သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာင္းရာသီ အုိလံပစ္မွာ ပထမဆုံးေရႊတံဆိပ္ ေနာ္ေဝအားကစားမယ္ ရရွိ


ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္မွာ ပထမဆံုး ေရႊတံဆိပ္ဆု ဆြတ္ခူးသြားတဲ့ ေနာ္ေဝ စကိတ္ေလွ်ာစီးသမား Therese Johaug. (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာ က်င္းပေနတဲ့ ၂၀၂၂ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္မွာ ပထမဆံုး ေရႊတံဆိပ္ဆုကို ေနာ္ေဝ စကိတ္ေလွ်ာစီးသမား Therese Johaug က ဆြတ္ခူးခဲ့ပါတယ္။ သူမဟာ ၿမိဳ႕နယ္ေက်ာ္ျဖတ္ ၿပိဳင္ရတဲ့ စကိတ္ၿပိဳင္ပြဲ skiathalon အမ်ိဳးသမီး ၁၅ ကီလိုမီတာအတြက္ စေနေန႔မွာ ပထမဆံုး ေရႊတံဆိပ္ ရခဲ့တာ ျဖစ္ပါတယ္။

႐ုရွားအားကစားသမား Natalia Nepryaeva က ဒုတိယ ေငြတံဆိပ္ရၿပီး တတိယ ေၾကးတံဆိပ္ဆုကိုတာ့ ၾသစႀတီးယားႏိ္ုင္ငံသူ Teresa Stadlober က ရရွိခဲ့တာပါ။

တ႐ုတ္က ပထမဆံုးရတဲ့ ေရႊတံဆိပ္ကိုေတာ့ က်ား- မ မခြဲတဲ့ တာတိုစကိတ္ၿပိဳင္ပြဲမွာ Wu Dajing က အီတလီက Pietro Sighel ကို ဒသမ ၀၁၆ စကၠန႔္နဲ႔ ကပ္ၿပီး ႏိုင္သြားပါတယ္။ ဟန္ေဂရီကေတာ့ တတိယဆု ရခဲ့တာပါ။

ၿပိဳင္ပြဲပထမေန႔ စေနေန႔မွာပဲ ေနာ္ေဝက လက္ဆင့္ကမ္း biathalon ၿပိဳင္ပြဲမွာ ေရႊတံဆိပ္ရခဲ့ၿပီး ျပင္သစ္က ဒုတိယနဲ႔ ႐ုရွား အိုလံပစ္ေကာ္မတီ ROC က တတိယ ရပါတယ္။

နယ္သာလန္က စကိတ္သမား Irene Schouten ကေတာ့ အမ်ိဳးသမီး မီတာ ၃,၀၀၀ စကိတ္စီးၿပိဳင္ပြဲမွာ ၃ မိနစ္ ၅၆ ဒသမ ၉၃ စကၠန္႔နဲ႔ အိုလံပစ္စံခ်ိန္ကို ခ်ိဳးခဲ့ပါတယ္။ အီတလီက ဒုတိယနဲ႔ ကေနဒါက တတိယ အသီးသီး ရခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဆောင်းရာသီ အိုလံပစ်မှာ ပထမဆုံးရွှေတံဆိပ် နော်ဝေအားကစားမယ် ရရှိ

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ပထမဆုံး ရွှေတံဆိပ်ဆုကို နော်ဝေ စကိတ်လျှောစီးသမား Therese Johaug က ဆွတ်ခူးခဲ့ပါတယ်။ သူမဟာ မြို့နယ်ကျော်ဖြတ် ပြိုင်ရတဲ့ စကိတ်ပြိုင်ပွဲ skiathalon အမျိုးသမီး ၁၅ ကီလိုမီတာအတွက် စနေနေ့မှာ ပထမဆုံး ရွှေတံဆိပ် ရခဲ့တာ ဖြစ်ပါတယ်။

ရုရှားအားကစားသမား Natalia Nepryaeva က ဒုတိယ ငွေတံဆိပ်ရပြီး တတိယ ကြေးတံဆိပ်ဆုကိုတာ့ သြစတြီးယားနိုင်ငံသူ Teresa Stadlober က ရရှိခဲ့တာပါ။

တရုတ်က ပထမဆုံးရတဲ့ ရွှေတံဆိပ်ကိုတော့ ကျား- မ မခွဲတဲ့ တာတိုစကိတ်ပြိုင်ပွဲမှာ Wu Dajing က အီတလီက Pietro Sighel ကို ဒသမ ၀၁၆ စက္ကန့်နဲ့ ကပ်ပြီး နိုင်သွားပါတယ်။ ဟန်ဂေရီကတော့ တတိယဆု ရခဲ့တာပါ။

ပြိုင်ပွဲပထမနေ့ စနေနေ့မှာပဲ နော်ဝေက လက်ဆင့်ကမ်း biathalon ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီး ပြင်သစ်က ဒုတိယနဲ့ ရုရှား အိုလံပစ်ကော်မတီ ROC က တတိယ ရပါတယ်။

နယ်သာလန်က စကိတ်သမား Irene Schouten ကတော့ အမျိုးသမီး မီတာ ၃,၀၀၀ စကိတ်စီးပြိုင်ပွဲမှာ ၃ မိနစ် ၅၆ ဒသမ ၉၃ စက္ကန့်နဲ့ အိုလံပစ်စံချိန်ကို ချိုးခဲ့ပါတယ်။ အီတလီက ဒုတိယနဲ့ ကနေဒါက တတိယ အသီးသီး ရခဲ့ကြပါတယ်။

XS
SM
MD
LG