သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှားပါး ယောက်သွားမျိုးစိတ်သစ်များ မြန်မာနိုင်ငံမှာ တွေ့ရှိ


( ဓာတ်ပုံ - Fauna & Flora International - Myanmar Programme)
( ဓာတ်ပုံ - Fauna & Flora International - Myanmar Programme)

ရေချိုမှာနေထိုင်တဲ့ ခရုတွေထဲက ယောက်သွား (mussels) ဂုံးမျိုးစိတ်အသစ် ၈ ခုကို နိုင်ငံတကာပညာရှင်တွေ ပါဝင်တဲ့ သိပ္ပံပညာရှင်တစုက မြန်မာနိုင်ငံမှာတွေ့ရှိခဲ့ပါတယ်။ မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒီရေချိုသတ္တဝါလေးတွေကို အကာကွယ်ပေးဖို့ သိပ္ပံပညာရှင်တွေက တောင်းဆို လိုက်ကြပါတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ ဧရာဝတီမြစ်ဝှမ်းဒေသ အပါအဝင် မြန်မာ့မြစ်ဝှမ်းဒေသ ၄ ခုမှာ ယောက်သွားမျိုးစိတ်အသစ် ၄ မျိုးနဲ့ မျိုးစိတ်ငယ်အသစ် ၄ မျိုး ကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဒီရေချိုခရုမျိုးတွေရဲ့ ရှင်သန်ပေါက်ဖွားမှုဟာ သူတို့ကျင်လည်ရာဒေသရဲ့ ဝန်းကျင်နဲ့ ရေအရည်အသွေး ပေါ်မှာ အများကြီးမူတည်နေတာပါ။ အခုဆို လူသားတွေကြောင့် ရေနေသတ္တဝါတွေ မျိုးုတုန်းကွယ်ပျောက်မှုနှုန်းဟာ ပိုမြန်လာပြီး အခုဆို ဒီလို ရေချိုသတ္တဝါမျိုးစိတ် စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ဟာ ကွယ်ပျောက်ကုန်တာ ဒါမှမဟုတ် ကွယ်ပျောက်လုနီး ဖြစ်နေပါပြီ။

အခု သိပ္ပံပညာရှင်တွေ အသစ်တွေ့ရှိခဲ့တဲ့ ယောက်သွားမျိုးစိတ်သစ်တွေ ရှင်သန်ရာ မြန်မာနိုင်ငံက မြစ်ဝကျွန်းပေါ်ဒေသတွေဟာလည်း မြစ်ရေညစ်ညမ်းမှုတွေ၊ လိုတာထက် ပိုပြီး ငါးဖမ်းမှုတွေ၊ ဆည်ဆောက်လုပ်တာတွေ အပြင် ဌာနေမဟုတ်တဲ့ တခြားမျိုးစိတ်တွေ ဝင်ရောက်လာ မှုတွေကြောင့် ဒီမျိုးစိတ်သစ်တွေအတွက် အန္တရာယ်နဲ့ ကြုံနေရတယ်လို့ Fauna and Flora International အဖွဲ့က ထောက်ပြပါတယ်။

အပူပိုင်း အာရှဒေသတလွှားမှာ ယောက်သွားမျိုးကွဲတွေ ရှိပေမယ့် တချို့မျိုးစိတ်တွေဟာ နေရာတိုင်းမှာ ရှင်သန်လေ့မရှိပဲ နေရာတချို့မှာသာ ရှင်သန်လေ့ရှိတာကြောင့် သူတို့အတွက် မျိုးတုန်းမယ့် အန္တရာယ်က ပိုကြီးတာ ဖြစ်ပါတယ်။

ဒီ သိပ္ပံပညာရှင်တွေဟာ ဧရာဝတီအပါအဝင် မြစ်မာနိုင်ငံ မြစ်ကြောင်းနဲ့ မြစ်ဝှမ်းဒေသတွေမှာ မြန်မာ့ငါးလုပ်ငန်းဌာနနဲ့ ဒေသခံတွေရဲ့ ပံ့ပိုးမှုနဲ့ စူးစမ်းလေ့လာရင် ဒီမျိုးစိတ်တွေကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ရှားပါး ယောက်သွားမျိုးစိတ်သစ်များ မြန်မာနိုင်ငံမှာ တွေ့ရှိ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG