သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္နဲ႔ကရင္ နားလည္မႈရၿပီး နာရီပိုင္းအတြင္း တိုက္ပြဲျပန္ျဖစ္


KNU တပ္ဖြဲ႔၀င္မ်ား

[Zawgyi/Unicode]

နယ္ေျမအျငင္းပြားမႈလို႔ ယူဆရတဲ့ ျပႆနာေၾကာင့္ KNU နဲ႔ NMSP တို႔ၾကား ေအာက္ေျခပုိင္းတပ္ေတြ အခုလအတြင္း ပစ္ခတ္မႈေတြမၾကာခဏ ရွိခဲ့တာေၾကာင့္ ႏွစ္ဘက္ေခါင္းေဆာင္ေတြ ဒီကိစၥေျပလည္ေရး အႀကိမ္ႀကိမ္ ေဆြးေႏြးခဲ့ၾကေပမယ့္ မေန႔က ေအာက္တုိဘာ ၂၃ ရက္ေန႔မွာ တုိက္ပြဲေတြ ထပ္မံ ျဖစ္ပြားခဲ့ပါတယ္။

ျပႆနာေတြကုိ အင္အားသုံးမေျဖရွင္းဘဲ ေဆြးေႏြးညွိႏႈိင္းတဲ့နည္းနဲ႔ အေျဖရွာၾကဖုိ႔ ႏွစ္ဘက္ ေခါင္းေဆာင္ေတြ သေဘာတူခဲ့တဲ့အေၾကာင္း ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္တဲ့ တရက္ထဲမွာဘဲ အခုလုိ ပစ္ခတ္မႈေတြ ထပ္မံ ျဖစ္ေပၚခဲ့တာပါ။ အျပည့္အစုံကုိေတာ့ ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

မြန္ျပည္သစ္ပါတီ NMSP နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ၾကား ေအာက္ေျခပုိင္းတပ္ေတြ နားလည္မႈလြဲမွားတာနဲ႔ပတ္သက္ၿပီး ဗဟုိဝန္းက်င္ေဒသ ႏွစ္ဘက္ေခါင္းေဆာင္ေတြ အႀကိမ္ႀကိမ္ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီး ျဖစ္ပါတယ္။ ႏွစ္ဘက္တပ္အခ်င္းခ်င္း ျပႆနာရွိလာရင္ အင္အားသံုး မေျဖရွင္းဘဲ၊ ေတြ႕ဆံုေဆြးေႏြး အေျဖရွာသြားဖို႔နဲ႔၊ ၿငိမ္းခ်မ္းစြာ အတူတကြေနထုိင္သြားဖို႔ သေဘာတူညီမႈ ရခဲ့ေၾကာင္း ေအာက္တိုဘာလ ၂၃ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ ႏွစ္ဘက္နားလည္မႈယူၿပီး နာရီပုိင္းအတြင္း ႏွစ္ဘက္ေအာက္ေျခတပ္ဖြဲ႕ၾကား ပစ္ခတ္မႈေတြ ထပ္မံျဖစ္ေပၚခဲ့ပါတယ္။ KNU ဘက္က တပ္သားေတြက ေရးၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းမွာရွိတဲ့ မြန္ျပည္သစ္ပါတီရဲ႕ ငါးကေလးေခ်ာင္းစခန္းကို ဝင္ေရာက္ပစ္ခတ္ခဲ့တာလို႔ မြန္ျပည္သစ္ပါတီ၊ ဘုရားသံုးဆူ ဒုတိယတာဝန္ခံ ဗိုလ္ႀကီးပေကာင္းေထာ္က ေျပာပါတယ္။

ပစ္ခတ္မႈေၾကာင့္ မြန္ျပည္သစ္ပါတီဘက္က တပ္သားတဦး ေသဆံုးခဲ့ၿပီး၊ ျဖစ္သြားခဲ့တဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ တဘက္တာဝန္ရွိသူေတြကုိ လွမ္းအေၾကာင္းၾကားတဲ့အခါမွာေတာ့ သူတုိ႔အေနနဲ႔ က်ဴးလြန္သူေတြကို အေရးယူေပးမယ္လို႔ KNU ဘက္က ေျပာဆုိလုိက္ေၾကာင္း ဗိုလ္ႀကီး ပေကာင္းေထာ္ က ဆိုပါတယ္။

“ျဖစ္တဲ့အေၾကာင္းကုိ က်ေတာ္တုိ႔နဲ႔ သူတို႔လူႀကီးေတြနဲ႔ ဆက္ဆံေရးရံုးကိုလည္း က်ေတာ္တို႔ လွမ္းေျပာလိုက္တယ္။ လွမ္းေျပာၿပီး သူကေတာ့ အေရးယူေပးမယ္လို႔ က်ေတာ္တို႔ဘက္မွာ သတင္းပုိ႔တာေပါ့ေနာ္။”

ဒီကေန႔ ညေနပိုင္းမွာလည္း ဗလဲဒြန္ဖိုက္ရြာ မေရာက္ခင္ ေခ်ာင္းႀကီးသြားတဲ့လမ္းဘက္မွာ KNU တပ္ဖြဲ႕ေတြကို ျမင္ခဲ့တယ္လို႔ မြန္ျပည္သစ္ပါတီဘက္က ေျပာပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး KNU တာဝန္ရွိသူေတြကို အေၾကာင္းၾကားခဲ့ေပမယ့္ သူတုိ႔တပ္သားေတြ မဟုတ္ေၾကာင္း စစ္ေဆးေရးအဖြဲ႕ရံုး တာဝန္ခံက ျပန္လည္ေျပာဆိုခဲဲ့တယ္လုိ႔ မြန္ျပည္သစ္ပါတီ၊ ဘုရားသံုးဆူ ဒုတိယတာဝန္ခံ ဗုိလ္ႀကီးပေကာင္းေထာ္က အခုလုိ ေျပာပါတယ္။

“သူတုိ႔အဖြဲ႕မဟုတ္ဘူးဆုိရင္ က်ေတာ္တို႔အခု သြားရွင္းမွာေပါ့။ ဒီေနရာကို ရွင္းမယ္ဆိုရင္ တိုက္ပြဲျဖစ္လာမယ္ဆုိရင္ က်ေတာ္တုိ႔ဘက္က မြန္ျပည္သစ္ပါတီကေတာ့ အျပစ္မရွိဘူးလို႔ ေျပာခ်င္တာေပါ့ေနာ္။ သူတုိ႔နဲ႔ အေၾကာင္းၾကားၿပီးမွ သြားရွင္းတာေလ။”

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၁၇ရက္ေန႔တုန္းကလည္း ဘုရားသံုးဆူၿမိဳ႕နယ္၊ ဗလဲဒြန္ဖိုက္ရြာနားက မြန္ျပည္သစ္တပ္စခန္း ၂ခုမွာ ႏွစ္ဘက္တပ္ဖြဲ႕ေတြ ထိေတြ႕ပစ္ခတ္မႈ ျဖစ္ခဲ့ပါတယ္။

ဘုရားသံုးဆူအနီး ႏွစ္ဘက္တပ္ဖြဲ႕ေတြ မၾကာခဏျဖစ္ေနတဲ့ နယ္ေျမအျငင္းပြားမႈ ျပႆနာကို အေျဖရွာဖို႔အတြက္ KNU နဲ႔ NMSP တာဝန္ရွိသူေတြ ေအာက္တုိဘာလ ၂၀ရက္ေန႔တုန္းက ေတြ႕ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ၿငိမ္းခ်မ္းစြာ အတူေနထုိင္ဖို႔ သေဘာတူညီမႈရခဲ့တယ္လို႔ ထုတ္ျပန္ခ်က္အၿပီး နာရီပုိင္းအတြင္း ျဖစ္ခဲ့တဲ့ မေန႕ကပစ္ခတ္မႈမွာ ပါဝင္ခဲ့သူေတြကုိ အေရးယူသြားမယ္လုိ႔ KNU ဒုဥကၠဌ ပဒုိေစာကြယ္ထူးဝင္းက ေျပာပါတယ္။

“က်ေတာ္တို႔ကုိေတာ့ တရားဝင္ပုိ႔တာေတာ့ မရွိဘူး။ အျပင္ကပဲ ၾကားေနရတဲ့အေပၚမွာ သိရသေလာက္ေတာ့ အဲဒီမွာ ပါဝင္တဲ့ပုဂၢိဳလ္ေတြကိုေတာ့ သူတို႔အေရးယူ ေဆာင္ရြက္ဖုိ႔ေတာ့ လုပ္ေနတယ္လို႔ ၾကားတယ္။ ဘယ္လိုအေၾကာင္းအရင္းလည္း ဆိုတာကိုေတာ့ က်ေတာ္တုိ႔ မသိရဘူးေပါ့ေနာ္။”

ဘုရားသံုးဆူေဒသတဝိုက္မွာ NMSP နဲ႔ KNU ႏွစ္ဘက္ေအာက္ေျခ တပ္ဖြဲ႕ဝင္ေတြၾကား အခုႏွစ္ ဧၿပီလပိုင္းကစၿပီး အေျခအေနတင္းမာၿပီး ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္မႈေတြ ရွိခဲ့တာပါ။ ဒါေပမယ့္ အခုလိုျဖစ္ေနတဲ့ ကိစၥေတြက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုေတာ့ ထိခုိက္မွာမဟုတ္ဘူးလို႔ ႏွစ္ဘက္လံုးကေျပာဆုိထားပါတယ္။

.......................

{Unicode}

မွန်နဲ့ကရင် နားလည်မှုယူပြီး နာရီပိုင်းအတွင်း တိုက်ပွဲပြန်ဖြစ်

နယ်မြေအငြင်းပွားမှုလို့ ယူဆရတဲ့ ပြဿနာကြောင့် KNU နဲ့ NMSP တို့ကြား အောက်ခြေပိုင်းတပ်တွေ အခုလအတွင်း ပစ်ခတ်မှုတွေမကြာခဏ ရှိခဲ့တာကြောင့် နှစ်ဘက်ခေါင်းဆောင်တွေ ဒီကိစ္စပြေလည်ရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် မနေ့က အောက်တိုဘာ ၂၃ ရက်နေ့မှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ပြဿနာတွေကို အင်အားသုံးမဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ နှစ်ဘက် ခေါင်းဆောင်တွေ သဘောတူခဲ့တဲ့အကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်တဲ့ တရက်ထဲမှာဘဲ အခုလို ပစ်ခတ်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

မွန်ပြည်သစ်ပါတီ NMSP နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား အောက်ခြေပိုင်းတပ်တွေ နားလည်မှုလွဲမှားတာနဲ့ပတ်သက်ပြီး ဗဟိုဝန်းကျင်ဒေသ နှစ်ဘက်ခေါင်းဆောင်တွေ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ နှစ်ဘက်တပ်အချင်းချင်း ပြဿနာရှိလာရင် အင်အားသုံး မဖြေရှင်းဘဲ၊ တွေ့ဆုံဆွေးနွေး အဖြေရှာသွားဖို့နဲ့၊ ငြိမ်းချမ်းစွာ အတူတကွနေထိုင်သွားဖို့ သဘောတူညီမှု ရခဲ့ကြောင်း အောက်တိုဘာလ ၂၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမယ့် နှစ်ဘက်နားလည်မှုယူပြီး နာရီပိုင်းအတွင်း နှစ်ဘက်အောက်ခြေတပ်ဖွဲ့ကြား ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ KNU ဘက်က တပ်သားတွေက ရေးမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ မွန်ပြည်သစ်ပါတီရဲ့ ငါးကလေးချောင်းစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ၊ ဘုရားသုံးဆူ ဒုတိယတာဝန်ခံ ဗိုလ်ကြီးပကောင်းထော်က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီဘက်က တပ်သားတဦး သေဆုံးခဲ့ပြီး၊ ဖြစ်သွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ တဘက်တာဝန်ရှိသူတွေကို လှမ်းအကြောင်းကြားတဲ့အခါမှာတော့ သူတို့အနေနဲ့ ကျူးလွန်သူတွေကို အရေးယူပေးမယ်လို့ KNU ဘက်က ပြောဆိုလိုက်ကြောင်း ဗိုလ်ကြီး ပကောင်းထော် က ဆိုပါတယ်။

“ဖြစ်တဲ့အကြောင်းကို ကျတော်တို့နဲ့ သူတို့လူကြီးတွေနဲ့ ဆက်ဆံရေးရုံးကိုလည်း ကျတော်တို့ လှမ်းပြောလိုက်တယ်။ လှမ်းပြောပြီး သူကတော့ အရေးယူပေးမယ်လို့ ကျတော်တို့ဘက်မှာ သတင်းပို့တာပေါ့နော်။”

ဒီကနေ့ ညနေပိုင်းမှာလည်း ဗလဲဒွန်ဖိုက်ရွာ မရောက်ခင် ချောင်းကြီးသွားတဲ့လမ်းဘက်မှာ KNU တပ်ဖွဲ့တွေကို မြင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဘက်က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး KNU တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပေမယ့် သူတို့တပ်သားတွေ မဟုတ်ကြောင်း စစ်ဆေးရေးအဖွဲ့ရုံး တာဝန်ခံက ပြန်လည်ပြောဆိုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ၊ ဘုရားသုံးဆူ ဒုတိယတာဝန်ခံ ဗိုလ်ကြီးပကောင်းထော်က အခုလို ပြောပါတယ်။

“သူတို့အဖွဲ့မဟုတ်ဘူးဆိုရင် ကျတော်တို့အခု သွားရှင်းမှာပေါ့။ ဒီနေရာကို ရှင်းမယ်ဆိုရင် တိုက်ပွဲဖြစ်လာမယ်ဆိုရင် ကျတော်တို့ဘက်က မွန်ပြည်သစ်ပါတီကတော့ အပြစ်မရှိဘူးလို့ ပြောချင်တာပေါ့နော်။ သူတို့နဲ့ အကြောင်းကြားပြီးမှ သွားရှင်းတာလေ။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ရက်နေ့တုန်းကလည်း ဘုရားသုံးဆူမြို့နယ်၊ ဗလဲဒွန်ဖိုက်ရွာနားက မွန်ပြည်သစ်တပ်စခန်း ၂ခုမှာ နှစ်ဘက်တပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

ဘုရားသုံးဆူအနီး နှစ်ဘက်တပ်ဖွဲ့တွေ မကြာခဏဖြစ်နေတဲ့ နယ်မြေအငြင်းပွားမှု ပြဿနာကို အဖြေရှာဖို့အတွက် KNU နဲ့ NMSP တာဝန်ရှိသူတွေ အောက်တိုဘာလ ၂၀ရက်နေ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ အတူနေထိုင်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ ထုတ်ပြန်ချက်အပြီး နာရီပိုင်းအတွင်း ဖြစ်ခဲ့တဲ့ မနေ့ကပစ်ခတ်မှုမှာ ပါဝင်ခဲ့သူတွေကို အရေးယူသွားမယ်လို့ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ကျတော်တို့ကိုတော့ တရားဝင်ပို့တာတော့ မရှိဘူး။ အပြင်ကပဲ ကြားနေရတဲ့အပေါ်မှာ သိရသလောက်တော့ အဲဒီမှာ ပါဝင်တဲ့ပုဂ္ဂိုလ်တွေကိုတော့ သူတို့အရေးယူ ဆောင်ရွက်ဖို့တော့ လုပ်နေတယ်လို့ ကြားတယ်။ ဘယ်လိုအကြောင်းအရင်းလည်း ဆိုတာကိုတော့ ကျတော်တို့ မသိရဘူးပေါ့နော်။”

ဘုရားသုံးဆူဒေသတဝိုက်မှာ NMSP နဲ့ KNU နှစ်ဘက်အောက်ခြေ တပ်ဖွဲ့ဝင်တွေကြား အခုနှစ် ဧပြီလပိုင်းကစပြီး အခြေအနေတင်းမာပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။ ဒါပေမယ့် အခုလိုဖြစ်နေတဲ့ ကိစ္စတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့ နှစ်ဘက်လုံးကပြောဆိုထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG