတာ္တို႔လဲ မသိဘူး။”

မြန္ျပည္သစ္ပါတီဟာ(၂၀၁၈)ခုႏွစ္ေဖေဖၚဝါရီလမွာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ျဖစ္ သလို ျမန္မာစစ္တပ္နဲ႔ စစ္ေရး ပဋိပကၡျဖစ္ပြားတာ မရွိခဲ့တဲ့အေျခကေန အခုလိုတိုက္ပြဲျဖစ္ပြားလာတာပါ။

NCA လက္မွတ္ထိုး မြန္ျပည္သစ္ပါတီနဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္လာတဲ့ အေပၚ ျမန္မာ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ က အႀကံေပးပုဂၢိဳလ္ ဦးလွေမာင္ေရႊက အခုလိုေျပာပါတယ္။

“NCAထိုးမွ မထိုးမွ မဟုတ္ပါဘူး။ NCAထိုးတဲ့အဖြဲ႕ေရာ မထိုးတဲ့အဖြဲ႕ေရာ ပဋိပကၡမရွိတာ အေကာင္းဆုံးေပါ့။ NCAထိုးထား တဲ့ အဖြဲ႕ထဲမွာ ပဋိပကၡျဖစ္ရင္ေတာ့ ဒါအတတ္နိုင္ဆုံး အျမန္ဆုံး ဘယ္သူ႔မွာ ဘာေၾကာင့္ျဖစ္တယ္ ဆိုတာေတာ့ သိရ ေအာင္ အလၽွင္စလိုေတာ့လိုမယ္ထင္တယ္။ ဒါ JMCတို႔ ၊ ဘာတို႔လဲရွိေနတဲ့အတြက္ ဒီကိစၥ သက္ဆိုင္ရာတာဝန္ရွိ သူေတြလဲ လုပ္နိုင္တယ္လို႔ထင္တယ္ေလ။ ”

ၿပီးခဲ့တဲ့(၂၀၁၇)ခုႏွစ္ ေဖေဖၚဝါရီလမွာ မြန္ျပည္သစ္ပါတီကေန က်င္းပခဲ့တဲ့ မြန္အမ်ိဳးသားေန႔ အခမ္းအနားမွာ စစ္ေရး ျပတပ္ဖြဲ႕နဲ႔ မက်င္းပဖို႔တပ္မေတာ္က တားဆီးခဲ့ေပမဲ့ မြန္ျပည္သစ္ဘက္ ကလက္မခံဘဲ က်င္းပခဲ့တာေၾကာင့္ ၾကာအင္း ဆိပ္ႀကီးၿမိဳ႕နယ္ ဘုရားေတာင္ဂိတ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ဇီးႏွစ္ပင္ဂိတ္စတဲ့ မြန္အေကာက္ ခြန္ဂိတ္စခန္း ေတြကို တပ္မ ေတာ္ဘက္က သိမ္းဆီးခဲ့တဲ့ ျဖစ္စဥ္ေတြလဲ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........................

NCA လက်မှတ်ထိုး မွန်အဖွဲ့နဲ့ မြန်မာစစ်တပ်တိုက်ပွဲဖြစ်

(Unicode)

NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား ဒီကနေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကိုစစ်ဆေးဖို့ မြန်မာစစ်ကြောင်းဟာ မွန်ပြည်သစ် အခြေပြုရာဒေသဘက်ကို ဝင်ရောက်ဖို့ကြိုးစားရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်သစ်တပ်မှူး တဦးက ပြောပါတယ်။ ဒီတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၃၂၀) ကျော် အိမ်နီး ချင်းထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပို့ထားပါတယ်။

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီ အခြေပြုရာ ဂျပန်ရေတွင်းအနီး ဒီကနေ့ မနက်က မွန်ပြည်သစ်ပါတီတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့တာပါ။

ထိုင်းမြန်မာနယ်စပ် နယ်နမိတ်ကိုစစ်ဆေးဖို့လာတဲ့ မြန်မာစစ်ကြောင်းဟာ မွန်ပြည်သစ် အခြေစိုက်ဂိတ်ကို ခွင့်ပြုချက် မရဘဲ ဝင်ရောက်လာလို့တိုက်ပွဲဖြစ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ နယ်မြေခံတပ်မှူးတဦးက မွန်ဘာသာနဲ့ပြောပါတယ်။

“ဖြစ်ပုံက သူတို့ဘက်ကကျွန်တော်တို့ကိုအကြောင်းကြားလာတာက နယ်စပ်ကိုစစ်ဆေးမယ်တဲ့။ ဒါပေမဲ့သူတို့လာတဲ့ ပုံစံက စစ်ကြောင်းနဲ့လာတယ်။ ကျွန်တော်တို့ဘက်က မပေးလာဘူး စစ်ကြောင်းပုံစံနဲ့ဆိုတော့။ တကယ်လို့လာရင် ပြဿနာဖြစ်မယ်လို့ပြောတယ်။ မြန်မာတပ်ဘက်က သူတို့လာကိုလာရမယ်လို့ပြောပြီး ဟင်္သာတိုင်ဘက်ကိုတက်လာတော့ သေနတ်သံမြည် သွားတာပေါ့။ သူတို့ဖက်ကတက်လာ ကျွန်တော်တို့ဖက်က ပစ်ရင်းဆုတ်ရင်း အဲဒီလိုပုံစံပေါ့။ သူတို့ ဘက်က တပ်အင်အားဖြည့်နေတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတယ်လို့ သိရတယ်။”

ဒီပစ်ခတ်တိုက်ခိုက်မှုမှာမြန်မာစစ်တပ်ဖက်က အရာရှိကြီးတဦးနဲ့ အရပ်သားတဦးဒဏ်ရာရရှိပြီး တပ်သားတဦး ကျဆုံး သွားတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း မြန်မာတပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ် PGF တပ်ဖွဲ့ ပူးပေါင်းအင်အား နဲ့ ထိုးစစ်ဆင်လာ ခဲ့ပါတယ်။

လက်ရှိမွန်ပြည်သစ်ပါတီရဲ့ ဂျပန်ရေတွင်းတပ်စခန်းကို မြန်မာစစ်တပ်ဘက်က သိမ်းပိုက်ရရှိ ထားတယ် လို့ ဒေသခံတဦး ကပြောပါတယ်။

“လက်ရှိအနေအထားတော့ တပ်ကတော့ဂျပန်ရေတွင်းမှာ စခန်းချထားလိုက်ပြီး။ တပ်သိမ်း လိုက်ပြီပေါ့။ ဂျပန်ရေတွင်းကို နယ်မြေရှင်းလင်းရေးလုပ်တော့ လောလောဆယ် ထိန်းသိမ်းထားတဲ့ အနေအထားမှာရှိတယ်။”

လက်ရှိဘုရားသုံးဆူမြို့နယ် ဝင်ပေါက်တွေကိုတပ်မတော်ကနေ ပိတ်ဆို့ထားပြီး သွားလာမှု မရှိသလောက် အခြေအနေ မှာ ရှိနေတာပါ။

အနီးနားရွာတွေဖြစ်တဲ့ တပ်ရင်း(၃) ဂျပန်ရေတွင်းနဲ့ကြံတောစတဲ့ ရာနဲ့ချီတဲ့ကျေးရွာသားတွေဟာ ထိုင်းနိင်ငံဖက်ခြမ်းမှာ တိမ်းရှောင်နေကြရတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

“စစ်ရှောင်အခြေအနေကတော့ ဘုန်းကြီးကျောင်းမှာတော့ မိသားစုတွေ သွားပြီးတော့ စစ်ရှောင်ကြတယ်။ နောက်ကျွန်တော် တို့ ထိုင်းဖက်ကိုတော့ ရွှေ့ကြတယ်လို့ပြောတယ်။ ထိုင်းဘက်ကမ်း နီးတယ်ဆိုတော့ အဲဒီကျောင်းမှာသူတို့ သက်ကြီးတွေရယ် ၊ ကလေးငယ်တွေရယ်၊ အမျိုးသမီးတွေရယ်တော့ အဲဒီမှာသွားပြီးတော့ စစ်ဘေးရှောင်နေတာတွေ့တယ်။”

စစ်ရှောင်(၃၀၀)ကျော်ကို ထိုင်းအာဏာပိုင်တွေကနေ ထိုင်းဖက်ခြမ်း မီးသွေးဖိုကျောင်း နမ်းကုတ်ကျောင်းနဲ့ စစ်ရှောင် စခန်းတွေမှာ နေရာချထားပေးထားပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရနဲ့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့် ကိုဆက်သွယ်ရာမှာ အဆက်သွယ်မရရှိခဲ့ပါဘူး။

မွန်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရုံးကိုဆက်သွယ်ရာမှာတော့ ဒီကနေ့ တိုက်ပွဲဖြစ်စဉ် အခြေအနေကို မသိရှိသေးဘူးလို့ စစ်ဘက်အရာရှိတဦးကပြောပါတယ်။

“ဘုရားသုံးဆူဘက်က စစ်ရေးလား။ အဲတာကျွန်တော်တို့ဘက်ကလဲ အတိအကျမရသေးဘူး။ ကြားတာဘဲရှိတယ်။ နောက်အဲတာဖြစ်တာကလဲ ကြားတာလောက်ဘဲရှိတယ်။ ကျွန်တော်တို့လဲ မသိဘူး။”

မွန်ပြည်သစ်ပါတီဟာ(၂၀၁၈)ခုနှစ်ဖေဖေါ်ဝါရီလမှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ် သလို မြန်မာစစ်တပ်နဲ့ စစ်ရေး ပဋိပက္ခဖြစ်ပွားတာ မရှိခဲ့တဲ့အခြေကနေ အခုလိုတိုက်ပွဲဖြစ်ပွားလာတာပါ။

NCA လက်မှတ်ထိုး မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်လာတဲ့ အပေါ် မြန်မာ ငြိမ်းချမ်းရေး ကော်မရှင် က အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

“NCAထိုးမှ မထိုးမှ မဟုတ်ပါဘူး။ NCAထိုးတဲ့အဖွဲ့ရော မထိုးတဲ့အဖွဲ့ရော ပဋိပက္ခမရှိတာ အကောင်းဆုံးပေါ့။ NCAထိုးထား တဲ့ အဖွဲ့ထဲမှာ ပဋိပက္ခဖြစ်ရင်တော့ ဒါအတတ်နိုင်ဆုံး အမြန်ဆုံး ဘယ်သူ့မှာ ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ သိရ အောင် အလျှင်စလိုတော့လိုမယ်ထင်တယ်။ ဒါ JMCတို့ ၊ ဘာတို့လဲရှိနေတဲ့အတွက် ဒီကိစ္စ သက်ဆိုင်ရာတာဝန်ရှိ သူတွေလဲ လုပ်နိုင်တယ်လို့ထင်တယ်လေ။ ”

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ် ဖေဖေါ်ဝါရီလမှာ မွန်ပြည်သစ်ပါတီကနေ ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေး ပြတပ်ဖွဲ့နဲ့ မကျင်းပဖို့တပ်မတော်က တားဆီးခဲ့ပေမဲ့ မွန်ပြည်သစ်ဘက် ကလက်မခံဘဲ ကျင်းပခဲ့တာကြောင့် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားတောင်ဂိတ်၊ သံဖြူဇရပ်မြို့နယ်ဇီးနှစ်ပင်ဂိတ်စတဲ့ မွန်အကောက် ခွန်ဂိတ်စခန်း တွေကို တပ်မ တော်ဘက်က သိမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေလဲ ရှိခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG