ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်က ချီးမြှောက်တဲ့ Shorenstein သတင်းမီဒီယာဆုကို လက်ခံရရှိတဲ့ ဧရာဝတီသတင်းစာ အယ်ဒီတာ ဦးအောင်ဇော် နဲ့ု ဗွီအိုအေမြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ တို့က မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေတဲ့ ဧရာဝတီသတင်းစာ လုပ်ငန်းအခြေအနေ၊ မြန်မာ့သတင်းလွတ်လပ်ခွင့် နဲ့ နိုင်ငံရေး အပြောင်းအလဲ၊ ရှေ့အလားအလာများကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ပထမဦးဆုံး မေးချင်တာက မြန်မာနိုင်ငံပြည်တွင်းမှာ ဧရာဝတီအောင်ဇော် ကို ဘယ်လောက် အသိအမှတ်ပြုခြင်း ခံရတယ်လို့ ယူဆပါသလဲ။
ဦးအောင်ဇော် ။ ။ ကျနော်တို့က ထုတ်လုပ်တဲ့ news တွေ၊ Analysis တွေ၊ အယ်ဒီတာအာဘော်တွေကို ဖတ်တဲ့လူတွေ ပိုပြီးများလာတာကို တွေ့ရပါတယ်။ ဆိုတော့ ကျနော်တို့အပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတာကိုတော့ ကျနော် ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုက မြန်မာနိုင်ငံက အာဏာပိုင်တွေရဲ့ သဘောထား။ ပြည်ပမှာ အခြေစိုက်ခဲ့တုန်းကတော့ အာဏာပိုင်တချို့က နံမည်နဲ့ ဖော်ထုတ်ပြီးတော့ မယုံနဲ့ မဖတ်နဲ့ဆိုတာကို ကြားခဲ့ဘူးပါတယ်။ အခု ပြည်တွင်းရောက်လာတဲ့အခါ သူတို့က ဘယ်လိုသဘောထားပါသလဲ။ ကိုအောင်ဇော်တို့ကို ရန်သူလို မြင်နေတုန်းလို့ ထင်ပါသလား။
ဦးအောင်ဇော် ။ ။ အဲဒီလိုမေးတာကို ကျေးဇူးတင်ပါတယ်။ ကျနော်မြင်တာကတော့ ကျနော်တို့ကို မယုံနဲ့ မဖတ်နဲ့ ပြောတဲ့အတွက်ကြောင့်လည်း ဂုဏ်ယူပါတယ်။ အဲဒီလိုပြောလေ ကျနော်တို့အတွက် ကောင်းလေပါ။ ဆိုတော့ အထဲဝင်သွားတဲ့အခါကြတော့လည်း ကျနော်ထင်ပါတယ်။ ကျနော်တို့ မမျှော်လင့်ထားတဲ့သူတွေ သူတွေတတွေရဲ့ အကြောင်းတွေကို အပြင်မှာ နှစ်ပေါင်း (၂၀) လောက် ရေးလာခဲ့တဲ့လူတွေ။ ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူတွေ၊ နိုင်ငံရေးသမားတွေ။ အကုန်လုံးကို ဟိုဖက်ကော ဒီဖက်ကော တွေ့ခွင့်ရပါတယ်။ စကားပြောခွင့် ရပါတယ်။ သူတို့ ဧရာဝတီပေါ်မှာ ထားတဲ့အမြင်တွေ၊ သူတို့ရဲ့ သဘောထားတွေ။ သူတို့ ဘယ်လိုမြင်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောတာရှိသလို။ သူတို့ လေးစားတယ်။ ဘယ်ဟာတွေကို သူတို့ကြိုက်တယ်။ ဘယ်ဟာတွေတော့ ဘယ်လိုမြင်တယ်။ ဝေဖန်တာတွေလည်း ကျနော်တို့ အစိုးရပိုင်းက ထိပ်တန်းအရာရှိကြီးတွေမှာကော။ နောက်ပြီးတော့ ပါလီမန်ထဲမှာလည်း သူရဦးရွှေမန်းတို့ကအစ ဦးခင်အောင်မြင့်အဆုံး သူတို့တွေအကုန်လုံးက ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ ကျနော်တို့အပေါ်ထားတဲ့ respect အတော်ရှိတယ်ဆိုတာကိုလည်း တွေ့ရတယ်။ တဖက်မှာလည်း critical ဖြစ်တဲ့ မီဒီယာဖြစ်တဲ့အတွက်ကြောင့် အဲဒီအပေါ်မှာ ရွံကြောက်တဲ့ပုံစံတွေ ရှိတာကိုလည်း တွေ့ရတယ်။ ကျနော်တို့ လုပ်နည်းလုပ်ဟန်လေးတွေ မှန်နေတယ်လို့ပဲ ခံစားရပါတယ်။ ကျနော်တို့အလုပ်ကိုက ဒီနေ့ သူငယ်ချင်းဖြစ်သော်လည်း နောက်နေ့ကျရင် ကျနော်တို့ ရေးသားမှုတွေကြောင့် ရန်သူဖြစ်သွားတာတွေ ရှိပါတယ်။ သူတို့ဖက်က … ကျနော်တို့အလုပ်ကတော့ ကိုယ့်အလုပ်ကို ဆက်လုပ်မှာဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ပြည်တွင်းမှာပြောင်းပြီးတော့ မီဒီယာအလုပ်ကို လုပ်လာတယ်ဆိုတော့ ပြည်ပမှာလုပ်ခဲ့တာနဲ့ ဘာကွာသလဲ။ အဲဒါထက်ပိုပြီးတော့ အဆင်ပြေချောမွှေ့တယ် ထင်ပါသလား။ ပိုပြီးတော့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ တွေ့ရရင်လဲ နည်းနည်းပြောပြပါ။
ဦးအောင်ဇော် ။ ။ မမျှော်လင့်ဘူးတော့ မဟုတ်ဘူး။ မျှော်လင့်ထားတာတွေ ကြုံတွေ့ရပါတယ်။ အခန်းငှားရတဲ့ကိစ္စ၊ တယ်လီဖုန်း၊ အင်တာနက်တွေ၊ အင်တာနှေး ဖြစ်ရတဲ့ကိစ္စကအစ ဈေးတွေကြီးတဲ့ကိစ္စကအစ။ နောက်ပြီးတော့ staff တွေ ငှားတဲ့အခါကြတော့လည်း staff တွေ train လုပ်ရတဲ့ကိစ္စ၊ skills ကိစ္စ၊ capacity ကိစ္စတွေ အများကြီး ကျနော်တို့ဖက်က သူတို့နဲ့ ကျနော်တို့ ရှယ်လုပ်ရတဲ့ကိစ္စတွေ အများကြီး ရှိတဲ့အခါကြတော့လည်း ကျနော်တို့အတွက် ဒါတွေဟာ plus တွေလိုပဲ ခံစားရပါတယ်။ ဒါပေမဲ့ ပြည်ပမှာတုန်းက ဝင်ခွင့်မရဘဲ လုပ်ခဲ့တဲ့အခါတုန်းကတော့ စာပေးစာယူ သင်တန်းလုပ်ရသလို။ အဲဒီတုန်းက မြန်မာပြည်ကိုကြည့်ပြီးရေးရတာ black and white ပိုဆန်တယ်။ အဖြူအမည်း ပိုဆန်တယ်။ မြန်မာပြည်ပြောင်းသွားတဲ့ကာလ၊ တံခါးဖွင့်ပြီးကာလမှာ အထဲရောက်သွားပြီးတော့ ရံဖန်ရံခါသွားပြီးတော့ အထဲကနေ သတင်းတွေယူ၊ ကိုယ်တိုင်တွေ့ပြီး ရေးရတဲ့အခါကြတော့လည်း စာပေးစာယူ မဟုတ်တော့ဘဲ။ လက်တွေ့သင်ယူ ရေးသားရတာဖြစ်တဲ့အတွက် ပိုပြီးတော့လည်း အားရနှစ်ခြိုက်မှုရှိတယ်။ ဒါပေမဲ့ အခက်အခဲတွေကတော့ ကျနော်တို့အတွက် အများကြီး ရှိပါသေးတယ်။ Challenge တွေ အများကြီး ကျန်ပါသေးတယ်။ Security ပြဿနာတွေ၊ Protection ပြဿနာတွေ၊ အာဏာပိုင်နဲ့ ဆက်ဆံရတဲ့ကိစ္စတွေ။ နောက် ပြဿနာဖြစ်နေတဲ့ နေရာတွေကို information access မရတဲ့ကိစ္စတွေ။ လွယ်မရောင်နဲ့ ခက်နေတဲ့ကိစ္စတွေ။ အများကြီးပါ။ အဲဒါတွေကို ကျော်ဖြတ်ရမှာ အများကြီး ကျန်ပါသေးတယ်။
ဦးကျော်ဇံသာ ။ ။ တချိန်ချိန်မှာ ပြည်ပကို ပြန်ရောက်သွားနိုင်တဲ့ အခြေအနေတွေ။ ပြည်တွင်းက ထိုးဝါးနှုတ်ပြီးတော့ ပြည်ပကို ပြန်ထွက်ရမယ့် အခြေအနေမျိုးတော့ မရောက်နိုင်တော့ဘူးလို့ ထင်ပါတယ်။
ဦးအောင်ဇော် ။ ။ ဦးကျော်ဇံသာ အဲဒီမေးခွန်းကိုမေးတာ ကောင်းပါတယ်။ ကျနော်ထင်တယ် ဦးကျော်ဇံသာတော့ ဘယ်လိုထင်သလဲတော့ ကျနော် မသိဘူး။ ကျနော်တို့ မြင်တာကတော့လေ ဒါကြောင့်လဲ ကျနော်တို့က တချို့ဆိုရင် ရုံးခန်းတွေကို အပြင်မှာထားထားတယ်။ အထဲမှာ branch office ထားပြီး စမ်းကြည့်နေတယ်။ အနေအထား ဘယ်လိုရှိမလဲ။ အနေအထားတွေက မငြိမ်ဘူး ဖြစ်နေတာကို။ ကျနော့်သူငယ်ချင်းတယောက် ပြောသလိုပေါ့ မြန်မာပြည်ကိုသွားတဲ့အခါ ဘယ်နေရာကို ကိုင်ကြည့်လိုက် အရမ်းကို အကဲဆတ်တယ်။ အရမ်း Fragile ဖြစ်တယ်။ အရမ်းကို စောနေသေးတဲ့ကာလတခု ဖြစ်တယ်ဆိုတော့ ဘယ်နေရာကိုသွားနေတယ်ဆိုတာ ကျနော်တို့ မသိသေးဘူး။ အရင် (၂) နှစ်လောက် မြန်မာပြည်စပွင့်တုန်းက ညီအကို မသိတသိလို့ ပြောကြတယ်။ ညီအကို မသိတသိနဲ့ ပိုဆိုးတဲ့ကာလ ပြန်ရောက်နေသလားလို့တောင် ပြန်ပြီးခံစားရတယ်။ ဒီနေ့ဒီအခါကဆိုတော့ ကျနော်တို့က back-up plan တွေကတော့ အားလုံးဆွဲကြတာပဲ။ မီဒီယာတခုတည်းမဟုတ်ဘူး တခြားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ human rights လုပ်နေတဲ့အဖွဲ့တွေ၊ မြန်မာပြည်ကို ကောင်းတာကိုမြင်ချင်တဲ့ အမေရိကမှာရှိတဲ့ အဖွဲ့အစည်းတွေတောင်မှ ဒီနေ့ဒီအချိန်ကာလမှာတော့ အခြေအနေတွေက မသေချာဘူး ဖြစ်နေတယ်။ ဒါကြောင့် သူတို့တွေအနေနဲ့တော့ back-up plan, back-up strategy တွေ ရှိသင့်တယ်ဆိုတာကို အားလုံးပြောနေတဲ့ကာလ ဖြစ်နေတော့ အခုန မေးခွန်းပြန်ဖြေရမယ်ဆိုရင်တော့ ကျနော်တို့ကတော့ back-up strategy တော့ ထားရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုန ကိုအောင်ဇော် ပြောသလို မြန်မာပြည်တွင်းမှာ ပြဿနာတွေ သိပ်များတယ်။ အဓိက အတိမ်အစောင်းမခံနိုင်တဲ့ ကိစ္စတွေ။ မီဒီယာသမားတွေအတွက် ခက်ရာခက်ဆစ် လုပ်ရမယ့်သတင်းတွေရှိတယ်။ ဥပမာ communal violence ဖြစ်နေတဲ့ကိစ္စမျိုးတွေ။ အဲဒီ ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်တွင်းက မီဒီယာတွေ ကိုင်တွယ်ပုံက တာဝန်ကျေကျေ၊ တာဝန်သိသိနဲ့ မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ကြတယ်လို့ ထင်ပါသလား။
ဦးအောင်ဇော် ။ ။ ပြောဖို့တော့ အရမ်းခက်ပါတယ်။ အစိုးရပိုင် သတင်းစာတွေကတော့ လက်လွှတ်စပယ် ပြောတဲ့ကိစ္စလေးတွေ ကျနော်တို့ တွေ့ခဲ့ရတယ်။ Communal violence စခဲ့တုန်းကဆိုရင် တချို့အသုံးအနှုန်းတွေကို တဖက်ကို စွပ်စွဲတဲ့အသုံးအနှုန်းတွေကို စပြီးသုံးခဲ့တာက တကယ်တော့ private သတင်းစာတွေထက်စာရင် အစိုးရသတင်းစာတွေက စသုံးခဲ့တာပါ။ တမင်သက်သက်ကို ရည်ရွယ်ပြီးတော့ ဖန်တီးသလားလို့တောင် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဆိုတဲ့အခါကြတော့ ဒါတွေကို ကျနော်တို့က ဒီလို communal violence, ethnic conflict တွေက တကယ်ကို ဝါရင့်သတင်းစာဆရာကြီးတွေတောင်မှ အရမ်းခက်ခဲတဲ့ story တခုကို ရေးပြဖော်ပြရတာ ဖြစ်ပါတယ်။ သာမန် light weight ဖြစ်တဲ့လူတွေ သွားပြီးရေးလို့ မရပါဘူး။ ဆိုတော့ အရမ်းအကဲဆတ်တဲ့ issue တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီ story ကို ဘယ်လို ပရိသတ်ကို ပြောမလဲဆိုတာလဲ အရမ်းအရေးကြီးတဲ့ကာလ ဖြစ်တယ်။ တချိန်တည်းမှာပဲ conflict ဖြစ်နေတဲ့နေရာတွေကို access ပေးမလားဆိုတာလည်း အခုထက်ထိ အခက်အခဲရှိနေတယ့်ကိစ္စ တခုပါ။ ရခိုင်ပြည်မှာဖြစ်တဲ့ကိစ္စဆိုရင်လည်း ရခိုင်ပြည်သူပြည်သားတွေ ခံစားမှုတွေ၊ သူတို့တွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ၊ သူတို့ရဲ့ feeling တွေ၊ သူတို့ sentimental ဖြစ်နေတာတွေ။ အဲဒါတွေကိုလည်း အများကြီး တင်ပြပေးဖို့ လိုမယ်လို့ ကျနော်တော့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ အာဏာပိုင်ဖက်ကရော တကယ့်လွတ်လပ်တဲ့ မီဒီယာတွေကို တိုင်းပြည်အတွက် လိုအပ်တယ်ဆိုပြီးတော့ သဘောပေါက်ကြတယ် ထင်ပါသလား။ အခု မီဒီယာဖွင့်ပေးရတယ်ဆိုတာ ပြင်ပက ဖိအားတွေကြောင့်၊ ပြင်ပမှာ အမြင်ကောင်းအောင်၊ လူကြားကောင်းအောင် လုပ်နေရတယ့် ထင်သလား။ သူတို့ကိုယ်၌က တကယ် မီဒီယာလွတ်လပ်ခွင့် တန်းဖိုးကို ထဲထဲဝင်ဝင် နားလည်းသဘောပေါက်လို့ ခွင့်ပြုလာတယ် ထင်သလား။
ဦးအောင်ဇော် ။ ။ အဲဒီ မေးခွန်းကတော့ MOM က လူတွေကို မေးတာတော့ ကောင်းပါတယ်။ ဝန်ကြီးဦးအောင်ကြည်၊ ဝန်ကြီးဦးရဲထွဋ်တို့ကို။ ဒါပေမဲ့ ကျနော့်အနေနဲ့ ဖြေရမယ်ဆိုရင်တော့ အစိုးရထဲမှာလည်း မီဒီယာရဲ့ value တန်းဖိုးကို သိတဲ့လူတွေ ရှိသလို။ မီဒီယာဆိုတာ ငါနဲ့မတူရင် ငါ့ရန်သူပဲဆိုပြီး သတ်မှတ်သူတွေလည်း အများကြီး ကျန်နေသေးတာကို တွေ့ရပါတယ်။ မီဒီယာကို အခုထက်ထိ ခါးပိုက်ဆောင်တပ်တခုလို။ မိမိရဲ့ mouthpiece လို၊ မိမိရဲ့ အော်လန်တခုလို၊ မိမိရဲ့ political agenda တခုခုကို အသုံးချမယ်လူတွေကို အများကြီး တွေ့နေရသေးတယ်။ အဲဒါကတော့ ဆုတ်ယုတ်မှုတခုလိုတော့ ကျနော်ထင်တယ်။ မကြာသေးခင်ကပဲ အတည်ပြုလို့မရသေးတဲ့ chemical weapon ဆိုတဲ့ စက်ရုံတခုကို သွားခဲ့ပြီး ရေးခဲ့တဲ့ Unity က လူတွေကို ဖမ်းတာကို တွေ့ရတယ်။ ဒါမျိုးဆိုရင် ကျနော် ဖြစ်စေချင်တာကတော့ မဟုတ်ဘူးဆိုရင် တခြားမီဒီယာတွေပါဖိတ်ပြီး အဲဒီစက်ရုံကို ခေါ်ပြလိုက်တာ ပိုမကောင်းဘူးလား။ ဒါမှမဟုတ်ရင်လည်း ဒီသတင်းမှားရင် မှားတယ်ဆိုပြီးတော့ reverse လုပ်လို့ မရဘူးလား။ ဆိုတော့ အဲဒီလိုပဲ အကိုမေးသွားသလို communal violence ကိစ္စတွေ၊ တခြား corruption ကိစ္စတွေ။ အစိုးရရဲ့ project ကိစ္စတွေ ရေးတဲ့ကိစ္စတွေမှာ မသမာမူတွေ ရေးတဲ့ကိစ္စတွေမှာ ဖော်ထုတ်တဲ့သတင်းစာတွေကို သူတို့ရန်သူလို့ သတ်မှတ်လာတဲ့ကိစ္စ။ ကလော်တုတ်တဲ့လူတွေကြတော့ သူတို့က ဘာမှမလုပ်တာမျိုးတွေ ရှိတယ်။ သူတို့ဖက်ကိုလိုက်ပြီး ရေးပြီးတော့ ရေးချင်သလို ရေးနေတဲ့လူတွေကိုလည်း သူတို့ ဘာမှမပြောတာမျိုးတွေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လူတွေ၊ သူတို့ဘက်သားတွေ ဖြစ်တဲ့အတွက်ကြောင့်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းက ၂၀၁၅ ရွေးကောက်ပွဲ နီးလာပြီး ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ အာဏာရှိပါတီနဲ့ ပြည်သူ့ထောက်ခံမှု တော်တော်အင်အားကောင်းတဲ့ပါတီတို့ အကြိတ်အနယ် ပြိုင်ရမယ့်ပွဲလည်းဖြစ်တယ်။ ဆိုတော့ တချို့နိုင်ငံတွေမှာ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ရွေးကောက်ပွဲကာလမှာ မီဒီယာသမားတွေဟာ တော်တော်လေး အန္တရာယ်တွေ ကြုံရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ ၂၀၁၅ ရွေးကောက်ပွဲကို မီဒီယာသမားတွေအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ မျှမျှတတ ရေးသားတင်ပြခွင့် ရရှိလိမ့်မယ်လို့ မျှော်လင့်ပါသလား။
ဦးအောင်ဇော် ။ ။ မမျှော်လင့်ပါဘူး။ ကျနော်ထင်တာတော့ အားလုံးကြိုပြင်ထားတာ ကောင်းမယ်လို့ ထင်ပါတယ်။ ဒီနေရာမှာလည်း တခြားနိုင်ငံတွေမှာသုံးတဲ့ training တွေ၊ safety standard training တွေကအစ အခုအချိန်ကတည်းကစပြီးတော့ reporters တွေကြားထဲမှာ, journalists တွေကြားထဲမှာ၊ အယ်ဒီတာတွေကြားထဲမှာ အဲဒီလိုမျိုးလေးတွေ စပြီးတော့ သုံးသင့်ပြီး။ Training တွေ ပေးသင့်ပြီးလို့ ကျနော်တော့ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ election ကို ရှုံးမယ်လို့ထင်ရင်။ ရှုံးမယ်လို့ထင်တဲ့ လူတွေကတော့ violence တွေဖြစ်အောင်။ instability မတည်ငြိမ်မှုတွေဖြစ်အောင် ပိုလုပ်မှာ ဖြစ်ပါတယ်။ အခုနလိုမျိုး radical ဖြစ်တဲ့သူတွေ၊ အစွန်းရောက်တဲ့သူတွေကို မြှောက်ပေးပြီးတော့ ပိုပြီး violence ဖြစ်အောင် လုပ်ကြမှာ။ ဆိုတော့ နောက်တခု စိတ်ဝင်စားဖို့ကောင်းတာက အရင်တုန်းက အဖြူအမည်းဆိုတာ အစိုးရ သို့မဟုတ် စစ်အာဏာရှင်ကဖြစ်ဖြစ် သူတို့ကို ဝေဖန်တဲ့သူနဲ့ ထိပ်တိုက်တွေ့တာ။ အခုက အဲဒီလို မဟုတ်ဘဲနဲ့ ကြားခံနယ်သူတွေ မွေးလာတဲ့ ပြဿနာ။ အဲဒီ ကြားခံတွေ မွေးပြီးတော့ အဲဒီ ကြားခံတွေကို ရန်ပြုခိုင်းတာတွေ၊ attack လုပ်ခိုင်းတာတွေ။ အဲဒါမျိုးတွေက ပိုများလာတယ်။ အဲဒါကို အစိုးရက သူမသိဘူးလို့ ပြောမှာ။ အစိုးရနဲ့ ပတ်သက်တဲ့လူတွေ။ ဒီလိုလုပ်တဲ့လူတွေက သူတို့ ဘာမှမပတ်သက်ဘူးလို့ ပြောမှာပဲ။ ဒါပေမဲ့ သူတို့က ကြားခံကို အသုံးချပြီးတော့ သူတို့ကို ဝေဖန်တဲ့သူတွေ၊ သူတို့ကို တိုက်ခိုက်တယ်ဆိုတဲ့သူတွေ၊ သူတို့အကြောင်းတွေကို expose လုပ်တဲ့သူတွေနဲ့ အဲဒါတွေနဲ့ ပတ်သက်ရင်၊ အတိုက်အခံတွေနဲ့ ပတ်သက်ရင်၊ ဒီမိုကရေစီအုပ်စုနဲ့ ပတ်သက်ရင်ဖြစ်ဖြစ်။ critical ဖြစ်တဲ့ မီဒီယာတွေနဲ့ ပတ်သက်ရင်ဖြစ်ဖြစ် အဲဒီကြားခံတွေကစပြီးတော့ တိုက်ခိုက်တာမျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။