သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York မြို့မှာ ကျန်းမာရေးအကြံပြုချက် ဆက်ထုတ်


ကနေဒါနိုင်ငံဘက်က တောမီးလောင်မှုကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းက နယူးယောက်မြို့မှာ မီးခိုးတွေဖုံးလွှမ်းနေတာကို ဇွန်လ ၈ ရက် ကြာသပတေးနေ့က တွေ့ရတာဖြစ်ပါတယ်။
ကနေဒါနိုင်ငံဘက်က တောမီးလောင်မှုကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းက နယူးယောက်မြို့မှာ မီးခိုးတွေဖုံးလွှမ်းနေတာကို ဇွန်လ ၈ ရက် ကြာသပတေးနေ့က တွေ့ရတာဖြစ်ပါတယ်။

ကနေဒါနိုင်ငံမှာ လောင်ကျွမ်းနေတဲ့တောမီးကနေ ပျံ့လွင့်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုအရည်အသွေး စိုးရိမ်ရတဲ့အဆင့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတဲ့ အမေရိကန်အရှေ့ခြမ်းမြို့တွေမှာ ဒီနေ့ အခြေအနေ အနည်းငယ် ပြန်ကောင်းလာပါတယ်။ New York မြို့မှာ သောကြာနေ့ သန်းခေါင်ချိန်အထိ ကျန်းမာရေး အကြံပြုချက် ဆက်လက် ထုတ်ပြန်ထားပါတယ်။ လေထုအရည်အသွေးက ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်ရှိနေသေးတဲ့အတွက် အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းဝတ်ကြဖို့ တာဝန်ရှိသူတွေ တိုက်တွန်းထားပါတယ်။ ကနေဒါနိုင်ငံမှာ ၁၀ ဧကကျော်လောက် တောမီးတွေလောင်ကျွမ်းနေဆဲဖြစ်ပါတယ်။

နိုင်ငံတကာက မီးသတ်တပ်ဖွဲ့ဝင်တွေ ကနေဒါမှာ ရောက်ရှိနေပြီး ကူညီညှိမ်းသတ်ပေးနေကြပါတယ်။ အမေရိကန် ပြည်ထောင်စုက မီးသတ်သမား ၆၀၀ ကျော်နဲ့ မီးသတ်ပစ္စည်း ကိရိယာတွေ ပေးပို့ထားပြီး တခြား မဟာမိတ်နိုင်ငံတွေ ကလည်း အကူအညီတွေ တိုးမြှင့် ပေးသွားမယ့်အကြောင်း ကတိပြုထားပါတယ်။ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဗုဒ္ဓဟူးနေ့က ဆက်သွယ်ပြောစဉ်မှာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု အကျိုးဆက် သိသိသာသာ ဆိုးရွားလာနေတဲ့အပေါ် ပူးပေါင်း ကိုင်တွယ်ဖို့ လိုအပ်နေတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

ကနေဒါတောမီးကြောင့် အမေရိကန်အရှေ့ခြမ်းဒေသတခုလုံးသာမက အနောက်အလယ်ပိုင်း တချို့ပြည်နယ်တွေမှာပါ လေထုအရည်အသွေး သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။ မြင်ကွင်းမကြည်လင်တဲ့အတွက် လေယာဉ်ခရီးစဉ်တချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG