သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ကန် ဒဏ်ခတ်အရေးယူ


အမေရိကန်သမ္မတ ဒေါနယ်လ်ထရမ့် လက်မှတ်ရေးထိုးစဉ်။
အမေရိကန်သမ္မတ ဒေါနယ်လ်ထရမ့် လက်မှတ်ရေးထိုးစဉ်။

အမေရိကန်က အီရန်အပေါ် ပြင်းပြင်းထန်ပြောကြားခဲ့ပြီးတဲ့ နောက်မှာ ပထမအဆင့်အနေနဲ့ အရေးယူမှု ဒဏ်ခတ်မှုအသစ်တွေ ချမှတ် လိုက်ပါတယ်။ ဒီအထဲမှာ အီရန်ရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်နဲ့ သက်ဆိုင်သူတွေ၊ အရှေ့အလယ်ပိုင်း ဒေသတလွှားက သူတို့နဲ့ ဆက်နွယ်နေသူတွေ ထဲက လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ ကုမ္ပဏီ ၁၂ ခုကို ဒဏ်ခတ် အရေးယူခဲ့တာပါ။

အခု ပစ်မှတ်ထား အရေးယူတဲ့ ထဲမှာ အီရန်ကို သူ့ရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်အဆင့်မြှင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ နည်းပညာ ပံ့ပိုးကူညီပေးတဲ့ UAE အာရပ်စော်ဘွားများ နိုင်ငံနဲ့ တရုတ်နိုင်ငံထဲက အီရန်ကို ပံ့ပိုးကူညီနေတဲ့ ကွန်ယက်တွေပါ ပါဝင်ပါတယ်။

အခု အရေးယူဒဏ်ခတ်မှုဟာ အီရန်ရဲ့ အစ္စလာမ်တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ အီရန်က ထောက်ပံ့ကူညီနေတဲ့ Hezbollah လက်ဘနွန် အကြမ်းဖက်အဖွဲ့ တွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ် တဦးချင်းစီကိုရော ကွန်ယက် အဖွဲ့တွေကိုပါ ရည်ရွယ်ချမှတ်တာလို့ ဘဏ္ဍာရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အီရန်ရဲ့ မကြာသေးခင်က လုပ်ဆောင်မှုတွေဟာ ရေရှည်အတွက် မကောင်းသလို လက်ခံနိုင်စရာ မရှိဘူးလို့ အကြီးတန်း တာဝန်ရှိသူ တဦးက ပြောဆိုခဲ့သလို အခု အရေးယူမှုဟာ အီရန်ရဲ့ ရန်လိုတဲ့ လုပ်ဆောင်ချက်ကို တုန့်ပြန်တဲ့ ကနဦး အရေးယူူမှု အဆင့်မှာပဲ ရှိနေသေးတယ်လို့ သတိပေးပါတယ်။

ဒါပေမယ့် အီရန်အနေနဲ့ ရွေးစရာလမ်း ရှိနေပြီး အမေရိကန်ဘက်ကတော့ အီရန်ရဲ့ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်တာနဲ့ တချိန်ထဲမှာပဲ နိုင်ငံတကာကို ကတိပေးထားတဲ့ အချက်ကို အီရန်က လိုက်နာလာခဲ့ရင်အီရန်နဲ့ အပြုသဘောဆောင် လုပ်ဆောင်မှု တွေကို လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အီရန်အပေါ် ကန် ဒဏ်ခတ်အရေးယူ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG