ဒီသီတင်းပတ် မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်းဆိုင်ရာ ကန့်သတ်ချက်တွေ ပြင်နိုင်ပါ့မလား။ စစ်တပ်အခန်းကဏ္ဍကို လျှော့ချနိုင်မလား၊ တိုင်းရင်းသားပြဿနာ ပြေလည်နိုင်ပါသလား၊ တကယ်လို့ ဒီပြဿနာတွေ မပြေလည်ဘဲ ရွေးကောက်ပွဲကျင်းပခဲ့ရင်ကော နိုင်ငံတကာက ဘယ်လိုသဘောထားမလဲ ဆိုတာတွေကို မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Professor Steinberg, ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အရွေးခံရမယ့်လူရဲ့ အရည်အချင်းဆိုင်ရာ ပြဌာန်းချက်အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်တွေအတွက် နိုင်ငံတကာထောက်ခံမှုရဖို့ ကြိုးပမ်းအားထုတ်နေတယ်လို့ သုံးသပ်နေကြပါတယ်။ ကျနော် ပထမဦးဆုံး မေးချင်တာက ဒီလို ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်စုဟာ နိုင်ငံတကာ ထောက်ခံမှု၊ ပြည်တွင်းထောက်ခံမှု ဘယ်လောက်အထိ ရရှိနေလဲလို့ ထင်ပါသလဲ။
David Steinberg ။ ။ သူဟာ နိုင်ငံတကာ ထောက်ခံမှုတော့ အခိုင်အမာရနေတယ်လို့ ထင်ပါတယ်။ ပြည်တွင်းထောက်ခံမှုကော အခိုင်အမာရသလား၊ မရဘူးလားဆိုတာတော့ ကျနော် မသိပါဘူး။ သမ္မတအရည်အချင်းနဲ့ ပတ်သက်တဲ့ကိစ္စ ပြန်ပြင်မယ့်အရေးကိုတော့ ကမ္ဘာတဝှမ်း သူရောက်လေရာမှာ ထောက်ခံမှုရအောင် လုပ်နေတာပါ။ ထောက်ခံမှုလည်း ရပါတယ်။ လူထုထောက်ခံမှု ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ ပြောရရင်တော့ သမ္မတကို လူထုက ရွေးရမှာ မဟုတ်ပါဘူး။ လွှတ်တော်ကပဲ ရွေးချယ်မှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်ကို ထောက်ခံကြတယ်ဆိုတော့ ဒါက စကားအရ ထောက်ခံကြတာလား။ ဒီလောက် နိုင်ငံတကာ ထောက်ခံမှုက လက်တွေ့ဘယ်လောက်အထိ ထိရောက်မှုရှိနိုင်ပါသလဲ။ ဆိုလိုတာက ဒီလို ထောက်ခံမှုကြောင့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာ၊ ဘယ်လောက်အထိ ရှေ့ကိုရွေ့သွားနိုင်တယ်လို့ ထင်ပါသလဲ။
David Steinberg ။ ။ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတာကတော့ သူကို သမ္မတ မဖြစ်နိုင်အောင်ဆိုပြီး တမင်ထည့်ထားတာပါ။ အရင်ဖွဲ့စည်းပုံမှာတုန်းက သမ္မတဖြစ်ဖို့အတွက် နိုင်ငံသားဖြစ်ရမယ်လို့ပဲ ဆိုထားတာပါ။ ဒါကြောင့် အခုဖွဲ့စည်းပုံမှာတော့ သူကို သမ္မတ၊ ဒုသမ္မတ မဖြစ်အောင်လို့ တမင်ထည့်ထားတာလို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို တိုင်းပြည်က ဘယ်လိုဖြစ်စေချင်သလဲဆိုတာကိုတော့ ကြည့်ကြရမှာပါ။ အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတဖြစ်မယ့်သူဟာ နိုင်ငံအတွင်း မွေးဖွားသူဖြစ်ရမယ်လို့ ဆိုထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကြီး ကျနော် သိချင်တာက တကယ်လို့ ဖွဲ့စည်းပုံ မပြင်ရင်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောတယ်ဆိုကြပါစို့။ အဲဒီလိုဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းက သူသပိတ်မှောက်တာကို ထောက်ခံကြမလား။ မထောက်ခံကြဘူးလားဆိုတာကို သိချင်တာပါ။
David Steinberg ။ ။ စိုးရိမ်မှုတွေတော့ ရှိလာမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကဖြစ်စေ၊ တခြားနိုင်ငံတွေကဖြစ်စေ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးချယ်ခံခွင့် မရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ ပြောလိမ့်မယ် မထင်ပါဘူး။ မဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့်ရခဲ့မယ်။ မဲတွေကို မှန်မှန်ကန်ကန် ရေတွက်မယ်ဆိုရင်တော့ ဒါဟာ တရားဝင်တဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ အသိအမှတ်ပြုကြမယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငါ သမ္မတမဖြစ်နိုင်လို့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောလာရင်တော့ ဒါဟာ သိပ်ကိုမောက်မာရာဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှမပြောပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲဝင်မယ်လို့လည်း သူ့ပါတီက ယတိပြတ်ပြောတာကိုလည်း မကြားရသေးပါဘူး။ တယောက်ကတော့ ဝင်မယ်လို့ ပြောပေမယ့် ကျန်တယောက်က ဒါဟာ ပါတီခေါင်းဆောင်ပိုင်းက တရားဝင်ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် မဟုတ်သေးဘူးလို့ ဆိုပါတယ်။
David Steinberg ။ ။ ပါတီခေါင်းဆောင်ပိုင်းနဲ့ အလုပ်အမှုဆောင်တွေရဲ့ သဘောထားကိုရယူပြီး ဆုံးဖြတ်မယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်စရာဖြစ်လို့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုတာ ကောင်းတဲ့ကိစ္စတရပ်လို့ ကျနော်တော့ မထင်ဘူး။ တိုင်းပြည်အတွက်လည်း မကောင်းပါဘူး။ NLD ပါတီအတွက်လည်း ကောင်းမှာမဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စမှာ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိက စိတ်ဝင်စားတဲ့အချက်က ဘယ်အချက်လဲ။ အဲဒီ သမ္မတဖြစ်ရေးကိစ္စ မဟုတ်ဘူးဆိုရင်။
David Steinberg ။ ။ အမေရိကန် ရှုထောင့်ကဆိုရင်တော့ လွှတ်တော်မှာ အမတ် ၂၅ ရာခိုင်နှုန်းကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကို တိုက်ရိုက်ခန့်အပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ အစောတလင် ပြောင်းလဲနိုင်လိမ့်မယ်လို့ မထင်ဘူး။ တဖြည်းဖြည်းတော့ ပြောင်းလဲလာမှာပါ။ တကယ်တော့ ဒီပြဌာန်းချက်တွေအားလုံးက တဖြည်းဖြည်းချင်း ပြောင်းလဲသွားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံး ၂၀၁၅ မှာ ပြောင်းလဲဖို့ ဖြစ်နိုင်ခြေကတော့ အလွန့်အလွန် နည်းပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့လဲ ဒီစစ်သား ၂၅ ရာခိုင်နှုန်းပါတဲ့ ကိစ္စကို ပြောင်းလဲဖို့ လိုလားတယ်။ ပြောင်းလဲစေချင်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ထုတ်ဖော်ပြောကြားတာလဲ တခါမှ မကြားရသေးဘူး။
David Steinberg ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အစိုးရရဲ့ မူဝါဒမှာ တရားဝင်ထုတ်ဖော်ကြေညာခြင်း မရှိဘဲ informally သိပ်အရေးပါအရာရောက်ပါတယ်။ Formally တော့ မဟုတ်ပါဘူး။ ကွန်ဂရက်လွှတ်တော်က အမတ်အများစုဟာ သူ့ကို ထောက်ခံပံ့ပိုးပေးကြပါလိမ့်မယ်။ သူ ဘာပြောပြော ထောက်ခံကြမှာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတဲ့ မြန်မာအခြေအနေကို သိပ်အမြင်ကျယ်ကျယ်နဲ့ ကြည့်ဖို့ လိုအပ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့အားလုံးမှာ မြန်မာနိုင်ငံ တိုးတက်အောင်မြင်တာကို တွေ့မြင်လိုကြတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တဖြည်းဖြည်းထွန်းကားတာကို တကယ်လိုလားတယ်ဆိုရင်တော့ လွှတ်တော်မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားတာကို လက်ခံမှာပါ။ အင်ဒိုနီးရှားမှာလည်း ဆူဟာတိုလက်ထက်က ဒီလို စစ်လွှမ်းမိုးတဲ့လွှတ်တော်ရှိခဲ့ပေမယ့် တဖြည်းဖြည်းတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားခဲ့တာပဲ။ ဒါပေမဲ့ အချိန်တော့ အတော်ယူရလိမ့်အုံးမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုက ယတိပြတ်ထုတ်ဖော်ပြီးတော့ မပြောတာဟာ အဲဒီလို ပြောလိုက်ရင် ဒီကိစ္စကို ပြုပြင်ဖို့ ဖိအားပေးလိုက်ရင် မြန်မာနိုင်ငံဟာ အရင်လိုပဲ တရုတ်လက်ထဲကို ပြန်ရောက်သွားလိမ့်မယ်။ တရုတ်လွှမ်းမိုးမှုလက်အောက် ပြန်ရောက်သွားလိမ့်မယ်ဆိုတာကို အမေရိကန်က စိုးရိမ်လိုများလား။
David Steinberg ။ ။ ကျနော်အမြင်မှာတော့ မြန်မာနိုင်ငံမှာ မျှတထိန်းညှိမှုတခု ဖြစ်ထွန်းပေါ်ပေါက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဘက်မလိုက်ဝါဒ ဒါမှမဟုတ် ကြားနေရေးဝါဒ neutralism လို့ ခေါ်နိုင်ပါတယ်။ စစ်အေးကာလက ကျင့်သုံးခဲ့သလိုမျိုး။ ဒါပေမဲ့ ဒီတခါတော့ အရင်ထက်ကွဲတဲ့ neutralism ဖြစ်ပါတယ်။ နိုင်ငံရေးဝါဒကို ဟိုဖက်ဒီဖက် မတိမ်အောင်ကြိုးစားပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ နဲ့ အာဆီယံတို့ အားလုံးနဲ့ မျှမျှတတ တန်တူထားပြီးတော့ ဆက်ဆံလာပါလိမ့်မယ်။ စစ်ရေးကာလတုန်းကလည်း အဲဒီလိုမျိုး ကျင့်သုံးပါတယ်။ ဒါကြောင့်လည်း ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တာပါ။ အစိုးရရဲ့ ဘက်မလိုက်မူဝါဒကြောင့် ဖြစ်ပါတယ်။ အခုလည်းပဲ မြန်မာနိုင်ငံမှာ အမေရိကန်က တဖက်သတ် အပေါ်စီးယူဖို့ လုပ်လာရင် မြန်မာလူထုက လက်မခံရင် အမေရိကန်ဟာ ယုံကြည်ကိုးစားခံရမှု ဆုံးရှုံးနိုင်ပါတယ်။ လက်ရှိမှာ အမေရိကန်အပေါ် မြန်မာပြည်သူတွေရဲ့ လူကြိုက်များမှုကလည်း အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း မှေးမှိန်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံဟာ ဘယ်နိုင်ငံတခုတည်းအပေါ်မှာမှ မှီခိုလိုတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါကလဲ ယုတ်စွအဆုံး သမိုင်းရဲ့ လိုအပ်ချက်အရ ဖြစ်လာတယ်ဆိုတာ ကျနော်တို့ တွေ့ခဲ့ရတာပါ။
ဦးကျော်ဇံသာ ။ ။ အခု ကျနော်တို့ တိုင်းရင်းသားပြဿနာအကြောင်းကို ပြောကြရအောင်ပါ။ ငြိမ်းချမ်းရေး အပစ်ရပ်စဲရေးဆိုတာ ဘာမှဖြစ်မလာသေးပါဘူး။ အထူးသဖြင့် စစ်တပ်နဲ့ တိုင်းရင်းသားအင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှုသိပ်မရှိသေးဘူးလို့ ကျနော် သုံးသပ်မိပါတယ်။ တလောလုံးက ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ ပဋိပက္ခမှာ တိုင်းရင်းသားတွေက စတိုက်တာ၊ သူတို့ဖက်က ခုခံကာကွယ်စစ်သာ တိုက်နေတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကို တိုင်းရင်းသားခေါင်းဆောင်တွေက အတော်လေး စိတ်ပျက်လက်ပျက်နဲ့ ပြောကြတာကို ကြားရပါတယ်။
David Steinberg ။ ။ အဲဒီ ပြောကြားချက်ကို ကျနော် လုံးဝသဘောမတူပါဘူး။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီစစ်ပွဲကို စစ်တပ်ဟာလည်း တိုင်းရင်းသားတွေနဲ့ ကာလတာရှည် တိုက်လာတော့ ဒီပဋိပက္ခ အဓွန်ရှည်နေတဲ့အတွက် နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားလည်း ရှိနေပါတယ်။ တိုင်းရင်းသားအင်အားစုတွေထဲကလူတွေဟာ ဘယ်တယောက်မှ၊ ဘယ်တုန်းကမှ လူထုက ရွေးကောက်တင်မြှောက်ခံထားရသူတွေ မဟုတ်ကြပါဘူး။ သက်ဆိုင်ရာဒေသတွေ၊ လူတွေနဲ့ သံယံဇာတတွေကို အုပ်စိုးနေကြသူတွေပါ။ ဒါကြောင့် ဒါတွေကို ဗဟိုအစိုးရချုပ်ကိုင်မှာကို မလိုလားကြသူတွေ၊ သူတို့အထဲမှာ ရှိနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ တချိန်တည်းမှာလည်း ဗဟိုအစိုးရဖက်မှာလည်း ဒါတွေကို တိုင်းရင်းသားတွေကို လွှဲမပေးဘဲ၊ သူတို့ပဲ ချုပ်ကိုင်ထားချင်သူတွေ ရှိနေတာ သေချာပါတယ်။ တနည်းပြောရရင်ဖြင့် နှစ်ဖက်စလုံးမှာ လူမျိုးရေးစိတ်ဓါတ်တွေ အတော်လေး ရှိနေပါတယ်။ ဗဟိုအစိုးရဖက်မှာ ဗမာလူမျိုးရေးစိတ်နဲ့ တိုင်းရင်းသားတွေဖက်မှာလည်း ကာလရှည်စုစည်းလာတဲ့ လူမျိုးရေးစိတ်ဓါတ်တွေ ရှိနေပါတယ်။ ဒါဟာ ပဋိပက္ခပါပဲ။ ကျနော်တို့ဟာ လူတိုင်းတန်တူအခွင့်အရေးရတာကို မြင်လိုတွေ့လိုပါတယ်။ ကျနော်အနေနဲ့ဆိုရင် ဖယ်ဒရယ်ပုံစံတမျိုးမျိုးနဲ့ ပြည်ထောင်စုဖြစ်လာစေချင်ပါတယ်။ တိုင်းရင်းသားတွေကိုလည်း သူတို့ဒေသအတွင်း စီရင်ပိုင်ခွင့်တွေ များများရစေချင်ပါတယ်။ ဒီပြဿနာတွေဟာ အဓိကကျတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလို အဓိက ပြဿနာကြီးတွေ ရှိနေဆဲ မပြေလည်သေးဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲလုပ်လာရင် အဲဒီ ရွေးကောက်ပွဲရလဒ်က ခိုင်လုံစိတ်ချရတဲ့ ရလဒ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြု လက်ခံမလား။
David Steinberg ။ ။ အဲဒါကတော့ မဲတွေ ရယူပုံ၊ ရေတွက်ပုံအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီနေရာမှာ ပထမ အရေးကြီးတဲ့အချက်က ၂၀၁၄ မှာ ကောက်ယူမယ့် သန်းခေါင်စာရင်းကိစ္စ။ ဘယ်သူဟာ တိုင်းရင်းသားဖြစ်တယ်။ ဘယ်သူဟာ မဟုတ်ဘူးဆိုတာ အဲဒီ သန်းခေါင်စာရင်းက ဆုံးဖြတ်မှာပါ။ ဒီမှာ ပြဿနာတွေ အများကြီးရှိနေတယ်။ ဒီအတွက် ကုလသမဂ္ဂကိုလည်း ကျနော်က အပြစ်တင်ချင်တယ်။ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး၊ ၁၃၆ မျိုးနဲ့ တခြားလူမျိုးတွေဆိုပြီး ပြထားတယ်။ ဒီအတိုင်း သန်းခေါင်စာရင်းကောက်ဖို့ဆိုရင် လုံးဝမသင့်လျော်တဲ့ကိစ္စပါ။ ဒါက ဘယ်သူမှာ မဲပေးခွင့်ရှိမယ်။ ဘယ်သူဟာ မဲပေးခွင့်မရှိဘူး။ မဲစာရင်း ဘယ်လိုကောက်မယ်ဆိုတာတွေနဲ့ ဆက်စပ်နေပါတယ်။ နောက်ပြဿနာတခုက မဲအားလုံးကို မှန်မှန်ကန်ကန် ရေတွက်ဖို့ကိစ္စပါ။ ဒါကိုလည်း အစိုးရက လုံးဝတာဝန်ယူရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒါနဲ့ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ထားတဲ့ကိစ္စကို ဆရာကြီး လက်ခံပါသလား။ ဒါက မြန်မာနိုင်ငံမှာ တကယ်ပဲ တိုင်းရင်းသားတွေ အဲဒီလောက်ရှိနေတယ်လို့ ထင်ပါသလား။
David Steinberg ။ ။ လက်မခံပါဘူး။ ဘာသာစကားတွေရဲ့ ဒေသိရစကား၊ ဒေသသုံးလေသံစကားတွေ ကွဲလွဲနေတာသာ ဖြစ်ပါတယ်။ သူတို့က ချင်းလူမျိုးကြီးပဲ ၅၃ မျိုး ရှိနေတယ်လို့ ဆိုထားတယ်။ ဒါဟာ လုံးဝအဓိပ္ပါယ်မရှိတဲ့ကိစ္စပါ။ ချင်းစကားကို ဒေသအသံကွဲနဲ့ ပြောဆိုလို့ ၅၃ မျိုး ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါက တိုင်းရင်းသားမျိုးကွဲတွေ မဟုတ်ဘူး။ လူမျိုးကွဲတွေလည်း မဟုတ်ပါဘူး။ ဒါ လုံးဝအဓိပ္ပါယ်မရှိဘူးဆိုတာ ဟိုတုန်းက ဝန်ကြီးဦးကျော်ဆန် ကို ကျနော် ပြောခဲ့ဘူးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုရင် ဘာကြောင့် ဒီလို ခွဲပြစ်တယ်လို့ ဆရာကြီး ထင်ပါသလဲ။ ကျနော် သတိထားမိတာကတော့ ၈၈ နောက်ပိုင်းမှာ တိုင်းရင်းသားတွေ ဖယ်ဒရယ်ပုံစံတွေကို သိပ်ဖိပြီးပြောလာကြတော့ လူမျိုးပေါင်း ၁၃၅ မျိုးတောင် ရှိနေတာ။ အဲဒါကြောင့် လူမျိုးစုအလိုက် ဖယ်ဒရယ်ပြည်ထောင်စုပေးဖို့ မဖြစ်နိုင်ဘူးဆိုပြီး ယမယ်ရှာ လုပ်ပြလိုက်တယ်လို့ ထင်ပါတယ်။ ဆရာကြီး ဘယ်လို သဘောရပါသလဲ။
David Steinberg ။ ။ ခင်များပြောတာ မှန်တယ်လို့ ထင်တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ မဆလခေတ်ကို ပြန်သွားရရင် မြန်မာနိုင်ငံမှာ လူမျိုးစုပြဿနာ မရှိဘူးလို့ ကုလသမဂ္ဂကို ပြောခဲ့တာပါ။ အခုတော့ လူမျိုးစုပြဿနာတွေ အများကြီး ရှိတယ်ဆိုပြီး လုပ်လာပါတယ်။ တကယ်တော့ လူမျိုးစုပြဿနာဟာ မြန်မာပြည်လွတ်လပ်ရေးရကတည်းက ရှိလာခဲ့တဲ့ အဓိကပြဿနာပါ။ ဒါပေမဲ့ အစိုးရတွေ ကိုင်တွယ်ခဲ့ကြပုံ လုံးဝမမှန်ကန်ခဲ့ဘူးလို့ ကျနော် ထင်ပါတယ်။