ZAWGYI/ UNICODE
ဒီသီတင္းပတ္အတြက္ ျမန္မာ့ဒီမိုကေရစီေဆြးေႏြးခန္းအစီအစဥ္မွာ ေသာတရွင္ေတြ နားဆင္ရမွာကေတာ့-၂၀၂၀ ပါတီစံု ဒီမိုကေရစီေရြးေကာက္ပြဲၾကီး က်င္းပဖို႔ နီးကပ္လာတာနဲ႔အမွ် အာဏာရပါတီ၊ အတိုက္အခံပါတီ အပါအဝင္ ႏိုင္ငံေရးပါတီေတြ မဲဆြယ္စည္းရံုးေနၾကခ်ိန္ အဓိကပါတီၾကီးႏွစ္ခုၾကားမွာ အၿပိဳင္အဆုိင္ အင္အားျပတာေတြ လူ့အသက္ဆံုးရံႈးရတဲ့အထိ အျပန္အလွန္ ခိုက္ရန္ျဖစ္ပြားမႈေတြအပါအဝင္ လူအမ်ားအျပား ထိခိုက္ဒဏ္ရာရတဲ့အထိ ယာဥ္မေတာ္တဆမႈေတြပါ ျဖစ္ပြားေနပါတယ္။ ေဒသတြင္းနယ္ေျမလံုျခံဳေရးနဲ႔ အမ်ားျပည္သူ လူထု အသက္အႏၱရာယ္ရွိလာေနတဲ့ အေနအထားမို႔ အာဏာရပါတီ NLD အပါအဝင္ သက္ဆုိင္ရာႏုိင္ငံေရးပါတီေတြဘက္က ထိန္းထိန္းသိမ္းသိမ္း ထိထိေရာက္ေရာက္ ၾကပ္မတ္ၾကဖို႔ ေရြးေကာက္ပြဲေစာင့္ၾကည့္သူေတြက စိုးရိမ္တၾကီး အၾကံေပး လုိက္ၾကပါတယ္။ ေရြးေကာက္ပြဲက်င္းပခ်ိန္ဟာ ျမန္မာႏုိင္ငံမွာ ကမၻာ့ကပ္ေရာဂါ ကိုဗစ္ ကူးစက္ျမန္ေရာဂါျဖစ္ေနတဲ့ ကာလလည္း ျဖစ္ေနတာမို႔လို႔ က်န္းမာေရးလမ္းညႊန္ခ်က္ စည္းမ်ဥ္း စည္းကမ္းခ်က္ေတြနဲ႔အညီ လိုက္နာဖို႔ အေရးတၾကီး လိုအပ္ပါတယ္လို႔ ေရြးေကာက္ပြဲေစာင့္ၾကည့္သူ မျမနႏၵာသင္း က အၾကံေပးပါတယ္။ ဒီသီတင္းပတ္ရဲ႕ ျမန္မာ့ဒီမိုကေရစီေရးေဆြးေနြးခန္း အစီအစဥ္မွာ ျမန္မာႏုိင္ငံ ေရြးေကာက္ပြဲအထူးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ New Myanmar Foundationရဲ႕ အမႈေဆာင္ဒါရိုက္တာ မျမနႏၵာသင္းနဲ႔ က်မ ဆုမြန္ ဆက္သြယ္ေမးျမန္း တင္ဆက္ထားပါတယ္။
မဂၤလာပါ မျမနႏၵာသင္းရွင့္။ လာမယ့္ႏိုဝင္ဘာလ ၈ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးမႈေတြကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေန စက္တင္ဘာလ ၈ရက္ေန႔ကေန ႏုိဝင္ဘာလ ၆ရက္ေန႔ ည ၁၂နာရီအထိ ခြင့္ျပဳထားပါတယ္။ အနည္းဆံုး ၆ေပခြာၿပီး တၾကိမ္မွာ လူ၅၀ထက္မပိုတဲ့ စုေဝးမႈေတြ နဲ႔ အထူးသျဖင့္ ကိုဗစ္၁၉ ကူးစက္ျမန္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလမ္းညႊန္ခ်က္နဲ႔အညီ ေဆာင္ရြက္ၾကပါဆိုၿပီး ညႊန္ၾကားထားတာလည္း ရွိပါတယ္။ ဒါေပမဲ့ ႏုိင္ငံေရးပါီတီေတြဘက္ကေရာ ကိုယ္စားလွယ္ေလာင္းေတြဘက္ကေရာ လိုက္နာမႈအားနည္းတယ္ ဒါေၾကာင့္ သက္ဆုိင္ရာပါတီေတြဘက္က ၾကီးၾကပ္ေပးၾကပါဦးဆိုၿပီးေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က မေန႔ ေအာက္တိုဘာလ ၂၄ရက္ေန႔ကလည္း ေၾကညာခ်က္ထုတ္ ေမတၱာရပ္ခံရတဲ့အထိျဖစ္ခဲ့ပါတယ္။
ဒီၾကားထဲမွာပါ အာဏာရပါတီနဲ႔ အတုိက္အခံပါတီ ေထာက္ခံဝန္းရံသူေတြၾကားမွာ ခုိက္ရန္ျဖစ္ပြားတာေတြ မေတာ္တဆျဖစ္မႈေတြနဲ႔ စိုးရိမ္စရာ အေနအထားျဖစ္လာေနပါတယ္။ ဒီအေပၚ ေရြးေကာက္ပြဲအနီးကပ္ေစာင့္ၾကည့္ေနတဲ့ မျမနႏၵာသင္းတို႔အေနနဲ႔ ဘယ္လိုသံုးသပ္မိပါလဲ ေနာက္ ဒီအေနအထားေပၚမွာ သက္ဆိုင္ရာတာဝန္ရွိသူေတြဘက္က ဘယ္လို ထိန္းထိန္းသိမ္းသိမ္း ၾကပ္မတ္ေဆာင္ရြက္သင့္တယ္လို႔ အၾကံေပးခ်င္တာရွိပါလဲရွင္။
မျမနနၵာသင္း။ ။ အခုကေတာ့ ကိုဗစ္ကာလ မွာေတာ့ က်န္းမာေရးဝန္ၾကီးဌာကေနၿပီးေတာ့ ကိုဗစ္စည္းကမ္းေတြေပါ့ေနာ္ ဒီမဲဆြယ္စည္းရံုးတဲ့အခါမွာ လိုက္နာရမယ့္ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို ထုတ္ျပန္တာမ်ိဳး ရွိတယ္။ ဒါေပမဲ့လည္း ထိထိေရာက္ေရာက္ေဆာင္ရြက္ႏုိင္မႈက်ေတာ့ နည္းနည္းကြဲျပားသြားတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲ့တာက ဘယ္လိုျဖစ္သလဲ ဆိုေတာ့ ကိုဗစ္ကာလမွာ လူ(၅၀)လို႔ ကန္႔သတ္လိုက္တဲ့အခ်ိန္မွာ တခါတေလမွာ ကိုယ္စားလွယ္ေလာင္းေတြ မပါေတာ့ပဲနဲ႔ ဝန္းရံေထာက္ခံတဲ့သူေတြဆိုၿပီးေတာ့မွ အုပ္စုလိုက္ လူေတြထြက္ၾကတာေပါ့ေနာ္ ပါတီေပါင္းစံုကေနၿပီးေတာ့ သြားၾကလာၾကတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲ့ဒီ့အခါမွာ ခြင့္ျပဳခ်က္တင္တာေတြမရွိေတာ့ဘူးေပါ့။ အဲ့ဒီ့မွာ ပါတီတခုနဲ႔တခု လမ္းေၾကာင္းေတြမွာ ထိပ္တိုက္ေတြ႔တာေတြရွိလာတယ္။ ဒီဟာေတြကို အေရးယူတာေတြ အခ်ိန္မီမလုပ္ႏုိင္ခဲ့ဘူးေပါ့ေနာ္။ အေရးယူမႈအပိုင္းနဲ႔ ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ခဲ့မႈအပိုင္းကလည္း နည္းတာရယ္၊ လံုျခံဳေရးပိုင္းကလည္း မခ်ႏိုင္ခဲ့တဲ့အေပၚမွာ တျခားေသာ မလိုလားအပ္တဲ့ျပႆနာေတြ ထိပ္တိုက္ေပါ့ေနာ္ ပါတီႏွစ္ခု ဆန္႔က်င္ဘက္အုပ္စုႏွစ္ခုက ထပ္တိုက္ေတြ႔ၿပီး အျငင္းပြားမႈေတြျဖစ္တယ္။ ရိုက္ၾကႏွက္ၾကတာေတြျဖစ္တယ္ေပါ့ေနာ္။
မဆုမြန္။ ။ဟုတ္ကဲ့ အခုဆို ျမန္မာျပည္မွာဆိုရင္ စၿပီးေတာ့ မဲဆြယ္စည္းရံုးေနၾကတယ္ေပါ့ေနာ္ ဒါေပမဲ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ မဲဆြယ္စည္းရံုးေနၾကတယ္ ဘာျပႆနာမွ မရွိဘူး ဒါေပမဲ့ ပါတီၾကီးႏွစ္ခုျဖစ္တဲ့ လက္ရွိ အာဏာရပါတီ NLDရယ္ အတုိက္အခံပါတီ ျပည္ေထာင္စုၾက့ံခိုင္ေရးနဲ႔ဖြံ႔ၿဖိဳးေရးပါတီရယ္မွာ ထိပ္တိုက္ ရင္ဆိုင္မႈေတြရွိတယ္ လြန္ခဲ့တဲ့ရက္ပိုင္းမွာ ဆို လူအသက္ဆံုးရံႈးရတဲ့ အထိျဖစ္ရခဲ့ပါတယ္ လူအုပ္စုလုိက္ ယာဥ္မေတာ္တဆ ထိခိုက္မႈျဖစ္တဲ့အထိ လူထုအသက္အႏၱရာယ္ရွိတဲ့အထိျဖစ္လာတဲ့ အေနအထားျဖစ္လာေနေတာ့- ဒီအေပၚမွာ သက္ဆိုင္ရာႏုိင္ငံေရးပါတီေတြဘက္ကေရာ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္ကေရာ ဘယ္လိုၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္သင့္တယ္လို႔ အၾကံေပးႏုိင္တာ ရွိပါလဲရွင့္။
မျမနနၵာသင္း။ ။ အဓိက ကေတာ့ေလ က်မတို႔ ၿမိဳ႕နယ္တုိင္းမွာ " ေရြးေကာက္ပြဲလံုျခံဳေရးနဲ႔ စီမံခန္႔ခြဲေရးေကာ္မတီ" ဆိုတာရွိတယ္။ အဲ့ဒီ့မွာဆိုရင္ အုပ္ခ်ဳပ္ေရးပိုင္းပါမယ္။ ေနာက္ ရဲမွဴးပါမယ္ ေနာက္ ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ပါမယ္။ ေနာက္ ရပ္မိရပ္ဖေတြလည္းပါမယ္ေပါ့ေနာ္။ ဆိုေတာ့ ေရြးေကာက္ပြဲလံုျခံဳေရးနဲ႔ စီမံခန္႔ခြဲေရးေကာ္မတီ ကို က်မတို႔က အျမန္ဆံုးအသက္သြင္းရမယ္ ဒါ နံပတ္တစ္။ နံပတ္ႏွစ္ကေတာ့ ကိုယ္စားလွယ္ေလာင္းေတြကပဲ ထြက္ထြက္ ဝန္းရံသူေတြကပဲ ထြက္ထြက္ ဒီအေျခအေနအေပၚမွာ ခြင့္ျပဳခ်က္တင္ရမယ္ဆိုတဲ့ အေျခအေနတခုကို ထုတ္ျပန္ဖို႔လိုၿပီးေတာ့ အဲ့လိုမ်ိဳး တင္လာတဲ့အေပၚမွာလည္း ခ်က္ျခင္း လံုျခံဳေရးေပါ့ေနာ္။ လံုျခံဳေရးက တပါတည္းလိုက္ပါသြားဖို႔လိုတယ္ေပါ့ေနာ္။ ဒီလိုလုိက္ပါသြားျခင္းအားျဖင့္ ဥပမာ ပါတီ တခုနဲ႔တခုနဲ႔ ထိပ္တိုက္ေတြ႔တဲ့အခါမွာ ၾကိဳတင္ၿပီးေတာ့ တားဆီးႏုိင္မယ္။
ေနာက္တခုကေတာ့ က်မတို႔ အခုလက္ရွိလုပ္ေနတဲ့ဟာေလးရွိတယ္။ ဘာလဲဆိုေတာ့ Early Warning Signs ေလးေပါ့ေနာ္ Early Warning Signs ေလးကို လုပ္ေစခ်င္တယ္။ အဲ့တာကေတာ့ ဥပမာ ေဒသတခုမွာ အျငင္းပြားမႈ ျဖစ္ေတာ့မယ္ ၊ ပဋိပကၡျဖစ္ပြားမႈ အသြင္ကို ေဆာင္ေနၿပီဆိုတာနဲ႔ ေတြ႔ရင္ ေတြ႔တဲ့သူကေန ေရြးေကာက္ပြဲေကာ္မရွင္ကို ခ်က္ျခင္းအေၾကာင္းၾကားတာမ်ိဳး ဒါမွမဟုတ္ရင္ နီးစပ္ရာရဲစခန္းကို အေၾကာင္းၾကားတာမ်ိဳးေတြေပါ့ေနာ္ အဲ့တာမ်ိဳးေတြကို အေရးတၾကီးလုပ္သင့္တယ္။ ေနာက္တခု အေရးအၾကီးဆံုးကေတာ့ " ေရြးေကာက္ပြဲလံုျခံဳေရးနဲ႔ စီမံခန္႔ခြဲေရးေကာ္မတီ" အေနနဲ႔ကေတာ့ Call Center ေတြဖြင့္သင့္တယ္။ ဒီ Call Center ေတြမွာ မဲဆႏၵရွင္ျပည္သူလူထု တေယာက္ေယာက္ကပဲျဖစ္ျဖစ္ ေရြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႔ေတြကပဲျဖစ္ျဖစ္ ဖုန္းဆက္လုိက္ၿပီဆုိတာနဲ႔ ဒီေနရာမွာေတာ့ ပဋိပကၡျဖစ္ေတာ့မယ့္ အေျခအေနကိုေတြ႔ေနရၿပီ။ အခုအခ်င္းမ်ားေနၾကၿပီ။ ခ်က္ျခင္းလံုျခံဳေရးကို လႊတ္ေပးပါ ဆိုလို႔ရွိရင္ လံုျခံဳေရးက ေရာက္လာရမွာေပါ့ေနာ္ ဒါေပမဲ့ ရုပ္ရွင္ဇာတ္ကားေတြထဲမွာ ရဲက ပြဲၿပီးသြားမွ ေရာက္လာတာမ်ိဳး ေဆးရံုေရာက္ကုန္ၾကၿပီးမွ ေရာက္လာတမ်ိဳး ဒါမ်ိဳးဆိုရင္ေတာ့-မထိေရာက္ႏုိင္ဘူးေပါ့ေနာ္။ အဲ့တာမ်ိဳးေတြထက္စာရင္ က်မတို႔က ဒီတရားဥပေဒစိုးမိုးေရးနဲ႔ လာမယ့္၈ရက္ေန႔အထိ ၾကပ္ၾကပ္မတ္မတ္ ကိုင္တြယ္ဖို႔လိုတယ္။ ေနာက္ ေရြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ ပဋိပကၡတို႔ အၾကမ္းဖက္မႈတို႔ကို ကိုင္တြယ္ေျဖရွင္းဖို႔ဆိုတာကလည္း ေရြးေကာက္ပြဲေကာ္မရွင္ တခုတည္းနဲ႔ လုပ္လို႔ရတဲ့ အေနအထားမ်ိဳးမွာ မရွိဘူး။ သူက လံုျခံဳေရးလည္း လိုအပ္တယ္။ ေနာက္ သတင္းအခ်က္အလက္ စီးဆင္းမႈေတြကလည္း ျမန္ဆန္ေနရမယ္ေပါ့ေနာ္။ ခ်က္ျခင္း တေယာက္ေယာက္က အေၾကာင္းၾကားၿပီဆိုတာနဲ႔ တုန္႔ျပန္ၿပီးေတာ့မွ Action ယူတဲ့ဟာမ်ိဳးကို ဒီႏွစ္ပတ္အေတာအတြင္းမွာ အေရးတၾကီးလုပ္ေဆာင္သင့္တယ္လို႔ က်မတို႔က အၾကံျပဳခ်င္တာေပါ့ေနာ္။
မဆုမြန္။ ။ ဟုတ္ကဲ့။ ဒီႏွစ္ ၂၀၂၀ ေရြးေကာက္ပြဲရဲ႕ထူးျခားခ်က္ကလည္း ကပ္ေရာဂါျဖစ္ပြားေနခ်ိန္လည္းျဖစ္တာေပါ့ေနာ္။ ဒီလိုစည္းရံုးေရး ေအာင္ႏုိင္ေရးေတြ လူအုပ္လိုက္ၾကီးေတြ သြားလာေနၾကတဲ့အေပၚ ဝန္းရံေနတဲ့သူေတြတင္မက အမ်ားျပည္သူ က်န္းမာေရး အသက္အႏၱရာယ္ လံုျခံဳေရးေတြအတြက္ အေရးတၾကီးလိုက္နာရမယ့္လမ္းညႊန္ခ်က္ေတြအေပၚ မျမနႏၵာသင္းအေနနဲ႔ ဘယ္လိုအၾကံျပဳခ်င္တာ ရွိပါသလဲရွင္။
မျမနႏၵာသင္း။ ။ ပါတီေတြက သူတို႔ကို ဝန္းရံတဲ့သူေတြကို မထြက္ဖို႔ဆိုၿပီးေတာ့မွ ထုတ္ျပန္တဲ့ဟာမ်ိဳးေတြေတာ့ ရွိတယ္ေပါ့ေနာ္။ ဒါေပမဲ့လည္း ၾကပ္ၾကပ္မတ္မတ္ လုပ္ႏိုင္ဖို႔က ခက္သြားတယ္ေပါ့ေနာ္ ဘာျဖစ္လို႔လဲဆိုေတာ့ ဝန္းရံသူဆိုတာကလည္း ပါတီဝင္ ဟုတ္ရင္လည္းဟုတ္မယ္။ မဟုတ္တာမ်ိဳးေတြလည္း ရွိႏိုင္တယ္ ဒါေပမဲ့လည္းပဲ ဒီ့ထက္ပိုမိုၿပီးတင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြေပါ့ေနာ္ ဥပမာ ပါတီဝင္ေတြ လံုးဝမထြက္ရဘူးဆိုတာမ်ိဳး တကယ္လို႔ ထြက္မယ္သြားမယ္ဆိုရင္လည္း စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လူ(၅၀) ထက္မပိုေအာင္ ဘယ္လိုလုပ္မလဲေပါ့။ ဒီလိုအေျခအေနမ်ိဳးေတြကို ဒီပါတီေတြက တိုင္ပင္သင့္တယ္ ေစာင့္ၾကည့္သင့္တယ္။
အေရးအၾကီးဆံုးက ဘာလဲဆိုေတာ့ အထူးရဲေပါ့ေနာ္ အခုဆိုရင္ က်မတို႔သိရသေလာက္က အထူးရဲေတြကို ေရြးေကာက္ပြဲေန႔ တေန႔အတြက္ ေနာက္ၿပီး မဲရံုသံုးပစၥည္းေတြ သယ္ဖို႔ျပဳဖို႔ေပါ့ေနာ္ အဲ့လိုမ်ိဳးေတြအတြက္ပဲ တာဝန္ေပးတယ္လို႔ က်မတို႔သိရတယ္ ။ ဥပမာ မဲဆြယ္စည္းရံုးေရးပိုင္းေတြ ေနာက္ၿပီးေတာ့ ဝန္းရံသူေတြ သြားတဲ့လမ္းေတြမွာ လံုျခံဳေရးကို မေတြ႔ရဘူးေပါ့ေနာ္။ လံုျခံဳေရးကို မေတြ႔ႏိုင္ျခင္းဟာဒီျပႆနာေတြကို ျဖစ္နုိင္ဖို႔အတြက္ကို ပုိၿပီးေတာ့မွ ဦးတည္ေစတယ္။ အထူးသျဖင့္ ေရြးေကာက္ပြဲဆိုင္ရာ ပဋိပကၡနဲ႔ အၾကမ္းဖက္မႈေတြကို ပိုၿပီးျဖစ္လာနုိင္ေစတယ္ေပါ့ေနာ္။ ဒီအတြက္ က်မတို႔သင့္ေတာ္တဲ့ ထုတ္ျပန္ခ်က္တခုကို အျမန္ဆံုး ထုတ္ျပန္သင့္တယ္ေပါ့ေနာ္။ ဥပမာ ဝန္းရံသူေတြ ခြင့္ျပဳခ်က္တင္ရမယ္ဆိုတဲ့ဟာမ်ိဳး ဒါမွမဟုတ္ရင္လည္း လံုျခံဳေရးလုိက္တာမ်ိဳး ဒီလိုမ်ိဳးေတြ လုပ္မွသာ အႏၱရာယ္ကင္းမယ္ေပါ့ေနာ္။ ေနာက္တခုကေတာ့ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို မလိုက္နာဘူးဆိုရင္ ေခၚယူသတိေပးတဲ့ အေျခအေနမ်ိဳးေတြ ေနာက္ ျပစ္မႈျပစ္ဒဏ္အရ အမႈဖြင့္တဲ့ဟာမ်ိဳးေတြေပါ့ေနာ္ ဒါမ်ိဳးေတြကိုေတာ့ လုပ္ေဆာင္သင့္တယ္ထင္ပါတယ္။
မဆုမြန္။ ။ ဟုတ္ကဲ့ အခုေျပာေနၾကတာက ၿမိဳ႕ေပၚ လူထုလံုျခံဳေရးေပါ့ေနာ္ ေနာက္တခုက တုိင္းရင္းေဒသေတြမွာ အထူးသျဖင့္ တိုက္ပြဲေတြျဖစ္ေနတာ စစ္ေရးပဋိပကၡေတြျဖစ္ေနတဲ့ေနရာေတြမွာ တပ္မေတာ္ရဲ႕အၾကံေပးခ်က္အရ ေရြးေကာက္ပြဲ က်င္းပခြင့္မေပးတာရွိတယ္ ။ ခ်င္းျပည္နယ္ပလက္ဝဘက္ဆို ေရြးေကာက္ပြဲက်င္းပခြင့္ေပးလိုက္ လည္းရွိတယ္။ အဲ့လို နယ္ေျမေဒသလံုျခံဳမႈစိုးရိမ္စရာေနရာေတြက ျပည္သူလူထုရဲ႕ လံုျခံဳေရးေတြအတြက္ သက္ဆိုင္ရာ ျပည္နယ္တုိင္းတာဝန္ရွိသူေတြေရာ ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္တာဝန္ရွိသူေတြဘက္က အေရးတၾကီး ဘာေတြေဆာင္ရြက္ေပးသင့္တယ္လို႔ထင္ပါလဲရွင့္။
မျမနႏၵာသင္း။ ။ အဓိက ကေတာ့ေလ ဒီလိုေနရာမ်ိဳးေတြမွာ လံုျခံဳေရးပိုင္းက အေရးၾကီးပါတယ္။ ၿပီးခဲ့တဲ့သံုးရက္တာ ေအာက္တိုဘာ ၁၉ရယ္ ၂၀ရယ္ ၂၂ မွာ ႏုိင္ငံေရးပါတီ သံုးဆယ္ေက်ာ္ေလာက္နဲ႔ ေဆြးေႏြးၾကတယ္။ ေရြးေကာက္ပြဲ ပဋိပကၡနဲ႔ လံုျခံဳေရးပိုင္းဆိုင္ရာေဆြးေႏြးပြဲဆိုၿပီး က်မတို႔လုပ္ခဲ့တယ္ ေနာက္ အရပ္ဖက္အဖြဲ႔ ၆၀ေက်ာ္ ေဒသတြင္းမွာရွိတဲ့ Local CSOs ေတြေရာေပါ့ေနာ္ သူတို႔ကိုပါ ဖိတ္ၾကားၿပီး အစည္းအေဝးေတြ လုပ္တဲ့အခါမွာ သူတို႔ဘက္ကေန အၾကံျပဳတဲ့ဟာေတြရွိတယ္။ အထူးသျဖင့္ကေတာ့ ဒီလိုေဒသေတြမွာဆိုရင္ အရပ္ဖက္လူမႈအဖြဲ႔ေတြ သက္ဆုိင္ရာ ေရြးေကာက္ပြဲေကာ္မရွင္တို႔ ေနာက္ၿပီးေတာ့ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီတို႔ ေရြးေကာက္ပြဲလံုျခံဳေရးပိုင္းဆုိင္ရာအဖြဲ႔ေတြေပါ့ေနာ္ ပံုမွန္ေတြ႔ဆံုမႈေတြကို လုပ္ၿပီးေတာ့ ခ်က္ျခင္း Alert လုပ္တဲ့စနစ္ေပါ့ေနာ္။ ဒီAlert စနစ္က ဘယ္ေနရာမွာ ဘာျဖစ္ေနတယ္ လံုျခံဳမႈရွိတယ္ မရွိဘူး ေနာက္ၿပီးေတာ့ လံုျခံဳမႈရွိတယ္ မရွိဘူးဆိုတာကလည္း ခ်က္ျခင္းဆံုးျဖတ္လို႔ ရတာမဟုတ္ပဲနဲ႔ တခါတေလမွာ ေစ့စပ္ညိွနိႈင္းျခင္းအားျဖင့္ အဆင္ေျပသြားတာမ်ိဳးေတြလည္းရွိတယ္။ ဆိုေတာ့ အဲ့သလိုမ်ိဳး Engagement ေတြကိုလည္း လုပ္ေပးရမယ္ေပါ့ေနာ္။ ဒီေနရာမွာ ေစ့စပ္ညိွႏိႈင္းမႈကို လုပ္ေပးေနတဲ့အုပ္စုေတြက အားနည္းေနတယ္လို႔ထင္တယ္။
တဘက္နဲ႔တဘက္ မေဆြးေႏြးမိပဲနဲ႔ စကားမေျပာမိပဲနဲ႔ လံုျခံဳေရးအေျခအေန ေကာင္းမြန္တဲ့ေနရာမွာလည္း ေရြးေကာက္ပြဲက်င္းပႏုိင္ေျခမရွိဘူးဆိုၿပီး ပယ္လိုက္မိတာေတြရွိႏုိင္သလို တကယ္ျဖစ္ပြားေနတဲ့ေနရာေတြမွာ ပယ္သင့္ပယ္ထိုက္တဲ့ေနရာေတြလည္းရွိႏုိင္တယ္။ အဓိက ကေတာ့ စံုညီစကားေျပာၾကမွာသာလွ်င္ ဘယ္ေနရာက ဘယ္ေလာက္အေျခအေနအထိျဖစ္ေနတယ္ ဘယ္လိုျဖစ္ေနတယ္ အဲ့ဒီ့ဟာက ေျဖရွင္းလို႔ရသလား မရဘူးလားဆိုတာ က်မတို႔သိႏုိင္မယ္။ အဲ့လိုမ်ိဳးသြားမွာသာလွ်င္ ေရြးေကာက္ပြဲေန႔မွာ လူေတြ မဲထြက္ေပးမွာေပါ့ေနာ္။
မဆုမြန္။ ။ ဟုတ္ကဲ့ပါ အခုဆိုရင္ ေရြးေကာက္ပြဲက်င္းပဖို႔ကလည္း (၁၅)ရက္ပဲလိုေတာ့တဲ့အခ်ိန္မွာ မဲေပးမယ့္ျပည္သူကို ေရြးေကာက္ပြဲေစာင့္ၾကည့္သူအေနနဲ႔ ဘာသတင္းစကားပါးခ်င္တာရွိပါလဲ။ ေရြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏုိင္ေရး အဓိက တာဝန္အရွိဆံုးျဖစ္တဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တာဝန္ရွိသူေတြကိုေရာ အေရးတၾကီး လုပ္ေဆာင္ရမယ့္အခ်က္ေတြကို သတိေပးခ်င္တာရွိပါလဲရွင္။
မျမနႏၵာသင္း။ ။ အဓိကက က်မတို႔ဆီမွာက (၂)ပိုင္းျဖစ္တာေပါ့ေနာ္။ တပိုင္းက ကိုဗစ္ေပါ့ က်န္းမာေရး Security ေပါ့ က်န္းမာေရးလံုျခံဳေရးနဲ႔ ပဋိပကၡေဒသ လံုျခံဳေရး (၂)ခုေပါ့။ အဲ့၂ခုက အခုက တၿပိဳင္နက္တည္း ေျဖရွင္းေနရတဲ့ အခ်ိန္ျဖစ္တယ္ ဒါကလည္း က်မတို႔ဒီ အရပ္ဖက္အဖြဲ႔အစည္းေတြဘက္က ေဝဖန္ေျပာဆိုအၾကံေပးေနတယ္ဆိုေပမဲ့ တကယ္တမ္းလက္ေတြ႔မွာ ကုိယ္တုိင္ကိုယ္က် လက္ေတြ႔မွာ လုပ္ေနရတဲ့အဖြဲ႔အစည္းေတြမွာ သူတို႔မွာလည္း အခက္အခဲေတြရွိမွာေပါ့ေနာ္။ မထင္မွတ္ထားတဲ့ဟာေတြကို ျပင္ဆင္ရတဲ့ဟာမ်ိဳးေပါ့ေနာ္။ အဲ့လိုျဖစ္တဲ့ အေျခအေနအေပၚမွာဆိုရင္ အထူးသျဖင့္ကေတာ့ ဒီလိုရက္မ်ိဳးမွာ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ေကာင္းတာက ႏုိင္ငံေရးပါတီေတြဘက္က အၾကံျပဳခ်က္ေတြ ရယူတာမ်ိဳးေပါ့ တခါတေလက်ေတာ့လည္း အစည္းအေဝးလုပ္ေနတာက အခ်ိန္ကုန္တဲ့အခါက်ေတာ့ အစည္းအေဝးပံုစံမ်ိဳးမဟုတ္ပဲ ဒီေနရာမွာေတာ့ ဒါေတြျဖစ္ေနတယ္ ခ်က္ျခင္းေျဖရွင္းႏုိင္တဲ့ပံုစံေပါ့ Communication ဆက္သြယ္ေရးလမ္းေၾကာင္းေလးေတြ ခ်မွတ္ထားဖို႔လိုတယ္။
ေနာက္ တခါတေလက်ေတာ့ တာဝန္ယူမႈ တာဝန္ခံမႈေပါ့ က်မတို႔ လူမႈအဖြဲ႔အစည္းက ဘယ္သူ႔မွာ ဘာတာဝန္ရွိမွန္းမသိဘူး ေနာက္ ကိုယ့္ရဲ႕တာဝန္ကိုလည္း အသံုးမျပဳရဲတဲ့ဟာမ်ိဳးလည္းရွိတာေပါ့ေနာ္။ ဥပမာ သတင္းတခုေရာက္လာၿပီဆိုပါစို႔ ၿမိဳ႕နယ္ေကာ္မရွင္မွာပဲျဖစ္ျဖစ္ အရပ္မွာ ျဖစ္ေနတာကို သတင္းတခုကို ကိုယ္က ရလိုက္တယ္ ဒါကလည္းပဲ ေရြးေကာက္ပြဲလံုျခံဳေရးအတြက္ အေရးၾကီးတယ္ အဲ့တာမ်ိဳးဆိုလို႔ရွိရင္ ကိုယ္ဆံုးျဖတ္နုိင္တာ ကိုယ္လုပ္ႏုိင္တာ ဒါကို ခ်က္ျခင္းလုပ္ဖို႔။ ကိုယ္က ခ်က္ျခင္း မလုပ္ႏုိင္ဘူးဆိုရင္လည္း သက္ဆိုင္တဲ့သူေတြကို သတင္းမတ္ေဆ့ကို အေရာက္ပို႔ဖို႔ေပါ့ေနာ္ အဓိက Communication ေကာင္းေကာင္းလုပ္ဖို႔လိုပါတယ္။ ေနာက္ၿပီးေတာ့ ဒီမွာက ေစ့စပ္ညိွႏႈိင္းေရးအဖြဲ႔ေတြက ပိုၿပီးေတာ့မွ အားေကာင္းဖို႔လိုပါမယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေဒသအသီးသီးမွာရွိတဲ့အရပ္ဖက္အဖြဲ႔အစည္းေတြကိုလည္း ဖိတ္ေခၚၿပီးေတာ့မွ ဒီလိုမ်ိဳး ေရြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ အေျခအေနေတြရွိႏုိင္တယ္ဆိုလို႔ရွိရင္ သက္ဆုိင္ရာကို အေၾကာင္းၾကားေပးဖို႔ သူတို႔ကို ပူးေပါင္းေဆာင္ရြက္တဲ့ဟာမ်ိဳး လုပ္ရမယ္ေပါ့ေနာ္။ ဆိုလိုခ်င္တာက ဒီအခ်ိန္မွာ အခက္အခဲေတြေပါ့ေနာ္ ေဘးအႏၱရာယ္အခက္အခဲေတြ ကပ္ေရာဂါေတြလည္းရွိေနတဲ့အခ်ိန္မ်ိဳးမွာ တဦးတေယာက္တည္း အင္အားနဲ႔လည္း က်မတို႔လုပ္လို႔မရဘူး။ အဲ့ဒီ့အတြက္ေၾကာင့္မို႔လို႔ အားလံုးက ဝိုင္းဝန္းပူးေပါင္းၿပီးမွ လံုျခံဳေရးနဲ႔ပတ္သက္တဲ့ ျဖစ္ႏုိင္သမွ်ေသာ အၾကံျပဳခ်က္ေတြကို လုပ္ေဆာင္ႏုိင္သမွ် အတတ္ႏိုင္ဆံုး လုပ္သြားသင့္တယ္ေပါ့ေနာ္ ဒီဟာကို အဓိကေျပာခ်င္ပါတယ္။
ဒါကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲ ေနာက္ဆံုးအေျခအေန ပါတီေတြရဲ႕ လူစုလူေဝးနဲ႔ မဲဆြယ္စည္းရံုးမႈနဲ႔ လူထုအတြက္ က်န္းမာေရးလံုျခံဳမႈ သံုးသပ္ခ်က္အျမင္ေတြကို ဒီ ျမန္မာႏုိင္ငံ ေရြးေကာက္ပြဲ အထူးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ New Myanmar Foundationရဲ႕ အမႈေဆာင္ဒါရိုက္တာ မျမနႏၵာသင္းနဲ႔ ဆက္သြယ္ေမးျမန္း ၿပီး သီတင္းပတ္ရဲ႕ ျမန္မာ့ဒီမိုကေရစီေရးေဆြးေနြးခန္း အစီအစဥ္မွာ တင္ဆက္ထားတာျဖစ္ပါတယ္။
UNICODE
ဒီသီတင်းပတ်အတွက် မြန်မာ့ဒီမိုကရေစီဆွေးနွေးခန်းအစီအစဉ်မှာ သောတရှင်တွေ နားဆင်ရမှာကတော့-၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ အာဏာရပါတီ၊ အတိုက်အခံပါတီ အပါအဝင် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးနေကြချိန် အဓိကပါတီကြီးနှစ်ခုကြားမှာ အပြိုင်အဆိုင် အင်အားပြတာတွေ လူ့အသက်ဆုံးရှုံးရတဲ့အထိ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုတွေအပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာရတဲ့အထိ ယာဉ်မတော်တဆမှုတွေပါ ဖြစ်ပွားနေပါတယ်။ ဒေသတွင်းနယ်မြေလုံခြုံရေးနဲ့ အများပြည်သူ လူထု အသက်အန္တရာယ်ရှိလာနေတဲ့ အနေအထားမို့ အာဏာရပါတီ NLD အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေဘက်က ထိန်းထိန်းသိမ်းသိမ်း ထိထိရောက်ရောက် ကြပ်မတ်ကြဖို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက စိုးရိမ်တကြီး အကြံပေး လိုက်ကြပါတယ်။ ရွေးကောက်ပွဲကျင်းပချိန်ဟာ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ကူးစက်မြန်ရောဂါဖြစ်နေတဲ့ ကာလလည်း ဖြစ်နေတာမို့လို့ ကျန်းမာရေးလမ်းညွှန်ချက် စည်းမျဉ်း စည်းကမ်းချက်တွေနဲ့အညီ လိုက်နာဖို့ အရေးတကြီး လိုအပ်ပါတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူ မမြနန္ဒာသင်း က အကြံပေးပါတယ်။ ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲအထူးလေ့လာစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundationရဲ့ အမှုဆောင်ဒါရိုက်တာ မမြနန္ဒာသင်းနဲ့ ကျမ ဆုမွန် ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။
မင်္ဂလာပါ မမြနန္ဒာသင်းရှင့်။ လာမယ့်နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာလ ၈ရက်နေ့ကနေ နိုဝင်ဘာလ ၆ရက်နေ့ ည ၁၂နာရီအထိ ခွင့်ပြုထားပါတယ်။ အနည်းဆုံး ၆ပေခွာပြီး တကြိမ်မှာ လူ၅၀ထက်မပိုတဲ့ စုဝေးမှုတွေ နဲ့ အထူးသဖြင့် ကိုဗစ်၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ကြပါဆိုပြီး ညွှန်ကြားထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါီတီတွေဘက်ကရော ကိုယ်စားလှယ်လောင်းတွေဘက်ကရော လိုက်နာမှုအားနည်းတယ် ဒါကြောင့် သက်ဆိုင်ရာပါတီတွေဘက်က ကြီးကြပ်ပေးကြပါဦးဆိုပြီးတော့ ရွေးကောက်ပွဲကော်မရှင်က မနေ့ အောက်တိုဘာလ ၂၄ရက်နေ့ကလည်း ကြေညာချက်ထုတ် မေတ္တာရပ်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်။
ဒီကြားထဲမှာပါ အာဏာရပါတီနဲ့ အတိုက်အခံပါတီ ထောက်ခံဝန်းရံသူတွေကြားမှာ ခိုက်ရန်ဖြစ်ပွားတာတွေ မတော်တဆဖြစ်မှုတွေနဲ့ စိုးရိမ်စရာ အနေအထားဖြစ်လာနေပါတယ်။ ဒီအပေါ် ရွေးကောက်ပွဲအနီးကပ်စောင့်ကြည့်နေတဲ့ မမြနန္ဒာသင်းတို့အနေနဲ့ ဘယ်လိုသုံးသပ်မိပါလဲ နောက် ဒီအနေအထားပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဘယ်လို ထိန်းထိန်းသိမ်းသိမ်း ကြပ်မတ်ဆောင်ရွက်သင့်တယ်လို့ အကြံပေးချင်တာရှိပါလဲရှင်။
မမြနန္ဒာသင်း။ ။ အခုကတော့ ကိုဗစ်ကာလ မှာတော့ ကျန်းမာရေးဝန်ကြီးဌာကနေပြီးတော့ ကိုဗစ်စည်းကမ်းတွေပေါ့နော် ဒီမဲဆွယ်စည်းရုံးတဲ့အခါမှာ လိုက်နာရမယ့် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်တာမျိုး ရှိတယ်။ ဒါပေမဲ့လည်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှုကျတော့ နည်းနည်းကွဲပြားသွားတယ်ပေါ့နော်။ ဆိုတော့ အဲ့တာက ဘယ်လိုဖြစ်သလဲ ဆိုတော့ ကိုဗစ်ကာလမှာ လူ(၅၀)လို့ ကန့်သတ်လိုက်တဲ့အချိန်မှာ တခါတလေမှာ ကိုယ်စားလှယ်လောင်းတွေ မပါတော့ပဲနဲ့ ဝန်းရံထောက်ခံတဲ့သူတွေဆိုပြီးတော့မှ အုပ်စုလိုက် လူတွေထွက်ကြတာပေါ့နော် ပါတီပေါင်းစုံကနေပြီးတော့ သွားကြလာကြတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီ့အခါမှာ ခွင့်ပြုချက်တင်တာတွေမရှိတော့ဘူးပေါ့။ အဲ့ဒီ့မှာ ပါတီတခုနဲ့တခု လမ်းကြောင်းတွေမှာ ထိပ်တိုက်တွေ့တာတွေရှိလာတယ်။ ဒီဟာတွေကို အရေးယူတာတွေ အချိန်မီမလုပ်နိုင်ခဲ့ဘူးပေါ့နော်။ အရေးယူမှုအပိုင်းနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့မှုအပိုင်းကလည်း နည်းတာရယ်၊ လုံခြုံရေးပိုင်းကလည်း မချနိုင်ခဲ့တဲ့အပေါ်မှာ တခြားသော မလိုလားအပ်တဲ့ပြဿနာတွေ ထိပ်တိုက်ပေါ့နော် ပါတီနှစ်ခု ဆန့်ကျင်ဘက်အုပ်စုနှစ်ခုက ထပ်တိုက်တွေ့ပြီး အငြင်းပွားမှုတွေဖြစ်တယ်။ ရိုက်ကြနှက်ကြတာတွေဖြစ်တယ်ပေါ့နော်။
မဆုမွန်။ ။ဟုတ်ကဲ့ အခုဆို မြန်မာပြည်မှာဆိုရင် စပြီးတော့ မဲဆွယ်စည်းရုံးနေကြတယ်ပေါ့နော် ဒါပေမဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးနေကြတယ် ဘာပြဿနာမှ မရှိဘူး ဒါပေမဲ့ ပါတီကြီးနှစ်ခုဖြစ်တဲ့ လက်ရှိ အာဏာရပါတီ NLDရယ် အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရယ်မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေရှိတယ် လွန်ခဲ့တဲ့ရက်ပိုင်းမှာ ဆို လူအသက်ဆုံးရှုံးရတဲ့ အထိဖြစ်ရခဲ့ပါတယ် လူအုပ်စုလိုက် ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်တဲ့အထိ လူထုအသက်အန္တရာယ်ရှိတဲ့အထိဖြစ်လာတဲ့ အနေအထားဖြစ်လာနေတော့- ဒီအပေါ်မှာ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေဘက်ကရော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်ကရော ဘယ်လိုကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ အကြံပေးနိုင်တာ ရှိပါလဲရှင့်။
မမြနန္ဒာသင်း။ ။ အဓိက ကတော့လေ ကျမတို့ မြို့နယ်တိုင်းမှာ " ရွေးကောက်ပွဲလုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီ" ဆိုတာရှိတယ်။ အဲ့ဒီ့မှာဆိုရင် အုပ်ချုပ်ရေးပိုင်းပါမယ်။ နောက် ရဲမှူးပါမယ် နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ပါမယ်။ နောက် ရပ်မိရပ်ဖတွေလည်းပါမယ်ပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲလုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီ ကို ကျမတို့က အမြန်ဆုံးအသက်သွင်းရမယ် ဒါ နံပတ်တစ်။ နံပတ်နှစ်ကတော့ ကိုယ်စားလှယ်လောင်းတွေကပဲ ထွက်ထွက် ဝန်းရံသူတွေကပဲ ထွက်ထွက် ဒီအခြေအနေအပေါ်မှာ ခွင့်ပြုချက်တင်ရမယ်ဆိုတဲ့ အခြေအနေတခုကို ထုတ်ပြန်ဖို့လိုပြီးတော့ အဲ့လိုမျိုး တင်လာတဲ့အပေါ်မှာလည်း ချက်ခြင်း လုံခြုံရေးပေါ့နော်။ လုံခြုံရေးက တပါတည်းလိုက်ပါသွားဖို့လိုတယ်ပေါ့နော်။ ဒီလိုလိုက်ပါသွားခြင်းအားဖြင့် ဥပမာ ပါတီ တခုနဲ့တခုနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ကြိုတင်ပြီးတော့ တားဆီးနိုင်မယ်။
နောက်တခုကတော့ ကျမတို့ အခုလက်ရှိလုပ်နေတဲ့ဟာလေးရှိတယ်။ ဘာလဲဆိုတော့ Early Warning Signs လေးပေါ့နော် Early Warning Signs လေးကို လုပ်စေချင်တယ်။ အဲ့တာကတော့ ဥပမာ ဒေသတခုမှာ အငြင်းပွားမှု ဖြစ်တော့မယ် ၊ ပဋိပက္ခဖြစ်ပွားမှု အသွင်ကို ဆောင်နေပြီဆိုတာနဲ့ တွေ့ရင် တွေ့တဲ့သူကနေ ရွေးကောက်ပွဲကော်မရှင်ကို ချက်ခြင်းအကြောင်းကြားတာမျိုး ဒါမှမဟုတ်ရင် နီးစပ်ရာရဲစခန်းကို အကြောင်းကြားတာမျိုးတွေပေါ့နော် အဲ့တာမျိုးတွေကို အရေးတကြီးလုပ်သင့်တယ်။ နောက်တခု အရေးအကြီးဆုံးကတော့ " ရွေးကောက်ပွဲလုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီ" အနေနဲ့ကတော့ Call Center တွေဖွင့်သင့်တယ်။ ဒီ Call Center တွေမှာ မဲဆန္ဒရှင်ပြည်သူလူထု တယောက်ယောက်ကပဲဖြစ်ဖြစ် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကပဲဖြစ်ဖြစ် ဖုန်းဆက်လိုက်ပြီဆိုတာနဲ့ ဒီနေရာမှာတော့ ပဋိပက္ခဖြစ်တော့မယ့် အခြေအနေကိုတွေ့နေရပြီ။ အခုအချင်းများနေကြပြီ။ ချက်ခြင်းလုံခြုံရေးကို လွှတ်ပေးပါ ဆိုလို့ရှိရင် လုံခြုံရေးက ရောက်လာရမှာပေါ့နော် ဒါပေမဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ရဲက ပွဲပြီးသွားမှ ရောက်လာတာမျိုး ဆေးရုံရောက်ကုန်ကြပြီးမှ ရောက်လာတမျိုး ဒါမျိုးဆိုရင်တော့-မထိရောက်နိုင်ဘူးပေါ့နော်။ အဲ့တာမျိုးတွေထက်စာရင် ကျမတို့က ဒီတရားဥပဒေစိုးမိုးရေးနဲ့ လာမယ့်၈ရက်နေ့အထိ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့လိုတယ်။ နောက် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပဋိပက္ခတို့ အကြမ်းဖက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာကလည်း ရွေးကောက်ပွဲကော်မရှင် တခုတည်းနဲ့ လုပ်လို့ရတဲ့ အနေအထားမျိုးမှာ မရှိဘူး။ သူက လုံခြုံရေးလည်း လိုအပ်တယ်။ နောက် သတင်းအချက်အလက် စီးဆင်းမှုတွေကလည်း မြန်ဆန်နေရမယ်ပေါ့နော်။ ချက်ခြင်း တယောက်ယောက်က အကြောင်းကြားပြီဆိုတာနဲ့ တုန့်ပြန်ပြီးတော့မှ Action ယူတဲ့ဟာမျိုးကို ဒီနှစ်ပတ်အတောအတွင်းမှာ အရေးတကြီးလုပ်ဆောင်သင့်တယ်လို့ ကျမတို့က အကြံပြုချင်တာပေါ့နော်။
မဆုမွန်။ ။ ဟုတ်ကဲ့။ ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲရဲ့ထူးခြားချက်ကလည်း ကပ်ရောဂါဖြစ်ပွားနေချိန်လည်းဖြစ်တာပေါ့နော်။ ဒီလိုစည်းရုံးရေး အောင်နိုင်ရေးတွေ လူအုပ်လိုက်ကြီးတွေ သွားလာနေကြတဲ့အပေါ် ဝန်းရံနေတဲ့သူတွေတင်မက အများပြည်သူ ကျန်းမာရေး အသက်အန္တရာယ် လုံခြုံရေးတွေအတွက် အရေးတကြီးလိုက်နာရမယ့်လမ်းညွှန်ချက်တွေအပေါ် မမြနန္ဒာသင်းအနေနဲ့ ဘယ်လိုအကြံပြုချင်တာ ရှိပါသလဲရှင်။
မမြနန္ဒာသင်း။ ။ ပါတီတွေက သူတို့ကို ဝန်းရံတဲ့သူတွေကို မထွက်ဖို့ဆိုပြီးတော့မှ ထုတ်ပြန်တဲ့ဟာမျိုးတွေတော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့လည်း ကြပ်ကြပ်မတ်မတ် လုပ်နိုင်ဖို့က ခက်သွားတယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ဝန်းရံသူဆိုတာကလည်း ပါတီဝင် ဟုတ်ရင်လည်းဟုတ်မယ်။ မဟုတ်တာမျိုးတွေလည်း ရှိနိုင်တယ် ဒါပေမဲ့လည်းပဲ ဒီ့ထက်ပိုမိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ့နော် ဥပမာ ပါတီဝင်တွေ လုံးဝမထွက်ရဘူးဆိုတာမျိုး တကယ်လို့ ထွက်မယ်သွားမယ်ဆိုရင်လည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လူ(၅၀) ထက်မပိုအောင် ဘယ်လိုလုပ်မလဲပေါ့။ ဒီလိုအခြေအနေမျိုးတွေကို ဒီပါတီတွေက တိုင်ပင်သင့်တယ် စောင့်ကြည့်သင့်တယ်။
အရေးအကြီးဆုံးက ဘာလဲဆိုတော့ အထူးရဲပေါ့နော် အခုဆိုရင် ကျမတို့သိရသလောက်က အထူးရဲတွေကို ရွေးကောက်ပွဲနေ့ တနေ့အတွက် နောက်ပြီး မဲရုံသုံးပစ္စည်းတွေ သယ်ဖို့ပြုဖို့ပေါ့နော် အဲ့လိုမျိုးတွေအတွက်ပဲ တာဝန်ပေးတယ်လို့ ကျမတို့သိရတယ် ။ ဥပမာ မဲဆွယ်စည်းရုံးရေးပိုင်းတွေ နောက်ပြီးတော့ ဝန်းရံသူတွေ သွားတဲ့လမ်းတွေမှာ လုံခြုံရေးကို မတွေ့ရဘူးပေါ့နော်။ လုံခြုံရေးကို မတွေ့နိုင်ခြင်းဟာဒီပြဿနာတွေကို ဖြစ်နိုင်ဖို့အတွက်ကို ပိုပြီးတော့မှ ဦးတည်စေတယ်။ အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကို ပိုပြီးဖြစ်လာနိုင်စေတယ်ပေါ့နော်။ ဒီအတွက် ကျမတို့သင့်တော်တဲ့ ထုတ်ပြန်ချက်တခုကို အမြန်ဆုံး ထုတ်ပြန်သင့်တယ်ပေါ့နော်။ ဥပမာ ဝန်းရံသူတွေ ခွင့်ပြုချက်တင်ရမယ်ဆိုတဲ့ဟာမျိုး ဒါမှမဟုတ်ရင်လည်း လုံခြုံရေးလိုက်တာမျိုး ဒီလိုမျိုးတွေ လုပ်မှသာ အန္တရာယ်ကင်းမယ်ပေါ့နော်။ နောက်တခုကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ခေါ်ယူသတိပေးတဲ့ အခြေအနေမျိုးတွေ နောက် ပြစ်မှုပြစ်ဒဏ်အရ အမှုဖွင့်တဲ့ဟာမျိုးတွေပေါ့နော် ဒါမျိုးတွေကိုတော့ လုပ်ဆောင်သင့်တယ်ထင်ပါတယ်။
မဆုမွန်။ ။ ဟုတ်ကဲ့ အခုပြောနေကြတာက မြို့ပေါ် လူထုလုံခြုံရေးပေါ့နော် နောက်တခုက တိုင်းရင်းဒေသတွေမှာ အထူးသဖြင့် တိုက်ပွဲတွေဖြစ်နေတာ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့နေရာတွေမှာ တပ်မတော်ရဲ့အကြံပေးချက်အရ ရွေးကောက်ပွဲ ကျင်းပခွင့်မပေးတာရှိတယ် ။ ချင်းပြည်နယ်ပလက်ဝဘက်ဆို ရွေးကောက်ပွဲကျင်းပခွင့်ပေးလိုက် လည်းရှိတယ်။ အဲ့လို နယ်မြေဒေသလုံခြုံမှုစိုးရိမ်စရာနေရာတွေက ပြည်သူလူထုရဲ့ လုံခြုံရေးတွေအတွက် သက်ဆိုင်ရာ ပြည်နယ်တိုင်းတာဝန်ရှိသူတွေရော မြို့နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေဘက်က အရေးတကြီး ဘာတွေဆောင်ရွက်ပေးသင့်တယ်လို့ထင်ပါလဲရှင့်။
မမြနန္ဒာသင်း။ ။ အဓိက ကတော့လေ ဒီလိုနေရာမျိုးတွေမှာ လုံခြုံရေးပိုင်းက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့သုံးရက်တာ အောက်တိုဘာ ၁၉ရယ် ၂၀ရယ် ၂၂ မှာ နိုင်ငံရေးပါတီ သုံးဆယ်ကျော်လောက်နဲ့ ဆွေးနွေးကြတယ်။ ရွေးကောက်ပွဲ ပဋိပက္ခနဲ့ လုံခြုံရေးပိုင်းဆိုင်ရာဆွေးနွေးပွဲဆိုပြီး ကျမတို့လုပ်ခဲ့တယ် နောက် အရပ်ဖက်အဖွဲ့ ၆၀ကျော် ဒေသတွင်းမှာရှိတဲ့ Local CSOs တွေရောပေါ့နော် သူတို့ကိုပါ ဖိတ်ကြားပြီး အစည်းအဝေးတွေ လုပ်တဲ့အခါမှာ သူတို့ဘက်ကနေ အကြံပြုတဲ့ဟာတွေရှိတယ်။ အထူးသဖြင့်ကတော့ ဒီလိုဒေသတွေမှာဆိုရင် အရပ်ဖက်လူမှုအဖွဲ့တွေ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တို့ နောက်ပြီးတော့ စေ့စပ်ညှိနှိုင်းရေးကော်မတီတို့ ရွေးကောက်ပွဲလုံခြုံရေးပိုင်းဆိုင်ရာအဖွဲ့တွေပေါ့နော် ပုံမှန်တွေ့ဆုံမှုတွေကို လုပ်ပြီးတော့ ချက်ခြင်း Alert လုပ်တဲ့စနစ်ပေါ့နော်။ ဒီAlert စနစ်က ဘယ်နေရာမှာ ဘာဖြစ်နေတယ် လုံခြုံမှုရှိတယ် မရှိဘူး နောက်ပြီးတော့ လုံခြုံမှုရှိတယ် မရှိဘူးဆိုတာကလည်း ချက်ခြင်းဆုံးဖြတ်လို့ ရတာမဟုတ်ပဲနဲ့ တခါတလေမှာ စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အဆင်ပြေသွားတာမျိုးတွေလည်းရှိတယ်။ ဆိုတော့ အဲ့သလိုမျိုး Engagement တွေကိုလည်း လုပ်ပေးရမယ်ပေါ့နော်။ ဒီနေရာမှာ စေ့စပ်ညှိနှိုင်းမှုကို လုပ်ပေးနေတဲ့အုပ်စုတွေက အားနည်းနေတယ်လို့ထင်တယ်။
တဘက်နဲ့တဘက် မဆွေးနွေးမိပဲနဲ့ စကားမပြောမိပဲနဲ့ လုံခြုံရေးအခြေအနေ ကောင်းမွန်တဲ့နေရာမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိဘူးဆိုပြီး ပယ်လိုက်မိတာတွေရှိနိုင်သလို တကယ်ဖြစ်ပွားနေတဲ့နေရာတွေမှာ ပယ်သင့်ပယ်ထိုက်တဲ့နေရာတွေလည်းရှိနိုင်တယ်။ အဓိက ကတော့ စုံညီစကားပြောကြမှာသာလျှင် ဘယ်နေရာက ဘယ်လောက်အခြေအနေအထိဖြစ်နေတယ် ဘယ်လိုဖြစ်နေတယ် အဲ့ဒီ့ဟာက ဖြေရှင်းလို့ရသလား မရဘူးလားဆိုတာ ကျမတို့သိနိုင်မယ်။ အဲ့လိုမျိုးသွားမှာသာလျှင် ရွေးကောက်ပွဲနေ့မှာ လူတွေ မဲထွက်ပေးမှာပေါ့နော်။
မဆုမွန်။ ။ ဟုတ်ကဲ့ပါ အခုဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ကလည်း (၁၅)ရက်ပဲလိုတော့တဲ့အချိန်မှာ မဲပေးမယ့်ပြည်သူကို ရွေးကောက်ပွဲစောင့်ကြည့်သူအနေနဲ့ ဘာသတင်းစကားပါးချင်တာရှိပါလဲ။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကိုရော အရေးတကြီး လုပ်ဆောင်ရမယ့်အချက်တွေကို သတိပေးချင်တာရှိပါလဲရှင်။
မမြနန္ဒာသင်း။ ။ အဓိကက ကျမတို့ဆီမှာက (၂)ပိုင်းဖြစ်တာပေါ့နော်။ တပိုင်းက ကိုဗစ်ပေါ့ ကျန်းမာရေး Security ပေါ့ ကျန်းမာရေးလုံခြုံရေးနဲ့ ပဋိပက္ခဒေသ လုံခြုံရေး (၂)ခုပေါ့။ အဲ့၂ခုက အခုက တပြိုင်နက်တည်း ဖြေရှင်းနေရတဲ့ အချိန်ဖြစ်တယ် ဒါကလည်း ကျမတို့ဒီ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ဝေဖန်ပြောဆိုအကြံပေးနေတယ်ဆိုပေမဲ့ တကယ်တမ်းလက်တွေ့မှာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့မှာ လုပ်နေရတဲ့အဖွဲ့အစည်းတွေမှာ သူတို့မှာလည်း အခက်အခဲတွေရှိမှာပေါ့နော်။ မထင်မှတ်ထားတဲ့ဟာတွေကို ပြင်ဆင်ရတဲ့ဟာမျိုးပေါ့နော်။ အဲ့လိုဖြစ်တဲ့ အခြေအနေအပေါ်မှာဆိုရင် အထူးသဖြင့်ကတော့ ဒီလိုရက်မျိုးမှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကောင်းတာက နိုင်ငံရေးပါတီတွေဘက်က အကြံပြုချက်တွေ ရယူတာမျိုးပေါ့ တခါတလေကျတော့လည်း အစည်းအဝေးလုပ်နေတာက အချိန်ကုန်တဲ့အခါကျတော့ အစည်းအဝေးပုံစံမျိုးမဟုတ်ပဲ ဒီနေရာမှာတော့ ဒါတွေဖြစ်နေတယ် ချက်ခြင်းဖြေရှင်းနိုင်တဲ့ပုံစံပေါ့ Communication ဆက်သွယ်ရေးလမ်းကြောင်းလေးတွေ ချမှတ်ထားဖို့လိုတယ်။
နောက် တခါတလေကျတော့ တာဝန်ယူမှု တာဝန်ခံမှုပေါ့ ကျမတို့ လူမှုအဖွဲ့အစည်းက ဘယ်သူ့မှာ ဘာတာဝန်ရှိမှန်းမသိဘူး နောက် ကိုယ့်ရဲ့တာဝန်ကိုလည်း အသုံးမပြုရဲတဲ့ဟာမျိုးလည်းရှိတာပေါ့နော်။ ဥပမာ သတင်းတခုရောက်လာပြီဆိုပါစို့ မြို့နယ်ကော်မရှင်မှာပဲဖြစ်ဖြစ် အရပ်မှာ ဖြစ်နေတာကို သတင်းတခုကို ကိုယ်က ရလိုက်တယ် ဒါကလည်းပဲ ရွေးကောက်ပွဲလုံခြုံရေးအတွက် အရေးကြီးတယ် အဲ့တာမျိုးဆိုလို့ရှိရင် ကိုယ်ဆုံးဖြတ်နိုင်တာ ကိုယ်လုပ်နိုင်တာ ဒါကို ချက်ခြင်းလုပ်ဖို့။ ကိုယ်က ချက်ခြင်း မလုပ်နိုင်ဘူးဆိုရင်လည်း သက်ဆိုင်တဲ့သူတွေကို သတင်းမတ်ဆေ့ကို အရောက်ပို့ဖို့ပေါ့နော် အဓိက Communication ကောင်းကောင်းလုပ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ဒီမှာက စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေက ပိုပြီးတော့မှ အားကောင်းဖို့လိုပါမယ်ပေါ့နော်။ နောက်ပြီးတော့ ဒေသအသီးသီးမှာရှိတဲ့အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ခေါ်ပြီးတော့မှ ဒီလိုမျိုး ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခြေအနေတွေရှိနိုင်တယ်ဆိုလို့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ သူတို့ကို ပူးပေါင်းဆောင်ရွက်တဲ့ဟာမျိုး လုပ်ရမယ်ပေါ့နော်။ ဆိုလိုချင်တာက ဒီအချိန်မှာ အခက်အခဲတွေပေါ့နော် ဘေးအန္တရာယ်အခက်အခဲတွေ ကပ်ရောဂါတွေလည်းရှိနေတဲ့အချိန်မျိုးမှာ တဦးတယောက်တည်း အင်အားနဲ့လည်း ကျမတို့လုပ်လို့မရဘူး။ အဲ့ဒီ့အတွက်ကြောင့်မို့လို့ အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီးမှ လုံခြုံရေးနဲ့ပတ်သက်တဲ့ ဖြစ်နိုင်သမျှသော အကြံပြုချက်တွေကို လုပ်ဆောင်နိုင်သမျှ အတတ်နိုင်ဆုံး လုပ်သွားသင့်တယ်ပေါ့နော် ဒီဟာကို အဓိကပြောချင်ပါတယ်။
ဒါကတော့ ၂၀၂၀ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ ပါတီတွေရဲ့ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးမှုနဲ့ လူထုအတွက် ကျန်းမာရေးလုံခြုံမှု သုံးသပ်ချက်အမြင်တွေကို ဒီ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အထူးလေ့လာစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundationရဲ့ အမှုဆောင်ဒါရိုက်တာ မမြနန္ဒာသင်းနဲ့ ဆက်သွယ်မေးမြန်း ပြီး သီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း အစီအစဉ်မှာ တင်ဆက်ထားတာဖြစ်ပါတယ်။