သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း တင်းကျပ်တဲ့လုံခြုံရေးနဲ့ နှစ်သစ်ကြိုဖို့ ပြင်ဆင်နေ


နယူးယောက် Times Square တွင် စောင့်ကျပ်နေသည့် အကြမ်းဖက် ဝါဒတန်ပြန်နှိမ်နင်ရေး တပ်ဖွဲ့ဝင်များ။ ၂၈ ဒီဇင်ဘာ ၂၀၁၇။
နယူးယောက် Times Square တွင် စောင့်ကျပ်နေသည့် အကြမ်းဖက် ဝါဒတန်ပြန်နှိမ်နင်ရေး တပ်ဖွဲ့ဝင်များ။ ၂၈ ဒီဇင်ဘာ ၂၀၁၇။

ကမ္ဘာတဝန်းက မြို့ကြီးတွေမှာ လာမယ့် ၂၀၁၈ နှစ်သစ်ကို ကြိုဆိုဖို့ စုဝေးကြမယ့် သူတွေရဲ့ လုံခြုံရေးအတွက် နှစ်သစ်ကြိုညမှာ သိန်းနဲ့ချီတဲ့ ရဲဝန်ထမ်းတွေ၊ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ဝန်ထမ်းတွေကို တာဝန်ချထားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်က Times Square မှာ နှစ်သစ်ကူးချိန် နှစ်စဉ်ကျင်းပတဲ့ နှစ်ဟောင်းဘောလုံးကိုချပြီး နှစ်သစ်ကူးပြောင်းတာကို စောင့်ကြည့် ဆင်နွှဲကြတဲ့ ပရိသတ်က ၂ သန်းလောက် လာရောက်မယ်လို့ ခန့်မှန်းထားတာမို့ အဲဒီနေရာ တဝိုက်ကို ဝင်ရောက်မယ့်သူတွေအတွက် စစ်ဆေးမှုကို နှစ်ဆင့် လုပ်ဆောင်မှ ဖြစ်သလို လမ်းပိတ်ဆို့တာတွေ၊ အထူး လေ့ကျင့် ထားတဲ့ခွေးတွေနဲ့ လုံခြုံရေး တင်းကျပ်ထားမှာဖြစ်ပြီး လက်ဖြောင့်တပ်သားတွေလဲ ချထားမှာဖြစ်ကြောင်း နယူးယောက်မြို့တော် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

နီဗားဒါးပြည်နယ်က ကာစီနိုကစားဝိုင်းတွေ၊ အပန်းဖြေစခန်းတွေနဲ့ ဟော်တယ်တွေရှိရာ နာမည်ကြီး Las Vegas မှာတော့ လာရောက်သူ ၃၀၀,၀၀၀ ကျော်မယ်လို့ ခန့်မှန်းထားပြီး သူတို့အတွက် ရဲအရာရှိ ၁,၅၀၀ ကျော်အပြင် ပြည်တွင်းကာကွယ်ရေး အရံတပ်ဖွဲ့အင်အား ၃၀၀ ကပါ လုံခြုံရေးတာဝန်ယူကြမှာဖြစ်သလို ခေါင်မိုးတွေပေါ်မှာ လက်ဖြောင့်သေနတ် သမားတွေ အစောင့်ချထားပြီး အရေးပေါ်တပ်ဖွဲ့တွေကိုပါ မနှစ်ကထက် နှစ်ဆတိုးပြီး ထားရှိပေးမှာဖြစ်ပါတယ်။

တောင်အမေရိကတိုက်၊ ဘရာဇီးလ်က Rio de Janeiro မှာ လုံခြုံရေးတပ်သား ၁၂,၀၀၀ လောက် ချထားဖို့ စီစဉ်ထားတာမို့ ဒါဟာ မနှစ်ကထက် ၂၀% တိုးချထားတာ ဖြစ်ပါတယ်။

လန်ဒန်မှာလဲ လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစုံတရာ ရမထားပေမယ့် မြေအောက်ရထားလမ်းတွေနဲ့ လူအများစုဝေးကြမယ့် နေရာတွေမှာ လုံခြုံရေးအတွက် လက်နက်ကိုင်အရာရှိတွေနဲ့ K-9 ရဲခွေးတွေကို အများအပြားချထားဖို့ စီစဉ်ထားပါတယ်။ ဂျာမနီက ဘာလင်၊ မြူးနစ်၊ ဟမ်းဘတ်နဲ့ Cologne မြို့တွေအပါအဝင် မြို့ကြီးအားလုံးမှာ နှစ်သစ်ကူးအကြိုညအတွက် လုံခြုံရေးတွေ တိုးချထားတာပါ။

အိန္ဒိယနိုင်ငံမှာတော့ မွန်ဘိုင်းမြို့က လူအများလာရောက်စုဝေးမယ့် နေရာတွေမှာ လုံခြုံရေးတပ်သား ၃၀,၀၀၀ ကျော် ချထားမှာ ဖြစ်သလို မကြာသေးခင်ကမှ အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ သြစတြေးလျက လူအများလာရောက် စုဝေးရာ နေရာ တွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG