ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးရလဒ်တွေ အောက်ခြေသိမ်း ဆင်းရဲသားပြည်သူတွေအထိ မရောက်နိုင်တာဟာ လယ်ယာမြေဆိုင်ရာ မူဝါဒတွေ လွှဲချော်နေတာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု Brooking Institute က အကြီးတန်းပညာရှင် Lex Rieffel က သုံးသပ်လိုက်ပါတယ်။ အဓိကအားဖြင့် လယ်သမားမိသားစုတွေ ဝင်ငွေတိုးတက်အောင်လုပ်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ဦးကျော်ဇံသာ က Lex Rieffel ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီဖက်ကို ဦးတည်နေတယ်ဆိုတာကိုတော့ ခင်များ လက်ခံပြီးသာလို့ ယူဆပါတယ်။ ဟုတ်ပါတယ်နော်။
Lex Rieffel ။ ။ ဟုတ်ပါတယ်ခင်များ။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော် မေးချင်တာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမှာ အဓိကကြုံတွေ့နေရတဲ့ စိန်ခေါ်မှုက ဘာလဲယူဆပါသလဲ။
Lex Rieffel ။ ။ ဝါရှင်တန်ဒီစီမှာနေပြီးတော့ အဝေးကနေ လှမ်းပြီးသုံးသပ်ရတာကတော့ အကြီးမားဆုံး စိန်ခေါ်မှုက လွတ်လပ်ရေးရပြီးကတည်းက ဖြစ်လာခဲ့တဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလူမျိုးစုတွေကြား ရှိလာခဲ့တဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ ဒီ ပဋိပက္ခကို အဆုံးမသတ်နိုင်ဘဲ နိုင်ငံမှာ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ တည်ဆောက်နိုင်မလဲဆိုတာကို ကျနော်တော့ လမ်းမမြင်မိပါဘူး။ စီးပွားရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေး ဖြစ်ထွန်းနိုင်မယ့် အလားအလာလည်း ကျနော် မတွေ့မိပါဘူး။
ဦးကျော်ဇံသာ ။ ။ ခင်များ ဒီမှာ တပ်မတော်နဲ့ တိုင်းရင်းသားတွေ ပဋိပက္ခလိုပဲ ခေါ်တယ်။ ဘာကြောင့် ဗဟိုအစိုးရနဲ့ နယ်စွန်းနယ်ဖျားက ဒေသတွေ စသဖြင့် အဲဒီလို အသုံးအနှုန်းမျိုးကို မသုံးတာလဲ။
Lex Rieffel ။ ။ ဒီ ပဋိပက္ခကို ခင်များ ပြောသလိုမျိုး ခေါ်ဝေါ်တာကို ကျနော် မကန့်ကွက်ပါဘူး။ ဒါပေမဲ့ မြန်မာအစိုးရအပေါ် စစ်တပ်က ၂၀၁၁ ခုနှစ်အထိ ကာလတာရှည် လုံးဝလွှမ်းမိုးခဲ့ပြီ၊ အခုထိလည်း စစ်တပ်ရဲ့ ချုပ်ကိုင်မှုက အများကြီး ရှိနေတုန်းပါ။ နောက်ပြီး သမ္မတဦးသိန်းစိန် က စစ်ရပ်စဲချင်ပေမယ့်လဲ တပ်မှုးတွေ၊ ဒေသခံတပ်မှုးတွေက စစ်တိုက်ချင်နေကြသလားဆိုတာက မေးစရာတွေ အများကြီးပါ။ ကျနော်တော့ မသိနိုင်ပါဘူး။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် မြန်မာ့အရေး ကျွမ်းကျင်သူလို့ မသုံးချင်တာပါ။
ဦးကျော်ဇံသာ ။ ။ သမ္မတဦးသိန်းစိန် က စစ်တိုက်တာကို ရပ်ချင်တယ်လို့ ဆိုပေမယ့် တချို့ကတော့ ဦးသိန်းစိန်ကလည်း ဒီပုတ်ထဲက ဒီပဲ။ ဗိုလ်ချုပ်ဟောင်းက လာခဲ့တာလို့ ဆိုနေကြပါတယ်။
Lex Rieffel ။ ။ ကျနော် သမ္မတဦးသိန်းစိန်ကိုတော့ တခါမှ မတွေ့ဖူးပါဘူး။ ဒီကိစ္စအပေါ် ခိုင်မာတဲ့အမြင် ကောက်ချက်မျိုးလည်း ကျနော်မှာ မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၁ မတ်လမှာ သူရာထူးလက်ခံစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုတော့ ကျနော် တကယ်ပဲ အထင်ကြီးခဲ့ပါတယ်။ သူ့ရဲ့ ဆောင်ရွက်ချက် အများအပြားကိုလည်း ကျနော် အထင်ကြီးပါတယ်။ ဒါကြောင့် သူဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် ဆောင်ရွက်နေတယ်ဆိုတာ ကျနော်အနေနဲ့ သိပ်အလေးအနက်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေအပြင် တခြားဘယ်လို ပြဿနာတွေများ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အဓိကရှိနေတယ်လို့ ထင်ပါသလဲ။ ဥပမာအားဖြင့် နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်တဲ့ကဏ္ဍကနေမယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ သိပ်ကြီးမားနေတယ်ဆိုတဲ့ ကိစ္စမျိုးကို ထည့်ပြီးမတွက်လိုဘူးလား။
Lex Rieffel ။ ။ ဒီ မေးခွန်းတွေက ဖြေရခက်တဲ့ မေးခွန်းတွေပါ။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကလည်း တခြားနေရာတွေက အသွင်ကူးပြောင်းရေးတွေလိုပဲ ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးတဲ့ ဖြစ်ရပ်ပါ။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးဟာ တခြားနိုင်ငံတွေနဲ့ ဘယ်နေရာမှာ ကွဲလွဲသလဲဆိုရင် မြန်မာနိုင်ငံမှာ အပေါ်ကချပေးတဲ့ အသွင်ကူးပြောင်းရေး ဖြစ်နေတာပါ။ စစ်တပ်ခေါင်းဆောင်တွေက ချမှတ်ပေးလိုက်တဲ့ အသွင်ကူးပြောင်းရေး ဖြစ်နေပါတယ်။ လူထုတော်လှန်ရေးကြောင့် ဖြစ်ထွန်းလာတဲ့ တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ ဒီလို top down အသွင်ကူးပြောင်းရေး ဖြစ်နေတဲ့အတွက်ကြောင့်လည်း အောင်မြင်ဖို့ အလားအလာ ပိုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တွေကို စစ်ဖက်ခေါင်းဆောင်တွေအားလုံးက လက်ခံကြရဲ့လား၊ လိုလားကြရဲ့လား ဆိုတာကတော့ မသေချာပါဘူး။ ဒီအတွက် အထောက်အထားတွေကိုလည်း တွေ့နေရပါတယ်။ စစ်တပ်၊ စစ်အာဏာပိုင်တွေရဲ့ ကျောထောက်နောက်ခံရှိတဲ့ သြဇာအာဏာကြီးမားသူတချို့က အတိတ်က ရရှိထားခဲ့တဲ့ အခွင့်ထူး၊ ချုပ်ကိုင်မှုတွေကို လက်မလွှတ်ချင်ကြပါဘူး။ ဒီလို စနစ်ဟောင်းရဲ့ အခွင်ထူးတွေကို တွယ်ဖက်ထားသူတွေက အပြောင်းအလဲကို မလိုလားကြပါဘူး။ အတိတ်ရဲ့ ပုံစံဟောင်းကို မပြောင်းလဲဘဲနဲ့တော့ အောင်မြင်တဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ထွန်းလာနိုင်မှာလဲ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီလို အခြေအနေမျိုးတွေ ရှိနေလျှက်နဲ့ အိုဘားမားအစိုးရက မြန်မာနိုင်ငံဟာ အောင်မြင်နေတယ်။ Burma is the only success story လို့ ပြောပြောနေပါတယ်။ ဆိုတော့ မြန်မာပြည်သူတွေ၊ သာမန်ပြည်သူတွေကလည်း ငြီးတွားခံပြင်းနေကြဆဲပါ။ ဆိုတော့ သမ္မတအိုဘားမား အစိုးရ ပြောသလို success story လို့ ခေါ်တာ မှန်ကန်တယ်လို့ ခင်များ ထင်ပါသလား။
Lex Rieffel ။ ။ ခင်များ ကျနော် ရေးထားတာတွေကို ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ထပ်ပြီးဖြေရရင်တော့ မမှန်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်ကို အောင်မြင်တဲ့ဇာတ်လမ်းတပုဒ်လို့ခေါ်ဖို့ အချိန်သိပ်စောနေပါသေးတယ်။ တချိန်တည်းမှာပဲ အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို အပြည့်အဝထောက်ခံတယ်ဆိုတာကိုလည်း ကျနော် ပြောချင်ပါတယ်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အိုဘားမားရဲ့ လုပ်ရပ်တွေ၊ မူဝါဒတွေက သူ့မတိုင်ခင် သမ္မတဘုချ် အစိုးရရဲ့ လုပ်ရပ်တွေ၊ မူဝါဒတွေထက် ပိုပြီးတော့ smart ဖြစ်ပါတယ်။ လိမ္မာပါးနပ်မှု ရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။ Engagement လို့ခေါ်တဲ့ ထိတွေ့ဆက်ဆံရေးဟာ Sanction လို့ခေါ်တဲ့ ဒဏ်ခတ်အရေးယူမှုထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ အခုမြန်မာနိုင်ငံနဲ့တော့ Engagement က သိပ်များလွန်နေပါတယ်။ ဒါကြောင့် ကျနော်ဟာ တခြား စီးပွားရေးပညာရှင်တယောက်ဖြစ်တဲ့ Jim Fox နဲ့ပေါင်းပြီး စာတမ်းတစောင် ရေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ သိပ်တိုတောင်တဲ့အချိန်အတွင်း အကူအညီတွေ အဆမတန် ရနေတယ်။ Getting Too Much, Too Soon? ဆိုပြီး သုံးသပ်ထားတာပါ။ ဒီနေရာမှာ အမေရိကန်နဲ့လည်း ပတ်သက်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလောက် အကူအညီတွေ များများပေးနေတဲ့ နိုင်ငံတခု၊ လူတယောက်အနေနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ လုပ်ရပ်တွေ - ဥပမာအားဖြင့် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ စစ်ရေးပဋိပက္ခတွေကို ရပ်ဆိုင်းအောင် အမေရိကန်အစိုးရအနေနဲ့ တစုံတရာ လုပ်ဆောင်နိုင်တာမျိုး မရှိဘူးလား။
Lex Rieffel ။ ။ ကျနော်ကတော့ မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပါဘူး။ မြောက်ကိုရီးယား၊ ယူကရိန်းတို့မှာလည်း အမေရိကန်အနေနဲ့ ဘာမှမဆောင်ရွက်နိုင်ပါဘူး။ ယူကရိန်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို အိုဘားမားအစိုးရနဲ့ အမေရိကန်ပြည်သူတွေ လုံးဝမဖြစ်စေချင်ကြပါဘူး။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း မြန်မာပြည်သူတွေအတွက် မလိုလားအပ်သလို၊ အရှေ့တောင်အာရှ ပြည်သူတွေအတွက်၊ ကျနော်တို့အတွက်လည်း မကောင်းပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါကြောင့် တချို့ကပြောကြပါတယ်။ ဒီလို တိုက်ပွဲတွေ ရပ်ဆိုင်းသွားဖို့အတွက် အမေရိကန်ဖက်က လုပ်နိုင်တာဟာ ဖိအားကိုဆက်လက် ပေးဖို့ဖြစ်တယ်ဆိုပြီး တောင်းဆိုနေကြပါတယ်။ ဖိအားတွေကို လျှော့ပေါ့မပြစ်နဲ့ဆိုတဲ့ သဘောမျိုး ပြောနေကြတယ် မဟုတ်ဘူးလား။
Lex Rieffel ။ ။ ဟုတ်ပါတယ်။ ဒီလူတွေက ဒီဟာတွေကို ပြောကြတာတော့ လွယ်ပါတယ်။ တကယ်ထိရောက်အောင်၊ အကျိုးရှိအောင် လုပ်ဖို့ဆိုတာမျိုးက ခက်ခဲပါတယ်။ နမူနာတခုပြောရရင် ကျနော်တို့က မြန်မာနိုင်ငံကို စစ်ရေးအထောက်အပံ့ပေးရေး၊ မြန်မာတပ်မတော်နဲ့ ထိတွေ့ဆက်ဆံရေးကိစ္စ။ တချို့က မြန်မာစစ်ဗိုလ်တွေနဲ့ စကားမပြောသင့်ဘူးလို့ ဆိုနေကြတာပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေကို ကြည့်မယ်ဆိုရင်တော့ ဒီလိုဆက်ဆံလို့ အောင်မြင်တာတွေ တွေ့ရပါတယ်။ တပ်မတော်နဲ့ ဆက်ဆံတာဟာ မျက်နှာလွှဲနေတာထက် ကောင်းပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ တပ်ပွဲတွေအတွက် အထောက်အကူတော့ မဖြစ်စေရဘူးပေါ့ဗျာ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဖွံ့ဖြိုးတိုးတက်မှု မမျှတတဲ့ကိစ္စပါ။ ရင်းနှီးမြှုပ်နံှမှုတွေကြောင့် ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုပေမယ့် ခရိုနီတွေ။ သူတို့နဲ့ အလွမ်းသင့်တဲ့ လက်တဆုတ်စားလောက်တွေပဲ ဒီအကျိုးစီးပွားကို ခံစားနေကြရတယ်လို့ လူတွေက ပြောကြပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်မှုတွေ အောက်ခြေလူထုအထိရောက်အောင် အမေရိကန်ဖက်က ဘာများ လုပ်ပေးနိုင်မလဲ။ နိုင်ငံတကာအသိုင်းအဝိုင်းလည်း ပါတာပေါ့ အမေရိကန်အပါအဝင်။
Lex Rieffel ။ ။ အမေရိကန်က လုပ်နိုင်ပါတယ်။ လုပ်လည်းလုပ်ထားပါတယ်။ တကယ်တမ်း ပြောရရင် အမေရိကန်က သူများထက် အများကြီးပိုလုပ်နိုင်ပါတယ်။ ပိတ်စို့အရေးယူမှုတွေကို ရုတ်သိမ်းရာမှာလည်း ရင်းနှီးမှုတွေဟာ ပြည်သူလူထု အများစု အကျိုးဖြစ်ထွန်းအောင် အထောက်အကူ ဖြစ်စေရပါမယ်ဆိုတဲ့ အာမခံချက် တောင်းပါတယ်။ ပြီးတော့ telecommunication ကိစ္စမှာ Telenor နဲ့ Ooredoo တို့လို ရင်းနှီးမြှုပ်နံှမှုဟာ အများပြည်သူအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်ရအောင် လုပ်တဲ့ကိစ္စမှာလည်း ပြည်သူတွေ အကျိုးရှိစေမှာပါ။ ဒါပေမဲ့ အခု ရင်းနှီးမြှုပ်နံှမှုတွေကြောင့် ဖြစ်ထွန်းလာတဲ့ အကျိုးအမြတ်ကို ၇၅ ရာခိုင်နှုန်းသော ဆင်းရဲသားပြည်သူတွေဆီ မရောက်သေးဘူးဆိုတာ ကျနော် သဘောတူပါတယ်။ ဒါဟာ မကောင်းတဲ့အချက်ပါ။ ဒီလို ဘာကြောင့် ဖြစ်ရသလဲဆိုရင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ မူဝါဒ ညံ့ဖျင်းမှုကြောင့် ဖြစ်ပါတယ်။ ကျေးလက်နေ ပြည်သူတွေ၊ မိသားစုတွေ ဝင်ငွေတိုးအောင် လုပ်ပေးဖို့ လိုအပ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါနဲ့ သတိရတုန်း မေးရအုံးမယ် ခင်များ။ ခင်များရဲ့ အမေရိကန်ပြည်ထောင်စု ဆီနိတ်လွှတ်တော်ရဲ့ ဘဏ္ဍာရေးနဲ့ နိုင်ငံတကာဆက်ဆံရေး ကော်မတီရှေ့မှောက် ထွက်ဆိုတဲ့အခါမှာ ကျနော် သတိတခု ထားမိလိုက်တာက မြန်မာနိုင်ငံမှာ ဥပဒေပြုရေးအဖွဲ့အစည်းရဲ့ အလားအလာဟာ အဏာဟာ သိပ်ကြီးထွားလာတယ်ဆိုပြီးတော့ သတိပေးတဲ့ စကားမျိုး ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ရွှေမန်းတို့ရဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည်အရ လွှတ်တော်ဟာ သိပ်ပြီးတော့ အာဏာကြီးလာတယ်ဆိုတဲ့ သတိပေးသလို ပြောသွားပါတယ်။ အဲဒါ ဘာကြောင့် ပြောရပါသလဲ။
Lex Rieffel ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်က အင်ဒိုနီးရှား အခြေအနေကို ကိုးကားပြီး ပြောခဲ့တယ်လို့ ထင်ပါတယ်။ အင်ဒိုနီးရှားက ကျနော် ပိုကျွမ်းကျင်တဲ့ နိုင်ငံပါ။ သူတို့စကားကိုလည်း ကျနော် ပြောတတ်ပါတယ်။ အင်ဒိုနီးရှား ကျွမ်းကျင်သူလို့လည်း အခေါ်ခံရဲပါတယ်။ ဒီမိုကရေစီဆိုတာ နေရာတကာမှာ အဆင်ပြေပြေနဲ့ အလုပ်ဖြစ်မယ်၊ ရလဒ်ကောင်းတေါ ပေါ်ထွက်လာမယ်လို့လည်း ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သုံးသပ်ကြည့်တော့ ပါလီမန်နဲ့ ပတ်သက်ပြီး ပြဿနာတရပ်ကို တွေ့ရပါတယ်။ သူတို့မှာ ပါလီမန်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား ဖြစ်နေတယ်လို့ အင်ဒိုနီးရှားသားတွေကိုက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားမှာ ကောင်းတဲ့ဥပဒေတရပ်ကို အတည်ပြုချင်တယ်ဆိုရင် ပါလီမန်အမတ်တွေကို ပိုက်ဆံပေး၊ လာဘ်ထိုးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ လခအပြင် ဒါဟာ ငွေရေးကြေးရေးအရ ခြစားပျက်စီးနေတဲ့ နိုင်ငံရေးစနစ်ပါ။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ လွှတ်တော်အမတ်တွေခင်များ အဲဒီလိုဖြစ်ဖို့ နေနေသာသာ သူတို့ရဲ့ အဆင့်အတန်းကိုတောင်မှ အုပ်ချုပ်ရေးအာဏာပိုင်တွေဖြစ်တဲ့ ဝန်ကြီးတွေက သိပ်အသိအမှတ် ပြုချင်ကြတာ မဟုတ်ဘူး။ တချို့ကိစ္စတွေဆိုရင် လွှတ်တော်ရဲ့ ရေးရာကော်မတီတွေက သက်ဆိုင်တဲ့ ဝန်ကြီးတွေကို ခေါ်ပြီးတော့ မေးတာမြန်းတာကို မကြိုက်ကြလို့ ပြဿနာတက်နေတာပါ။
Lex Rieffel ။ ။ ကျနော်က စီးပွားရေးပညာရှင်ပါ။ နိုင်ငံရေးသိပ္ပံပညာရှင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံလွှတ်တော်အကြောင်းကို သိပ်များများစားစား သိတာတော့ မဟုတ်ပါဘူး။ ငြင်းချက်မထုတ်နိုင်လောက်အောင်၊ ဝေဖန်သုံးသပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ခပ်လှမ်းလှမ်းကနေကြည့်ပြီး လွှမ်းခြုံသုံးသပ်ထားတာ ဖြစ်ပါတယ်။