သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အမ်ိဳးသမီး ေတာင္ေအာက္ႏွင္းေလွ်ာစီးၿပိဳင္ပြဲ နယူးဇီလန္ ေရႊတံဆိပ္ရ


အမ်ိဳးသမီး ေတာင္ေအာက္ႏွင္းေလွ်ာစီးၿပိဳင္ပြဲမွာ ေရႊတံတဆိပ္ ဆြတ္ခူးခဲ့တဲ့ နယူးဇီလန္ႏုိင္ငံသူ Zoi Sadowski Synnott. (ေဖေဖာ္ဝါရီ ၆၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ က်င္းပေနတဲ့ ေဆာင္းရာသီ အိုလံပစ္ပြဲမွာ နယူးဇီလန္ႏုိင္ငံသူ Zoi Sadowski Synnott က အမ်ိဳးသမီး ေတာင္ေအာက္ႏွင္းေလွ်ာစီးၿပိဳင္ပြဲမွာ ဒီကေန႔ ေရႊတံတဆိပ္ ဆြတ္ခူးသြားပါတယ္။

မ်က္နွာျပင္မာေၾကာေနတဲ့ ႏွင္းေတြနဲ႔ အရိုးကြဲမတတ္ ေအးေနတဲ့ ေတာင္ေအာက္ႏွင္းေလွ်ာစီးၿပိဳင္ပြဲက ဆန္ကာတင္ ၁၂ ဦးထဲမွာ အသက္ ၂၀ အရြယ္ Synott က ႏုိင္ငံအတြက္ ပထမဆုံး ေရႊတံဆိပ္ ဆြတ္ခူးေပးခဲ့တာ ျဖစ္ပါတယ္။ ခ်န္ပီယံဆု ၂ ႀကိမ္ရထားတဲ့ အေမရိကန္သူ Jamie Anderson ကေတာ့ နံပါတ္ ၉ ေနရာက ပန္းဝင္ခဲ့ပါတယ္။

တဦးခ်င္းစြမ္းရည္ျပစကိတ္ၿပိဳင္ပြဲမွာေတာ့ ႐ုရွားႏုိင္ငံက Kamila Valieva က အမ်ားေမွ်ာ္လင့္ထားသလိုပဲ ကမၻာ့စံခ်ိန္ ခ်ဳိးႏုိင္ခဲ့ပါတယ္။ အသက္ ၁၅ ႏွစ္အရြယ္ Valieva ဟာ ၿပီးခဲ့တဲ့တပတ္ကမွ က်င္းပခဲ့တဲ့ ဥေရာပခ်န္ပီယံပြဲမွာ သူရခဲ့တဲ့ စံခ်ိန္အမွတ္ ၉၀ ဒသမ ၄၅ ကိုခ်ဳိးၿပီး ေဘဂ်င္းအိုလံပစ္ပြဲမွာ ၉၀ ဒသမ ၁၈ နဲ႔ စံခ်ိန္သစ္တင္ခဲ့တာပါ။ ပထမေန႔ၿပိဳင္ပြဲမွာပဲ ႐ုရွားက ၃၆ မွတ္အသာနဲ႔ အေမရိကန္နဲ႔ ဂ်ပန္အသင္းေတြေရွ႕က ဦးေဆာင္ေနပါတယ္။

တဦးခ်င္းစြမ္းရည္ျပစကိတ္စီးၿပိဳင္ပြဲမွာ အေမရိကန္အသင္းက Karen Chen ယွဥ္ၿပိဳင္တဲ့အခါမွာ ၂ ခါေလာက္မွားၿပီး ေလထဲမွာ ၃ ပတ္လွည့္ျပရတဲ့ အပုိင္းမွာ လဲက်ခဲ့တာေၾကာင့္ ဒီပြဲစဥ္အတြက္ နံပါတ္ ၅ ေနရာကို ေရာက္ခဲ့ရသလို အသင္းတခုလုံး အတြက္လည္း အဖိုးတန္အမွတ္ေတြ ဆုံး႐ႈံးခဲ့ရပါတယ္။ ႐ုရွားေနာက္မွာေတာ့ ဂ်ပန္အသင္းက နံပါတ္ ၂ မွာ ရွိေနပါတယ္။

ေလျပင္းေတြတုိက္ေနတဲ့အတြက္ ေဒသစံေတာ္ခ်ိန္ ဒီကေန႔မနက္ ၁၁ နာရီမွာလုပ္မယ့္ အမ်ဳိးသား ေတာင္ေအာက္နွင္းေလွ်ာစီးပြဲကိုလည္း ေရႊ႕ဆုိင္းထားပါတယ္။ စေနေန႔တုန္းကလည္း ေလျပင္းေတြ တုိက္ခဲ့တဲ့အတြက္ ေလ့က်င့္ပြဲစဥ္တခ်ဳိ႕ ဖ်က္သိမ္းခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အမျိုးသမီး တောင်အောက်နှင်းလျှောစီးပြိုင်ပွဲ နယူးဇီလန် ရွှေတံဆိပ်ရ

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ်ပွဲမှာ နယူးဇီလန်နိုင်ငံသူ Zoi Sadowski Synnott က အမျိုးသမီး တောင်အောက်နှင်းလျှောစီးပြိုင်ပွဲမှာ ဒီကနေ့ ရွှေတံတဆိပ် ဆွတ်ခူးသွားပါတယ်။

မျက်နှာပြင်မာကြောနေတဲ့ နှင်းတွေနဲ့ အရိုးကွဲမတတ် အေးနေတဲ့ တောင်အောက်နှင်းလျှောစီးပြိုင်ပွဲက ဆန်ကာတင် ၁၂ ဦးထဲမှာ အသက် ၂၀ အရွယ် Synott က နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံဆု ၂ ကြိမ်ရထားတဲ့ အမေရိကန်သူ Jamie Anderson ကတော့ နံပါတ် ၉ နေရာက ပန်းဝင်ခဲ့ပါတယ်။

တဦးချင်းစွမ်းရည်ပြစကိတ်ပြိုင်ပွဲမှာတော့ ရုရှားနိုင်ငံက Kamila Valieva က အများမျှော်လင့်ထားသလိုပဲ ကမ္ဘာ့စံချိန် ချိုးနိုင်ခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ် Valieva ဟာ ပြီးခဲ့တဲ့တပတ်ကမှ ကျင်းပခဲ့တဲ့ ဥရောပချန်ပီယံပွဲမှာ သူရခဲ့တဲ့ စံချိန်အမှတ် ၉၀ ဒသမ ၄၅ ကိုချိုးပြီး ဘေဂျင်းအိုလံပစ်ပွဲမှာ ၉၀ ဒသမ ၁၈ နဲ့ စံချိန်သစ်တင်ခဲ့တာပါ။ ပထမနေ့ပြိုင်ပွဲမှာပဲ ရုရှားက ၃၆ မှတ်အသာနဲ့ အမေရိကန်နဲ့ ဂျပန်အသင်းတွေရှေ့က ဦးဆောင်နေပါတယ်။

တဦးချင်းစွမ်းရည်ပြစကိတ်စီးပြိုင်ပွဲမှာ အမေရိကန်အသင်းက Karen Chen ယှဉ်ပြိုင်တဲ့အခါမှာ ၂ ခါလောက်မှားပြီး လေထဲမှာ ၃ ပတ်လှည့်ပြရတဲ့ အပိုင်းမှာ လဲကျခဲ့တာကြောင့် ဒီပွဲစဉ်အတွက် နံပါတ် ၅ နေရာကို ရောက်ခဲ့ရသလို အသင်းတခုလုံး အတွက်လည်း အဖိုးတန်အမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ရုရှားနောက်မှာတော့ ဂျပန်အသင်းက နံပါတ် ၂ မှာ ရှိနေပါတယ်။

လေပြင်းတွေတိုက်နေတဲ့အတွက် ဒေသစံတော်ချိန် ဒီကနေ့မနက် ၁၁ နာရီမှာလုပ်မယ့် အမျိုးသား တောင်အောက်နှင်းလျှောစီးပွဲကိုလည်း ရွှေ့ဆိုင်းထားပါတယ်။ စနေနေ့တုန်းကလည်း လေပြင်းတွေ တိုက်ခဲ့တဲ့အတွက် လေ့ကျင့်ပွဲစဉ်တချို့ ဖျက်သိမ်းခဲ့ရပါတယ်။

XS
SM
MD
LG