သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တ႐ုတ္ ေဆာင္းရာသီအိုလံပစ္ သံတမန္ေရး သပိတ္ေမွာက္တဲ့ ႏိုင္ငံေတြ တိုး


ေဘဂ်င္း ေဆာင္းရာသီအုိလံပစ္ အထိမ္းအမွတ္ နာရီအနီး ျဖတ္သန္းသြားလာသူအခ်ဳိ႕။ (ဒီဇင္ဘာ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ က်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္အားကစားပဲြေတာ္ကို သံတမန္ေရး သပိတ္ေမွာက္မယ့္ အေမရိကန္ရဲ႕ အစီအစဥ္မွာ ၾသစေၾတးလ်၊ ၿဗိတိန္ႏိုင္ငံတို႔အျပင္ အခုေနာက္ဆုံး ကေနဒါႏိုင္ငံလည္း ပါဝင္လာပါတယ္။

“တ႐ုတ္အစိုးရရဲ႕ ထပ္တလဲလဲ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအေပၚ အထူးစိုးရိမ္ပါတယ္။ ဒါေၾကာင့္လည္း အိုလံပစ္အားကစားပဲြေတာ္ကို သံကိုယ္စားလွယ္ေတြ မလႊတ္ဖို႔ ဒီကေန႔ ေၾကညာလိုက္ရတာပါ။” လို႔ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau က ဗုဒၶဟူးေန႔မွာ ေျပာဆိုလိုက္တာပါ။

ဗုဒၶဟူးေန႔ အေစာပိုင္းမွာပဲ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကလည္း တ႐ုတ္ႏိုင္ငံက ေဆာင္းရာသီ အိုလံပစ္ကို သံတမန္ေရး သပိတ္ေမွာက္ဖို႔ ေၾကညာခဲ့ပါတယ္။ ဝန္ႀကီးေတြနဲ႔ အစိုးရတာဝန္ရွိသူေတြ အားကစားပဲြ အခမ္းအနားေတြကို တက္ေရာက္မွာ မဟုတ္ေပမယ့္ အားကစားသမားေတြ သပိတ္ေမွာက္တာမ်ဳိးကေတာ့ အဓိပၸာယ္မရွိဘူးလို႔လည္း ေျပာဆိုခဲ့တာပါ။

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison ကလည္း တ႐ုတ္ႏိုင္ငံက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ကုန္သြယ္ေရး၊ သံတမန္ေရး အျငင္းပြားစရာ ကိစၥေတြကို ေဆြးေႏြးဖို႔ ျငင္းဆန္ေနတယ္ဆိုၿပီး သံတမန္ေရး သပိတ္ေမွာက္ဖို႔ ဗုဒၶဟူးေန႔မွာပဲ ေၾကညာခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin ကေတာ့ အိုလံပစ္ပဲြကို ၾသစေၾတးလ် အရာရွိေတြ မလာရင္လည္း ဘယ္သူကမွ ဂ႐ုစိုက္မွာ မဟုတ္ဘူးဆိုၿပီး တုံ႔ျပန္ခဲ့တာပါ။

ေဖေဖာ္ဝါရီလ ၄ ရက္ကေန ၂၀ ရက္ေန႔အထိ တ႐ုတ္ႏိုင္ငံမွာ က်င္းပမယ့္ အိုလံပစ္ပဲြကို သံတမန္ေရးအရ သပိတ္ေမွာက္မယ့္အေၾကာင္း ၾသစႀတီးယား၊ နယူးဇီလန္နဲ႔ လစ္သူေယးနီးယား ႏိုင္ငံေတြကလည္း ေၾကညာထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

တရုတ် ဆောင်းရာသီအိုလံပစ် သံတမန်ရေး သပိတ်မှောက်တဲ့ နိုင်ငံတွေ တိုး

တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို သံတမန်ရေး သပိတ်မှောက်မယ့် အမေရိကန်ရဲ့ အစီအစဉ်မှာ သြစတြေးလျ၊ ဗြိတိန်နိုင်ငံတို့အပြင် အခုနောက်ဆုံး ကနေဒါနိုင်ငံလည်း ပါဝင်လာပါတယ်။

“တရုတ်အစိုးရရဲ့ ထပ်တလဲလဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အထူးစိုးရိမ်ပါတယ်။ ဒါကြောင့်လည်း အိုလံပစ်အားကစားပွဲတော်ကို သံကိုယ်စားလှယ်တွေ မလွှတ်ဖို့ ဒီကနေ့ ကြေညာလိုက်ရတာပါ။” လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း တရုတ်နိုင်ငံက ဆောင်းရာသီ အိုလံပစ်ကို သံတမန်ရေး သပိတ်မှောက်ဖို့ ကြေညာခဲ့ပါတယ်။ ဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေ အားကစားပွဲ အခမ်းအနားတွေကို တက်ရောက်မှာ မဟုတ်ပေမယ့် အားကစားသမားတွေ သပိတ်မှောက်တာမျိုးကတော့ အဓိပ္ပာယ်မရှိဘူးလို့လည်း ပြောဆိုခဲ့တာပါ။

သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကလည်း တရုတ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကုန်သွယ်ရေး၊ သံတမန်ရေး အငြင်းပွားစရာ ကိစ္စတွေကို ဆွေးနွေးဖို့ ငြင်းဆန်နေတယ်ဆိုပြီး သံတမန်ရေး သပိတ်မှောက်ဖို့ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin ကတော့ အိုလံပစ်ပွဲကို သြစတြေးလျ အရာရှိတွေ မလာရင်လည်း ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူးဆိုပြီး တုံ့ပြန်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၄ ရက်ကနေ ၂၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်မယ့်အကြောင်း သြစတြီးယား၊ နယူးဇီလန်နဲ့ လစ်သူယေးနီးယား နိုင်ငံတွေကလည်း ကြေညာထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG