သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် - ကမန် အကြမ်းဖက် ပဋိပက္ခ


Rakhine riot
Rakhine riot
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကာလကြာရှည်စွာ အတူရှင်တွဲ နေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးတွေနှင့် တိုင်ရင်းသား ကမန်တွေကြားမှာ ဘာကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့သတင်းတပတ်က ကမန်အမျိုးသားတစ်ဦးနှင့် မေးမြန်းခဲ့သလို အခုတပတ်မှာတော့ ရခိုင်အမျိုးသား ဦးဘချမ်းဖြူ နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ပြီးခဲ့တဲ့အပတ်တုန်းက ကျနော်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်မှာ ကျောက်နီမော်က ကမန်အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ရခိုင်ပြည်အလယ်ပိုင်း တောင်ပိုင်းဘက်ကိုပါ နည်းနည်းကူးစက်လာမည့် သဘောတွေ့နေပါတယ်။ အလယ်ပိုင်းဖြစ်တဲ့ ကျောက်ဖြူဘက်၊ ကျောက်နီမော်ဘက်မှာဆိုလည်းပဲ ပြင်းပြင်းထန်ထန် ဖြစ်ပျက်လာတာ တွေ့ရပါတယ်။ ဆိုတော့ အစက ကျနော် နားလည်ထားတာက ဒါဟာ ရခိုင်တွေက ဟိုဘက်ကဝင်လာတဲ့ ဘင်ဂါလီ မွတ်စလင်တွေနှင့် ဖြစ်တဲ့ကိစ္စက မြောက်ပိုင်းကလို့ ထင်တယ်။ တကယ်တော့ ရခိုင်ပြည် အလယ်ပိုင်း၊ တောင်ပိုင်းမှာရှိတဲ့ ကမန်တွေကတော့ ရခိုင်တိုင်းရင်းသား စာရင်းထဲမှာလည်း ပါပြီးသားဖြစ်တယ်။ သူတို့နှင့် ပဋိပက္ခ သိပ်မရှိဘူးလို့ ကျနော်က အရင်က နားလည်ထားပါတယ်။ အခု ဘာကြောင့် အဲဒီလို ကူးစက်လာတယ်လို့ ထင်ပါသလဲ။

ဦးဘချမ်းဖြူ ။ ။ ဒီကိစ္စကတော့ အထူးသဖြင့် ကမန်တွေက နည်းနည်းတာဝန်ရှိတယ်လို့ပဲ ပြောရမလား မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်တွေနှင့် ဘင်ဂါလီတွေနှင့် ဖြစ်တဲ့ကိစ္စက တဘက်နိုင်ငံသားက ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေနှင့် ရခိုင်တွေက ဖြစ်တာ။ ဖြစ်တဲ့နေရာမှာ ဘင်္ဂါလီတွေကို ကမန်က ဘာသာရေးကို အကြောင်းပြုပြီးတော့ သူတို့က နီးနီးစပ်စပ် လက်ခံတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ တကယ်တော့ ကမန်က သူက ဒီတိုင်းရင်းသား ရခိုင်ထဲမှာ ပါနေပြီးပြီ။ တိုင်းရင်းသားအထဲမှာ ပါနေတဲ့အခါကြတော့ ဒီကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို ကာကွယ်ရမှာ ရခိုင်တင်မက ဒီ ကမန်တိုင်းရင်းသားတွေမှာလည်း တာဝန်ရှိတယ်။ အဲဒီအခါကြတော့ ကမန်တွေက ကာကွယ်မှုမပြုဘဲနှင့် ဒီလူတွေနှင့် ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ ဒီလို လမ်းကြောင်းတစ်ခုကို ပူူးတွဲပြီးတော့ နေထိုင်လာတဲ့အခါ ရခိုင်တွေက တဘက်တလမ်းက အမြင်သိပ်မရှင်းတော့တဲ့ ပုံစံမျိုးတွေ ဖြစ်လာလိမ့်မယ်လို ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ပြီးခဲ့တဲ့အပတ်က ကမန်အမျိုးသားကို မေးတဲ့အခါတော့ သူတို့ကမန်တွေက ဘဂါၤလီရိုဟင်ဂျာတွေကို လက်မခံပါဘူးတဲ့။ ရိုဟင်ဂျာဆိုတာကိုလည်း သူတို့က လုံးဝလက်မခံပါဘူးလို့ သူတို့ကပြောတာဘဲ။

ဦးဘချမ်းဖြူ ။ ။ တကယ်တကယ်တော့ ကမန်တိုင်းရင်းသားအနေနှင့် ဒီလိုဘဲ ရှင်းရှင်းလင်းလင်း ဖြစ်ရမယ်လေ။ ဘင်္ဂါလီတွေ ဟိုဟာက ရိုဟင်ဂျာတွေက သူတို့က ရိုဟင်ဂျာလူမျိုးဆိုတာလည်း ရခိုင်တွေက အသိမှတ်ပြု မထားဘူး။ ဘဂါၤလီတွေကနေပြီးတော့ နာမည်တစ်ခုမွေးစားပြီးတော့ သူတို့က နိုင်ငံသား တိုင်းရင်းသား ဖြစ်ဖို့ကြိုးစားနေကြတာ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဒါပေမယ့် အဲလို ကြိုးစာမှုကို ကမန်တွေက သူတို့လည်း လက်မခံပါဘူးလို့ ပြောတယ်။ ကျနော့်ကို အဲနေ့က ပြောတဲ့ အခါမှာတော့။

ဦးဘချမ်းဖြူ ။ ။ လက်မခံဘူးဆိုပေမယ့် သူတို့က ဒီကျောက်နီမော် ဆိုတဲ့နေရာမှာ သူတို့တွေက အတူတကွ ရခိုင်နှင့် မဟုတ်ဘဲနှင့် သူတို့ ဒီကမန်နှင့်ဘဂါၤလီက တော်တော်လုံးထွေးသွားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ရခိုင်ကသက်သက်။ ဘင်္ဂါလီကြတဲ့ အခါကြတော့ ကမန်တွေနှင့် ဘာသာရေးအရ နီးစပ်သွားတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ အဲဒါကြတော့ အဲမှာ ရှုပ်ထွေးပြီးတော့ဖြစ်တဲ့ အခါကြတော့ ဘဂါၤလီရယ် ကမန်ရယ်လို့ ခွဲခွဲခြားခြား မဟုတ်ဘဲနှင့် အဲလို ရောထွေးသွားတဲ့ ပုံစံမျိုးတွေ ဖြစ်သွားနိုင်တာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော်ပြောမယ် ဦးဘချမ်းဖြူက အဲဒီဘက်က ဒေသခံတစ်ယောက်ဘဲဆိုတော့ ဦးဘချမ်းဖြူရဲ့ နေခဲ့တဲ့ဘဝမှာကော ငယ်ငယ်ကတည်းက အတူတကွ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံလာတဲ့ မိတ်ဆွေသူငယ်ချင်း ကမန်တွေ မရှိဘူးလား။

ဦးဘချမ်းဖြူ ။ ။ ငယ်ငယ်တုန်းကတော့ ကျနော်တို့က နယ်ဘက်မှာဆိုတဲ့အခါကြတော့ ကျနော်တို့ ကျောက်ဖြူမြို့ ကျနော်တို့က ကျောက်ဖြူမြို့ အလယ်ပိုင်းလောက်ကျတယ်။ ကလန်းတေရွာ။ အဲတော့ ကမန် အများစုနေတာက ကျနော်တို့ ဟိုဟာ နဂိုကဆိုလို့ရှိရင် ရမ်းဗြဲမြို့မှာ အများဆုံးရှိတယ်လို့ သိရတယ်။ နောက်ပိုင်းမှာတော့ အလုပ်သဘောအရ ဒီဘက် ကျောက်နီမော်တို့မှာ ထွက်လုပ်ကြတာ ဖြစ်ပါလိမ့်မယ်။ အဲအခါကြတော့ ကျနော်တို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် ဒီကမန် နှင့် ရခိုင်နှင့် ပြဿနာ ဖြစ်တယ်လို့ကို ကျနော်တို့က မကြားဖူးဘူး။

ဦးကျော်ဇံသာ ။ ။ အဲမှာလည်းပဲ ခုနက ပြောတဲ့ ရမ်းဗြဲတို့ဘာတို့ ဘက်မှာလည်းဘဲ ရင်းရင်းနှီးနှီး နေကြတာဘဲ။ မိတ်ဆွေသူငယ်ချင်းလိုမျိုး။

ဦးဘချမ်းဖြူ ။ ။ ဟုတ်တယ်။ သူတို့တွေ ရခိုင်ဘုန်းကြီးတွေကိုတောင်မှ သွားသွားလာလာ ရှိကြတယ်လို့ ကျနော်တို့က ကြားဖူးတယ်။ သူတို့က ရခိုင်စကားကိုပဲ ရမ်းဗြဲစကားကိုပဲ သူတို့က ပြောကြတယ်။ ကျနော်တို့နှင့် ဒီနိုင်ငံရေးအရ နီးစပ်ဘူးတဲ့သူတွေကလည်း ကျနော်တို့ကို ရင်းရင်းနှီးနှီးဘဲ သူတို့က ဆက်ဆံတာ။ ဒါပေမဲ့ သူတို့ထဲမှာ အဲလိုဘဲ ထိုးဖောက်ပြီးတော့ ဝင်ရောက်နေတဲ့သူတွေရှိတယ်တဲ့။ အဲဒါကို အုပ်စုတစ်စုက လက်ခံချင်တဲ့ ပုံစံရှိတယ်။ အုပ်စုတစ်စုက လုံးဝလက်မခံဘူးဆိုတဲ့ သဘောကို ကျနော်တို့ကို ပြောပြတာရှိတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်တယ်။ အဲဒီတော့ လက်ခံချင်တဲ့အုပ်စု နှင့် လက်မခံချင်တဲ့အုပ်စု အကြားကပြိုင်ဘက် ဖြစ်ရမှာ။ အခုဖြစ်တာက အကုန်လုံးနှင့် ရောပြီးတော့ ဖြစ်နေတဲ့သဘော တွေ့ရလို့ပါ။ ကျနော်က သိပ်အံ့အားသင့်မိတယ်။

ဦးဘချမ်းဖြူ ။ ။ ဒီဟာကတော့ ပြဿနာက တော်တော်လေးကို ကြီးသွားတယ်လို့ပြောရမှာပေါ့ဗျာ။ ဒါပေမဲ့ ဒီကိစ္စက ကမန်ကတော့ သူ့မှာ ဒီကမန် ပြဿနာတော့ မဟုတ်ဘူးဗျာ့။ တကယ့် တကယ် ဒီဟာက ဘင်္ဂါလီ ရိုဟင်ဂျာ မြေခံ ဘင်္ဂါလီတွေရဲ့ ပြဿနာပဲ။ ကမန်ကတော့ ဒီနေရာမှာ ရောထွေးပြီးတော့ ပါသွားလို့ ရှိရင်လည်း သူဟာသူ သက်သက်နေပေးသင့်တာပေါ့။ သူက ဒီနိုင်ငံသား တိုင်းရင်းသား ဖြစ်ပြီးပြီဆိုတဲ့ အဆင့်က နည်းတဲ့ အဆင့်မှ မဟုတ်တာ။

ဦးကျော်ဇံသာ ။ ။ ဟုတ်တယ်။ နိုင်ငံသားမှာမှ သူတို့ နှစ်ပေါင်းတာရှည်နေတာ။ နောက်ပြီးတော့ သံတွဲဘက်မှာ။ သံတွဲမှာတော့ ကျနော်က ကိုယ်တိုင်နေခဲ့ဖူးပါတယ်။ သံတွဲမှာဆိုရင် တစ်အိမ်က မွတ်စလင်အိမ်၊ ကမန်အိမ်၊ နောက် ဗုဒ္ဓဘာသာအိမ်။ နောက်ပြီး သံတွဲ ထူခြားချက်က ငကျော်တောင်ဘက်မှာဆိုရင် ခရစ်ယာန်တွေလည်း ရှိတယ်။ သံတွဲဟာ အင်မတန် ဘာသာရေးအရ သည်းခံခွင့်လွှတ်ပြီးတော့ ခွဲခြားမှုမရှိတဲ့ ဒေသတစ်ခုလို့ ကျနော် သတ်မှတ်ပါတယ်။ အခုအချိန်မှာကော အဲဘက်က ဖြစ်တယ်လို့တော့ မကြားဘူး။ ဒါပေမဲ့ လက်နက်တွေ တွေ့တယ် ဘာညာပြောတော့ အဲဒီဘက်ကိုကော ဘယ်လိုဖြစ်လာနိုင်တဲ့ အခြေအနေရှိလဲ။ အေးချမ်းချမ်းဘဲ ဆက်ပြီးတော့ နေနိုင်မယ် ထင်ပါတယ်။

ဦးဘချမ်းဖြူ ။ ။ သိပ်စိတ်ချလို့ မရတဲ့ အခြေအနေမှာပဲ။ ကမန်ရယ် ဘဂါၤလီရယ်လို မဟုတ်ဘူး။ ရခိုင်တွေကလည်း ဒီအချိန်မှာ စိတ်ချလက်ချ နေလို့ရတဲ့ အခြေအနေ မရှိဘူး။ ဘာလို့လဲဆိုတဲ့အခါ ဘယ်သူက စပြီးတိုက်လာမယ်ဆိုတာပြောလို့ မရဘူး။ ယုံကြည်မှုလုံးဝ ပျက်ပြယ်သွားတယ်။ အထူးသဖြင့်ကတော့ ဒီကိစ္စက အစိုးရမှာ ပိုပြီးတာဝန် ရှိလိမ့်မယ်လို့ ကျနော်က ထင်တာ။ ပြဿနာက ကြီးတယ်ဆိုပေမယ့် ဒီပြဿနာက မရှုပ်ဘူး။ ရှင်းရှင်းလေး။ နိုင်ငံခြားသား ကျူးကျော်ဝင်ရောက်လာတဲ့ သူတွေကို ဒီလို အသားလွတ်ကြီး နိုင်ငံသားလို ဘုန်းပေါလအော နေလို့ရတဲ့ အဆင့်မျိုးက ဒေသခံတွေကို ကျူးကျော်စော်ကားလာတဲ့အဆင့် ဆိုတဲ့ဟာက ဘယ်လိုမှ သည်းခံလို့ရတဲ့ အခြေအနေ မရှိဘူး။ အဲဒါကို နိုင်ငံတော်က စီစီစစ်စစ်နှင့် ခွဲခွဲခြားခြား ဆက်ဆံမယ်ဆိုလို့ရှိရင် ဒီပြဿနာ ဒီလောက်ကြီးမှာ မဟုတ်ဘူး။ အခုက တော်တော်လေး အခွင့်အရေးရသွားတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။

ဦးကျော်ဇံသာ ။ ။ အစိုးရဘက်ကကော ကျနော် ဟိုနေ့က ကမန်အမျိုးသားကို မေးကြည့်တော့ ၉၀ နောက်ပိုင်းမှာထင်တယ်။ ၉၀ နောက်ပိုင်းမှာ စပြီးတော့ ဟိုဘက်က ဘဂါၤလီမွတ်စလင်တာမကဘူး ဟိုဘက်က ဝင်လာတဲ့သူကိုတောင်မကဘူး အရင် ဒေသခံဖြစ်နေတဲ့ ကမန်တိုင်းရင်းသားတွေကိုပါ ခရီးသွားလာခွင့် ပိတ်တာတို့ ဘာတို့ အဲလို တတန်းတစားတည်း သတ်မှတ်ပြီးတော့ ပိတ်ပင်တားဆီးမှုတွေ လုပ်လာခဲ့တယ်လို့ ပြောတယ်။

ဦးဘချမ်းဖြူ ။ ။ ဒီဟာကတော့ ကျနော်တို့ အတိအကျတော့ မသိဘူး။ ဟိုဘက်က ဘဂါၤလီတွေကတော့ နိုင်ငံသားမှတ်ပုံတင်လည်း မရှိဘူး။ ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ သိရတယ်။ ဒီ ကမန်ဘက်ကတော့ သူက တိုင်းရင်းသားလက်မှတ် ရပြီးသွားတဲ့အခါကြတော့ ဥပဒေကလည်း သူ့ကို ပိတ်ဆို့ဖို့ အကြောင်းမရှိဘူးလို့ ထင်တယ်။ အဲဒီတော့ ဒီကမန်အပိုင်းကို ကျနော် နားလည်တာကတော့ အထူးသဖြင့် အဲဒီ မော်ရဝီ လားတွေကနေပြီးတော့ ဘာသာရေးအရ လုံးဝဝင်ပြီးတော့ စည်းရုံးတယ်လို့ ကျနော်တို့ သိရတယ်။ နဂိုက သူတို့ဖြင့် ကမန်တွေဟာ မော်ရဝီက ဆိုရင် ……..ဘူး။ နောက်ပိုင်းမှာကတော့ ဒီရခိုင်ဗုဒ္ဓဘာသာတွေနှင့် ယဉ်ပါးမှု ကွာဟလာတဲ့ ပုံစံမျိုး။ ဘာသာရေးအရပေါ့ ဆက်နွှယ်ပြီးတော့ တော်တော် နီးစပ်သွားတဲ့ ပုံစံမျိုးပါပဲ။

ဦးကျော်ဇံသာ ။ ။ အဲဒါဘဲ။ ကျနော် အံ့အားသင့်နေတာက ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားတာလဲ။ အဲဒီတော့ တကယ်လို့ နီးစပ်ချင်းနီးစပ်ရင် သူတို့က ပြောတယ်။ ကျနော်တို့ ဟိုဘက်က လာတဲ့လူကို လက်မခံဘူး။ ရိုဟင်ဂျာလည်း လက်မခံဘူး။ ဘင်္ဂါလီကိုလည်း လက်မခံပါဘူး။ ကျနော်တို့က တိုင်းရင်းသားပါလို့ ကိုယ်တိုင် သူတို့ပြောနေတယ်။ ဆိုတော့ ကျနော်ထင်တာ နားလည်မှု လွဲမှားတာတော့ ပါကောင်းပါမယ်ထင်တယ်။ တဖက်သက် အပြစ်ပြောတာထက်။

ဦးဘချမ်းဖြူ ။ ။ အဲဒါကလေ။ ဟိုမှာ ၉၀ခုနှစ် ရွေးကောက်ပွဲတုန်းကဆိုရင် အထူးသဖြင့် ဒီကမန်တွေက ရမ်းပြဲမှာဘဲ များများစားစား ရှိတယ်လို့ သိရတယ်။ စစ်တွေ ပတ်ဝန်းကျင်မှာဆိုရင် ဒီလောက်မရှိဘူးလို့ ထင်တယ်။ နည်းတယ်ပေါ့။ ဒါပေမယ့် ဒီရွေးကောက်ပွဲ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲကိုထည့်တဲ့အခါကြတော့ ကမန်ပါတီက ဦးရွှေရ ဆိုတဲ့သူက အနိုင်ရသွားတယ်။ ရခိုင်ပါတီ နှစ်ခု မဲရှုံးသွားတယ်။ ရှုံးသွားတဲ့အခါကြတော့ အဲဒီ ကမန်တွေကို ဘယ်သူတွေက မဲထည့်လဲဆိုတဲ့အခါကြတော့ အဲဒီ ဘဂါၤလီကုလားတွေက စုပြုံပြီးတော့ မဲထည့်လိုက်တယ်လို့ ကျနော်တို့က သိရတယ်။ အဲဒီတော့ ….. ဘာသာရေးအရ ဆက်နွယ်နေတဲ့ဟာကိုတော့ သူတို့ ငြင်းလို့မရဘူး။ အဲဒီတော့ ကမန်ဘက်ကို ကျနော် ပြောချင်တာကတော့ ကမန်ဟာ နိုင်ငံသား၊ တိုင်းရင်းသား ဖြစ်ပြီးပြီဆိုတော့ နိုင်ငံတော်နှင့် ရခိုင်ပြည်သူအပါ်မှာ သစ္စာရှိသင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ ကမန်တွေ တိုင်းရင်းသားဖြစ်မှုကို ရခိုင်တွေက ကန့်ကွက်တာ ကျနော်တို့က မတွေ့ရသေးဘူး။ ကမန်ကလည်း တကယ့် တကယ်ဆိုလို့ရှိရင် ဇာတိ သူတို့က တိုင်းရင်းသားမဟုတ်ဘူး။ ပြု့တိုင်းရင်းသားပေါ့။ ပြောရမယ် ဆိုလို့ရှိရင်။ အဲဒီတော့ ရခိုင်တွေနှင့် နိုင်ငံတော်အပေါ်မှာ သူတို့က သစ္စာစောင့်တည်းပြီးတော့ ကိုယ့်တိုင်းရင်းသားရရှိထားတဲ့ အခွင့်အရေးကို သူ ကာကွယ်ရမယ်လို့ ကျနော်တို့ ယူဆတယ်။ ဒီ ဘင်္ဂါလီ အရေးအခင်း ဆိုတာက ရခိုင်တစ်ခုတည်းမဟုတ်ဘူး။ အဓိကက ကမန်အပါအဝင် တစ်နိုင်လုံးနှင့်ဆိုင်တဲ့ အမျိုးသားရေးပြဿနာတစ်ရပ်လု့ိ ကျနော်တို့က မြင်ထားတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခု ဦးဘဂျမ်းဖြူ ပြောနေတာက ရခိုင်တွေဘက်ကကော ဘာမ ှပြောစရာ မရှိဘူးလား။ ရခိုင်တွေဘက်ကကော ပြန်ပြီးတော့ ဆင်ခြင်စရာ သုံးသပ်စရာ၊ သူတို့ကော ပြောစရာ ဘာမှမရှိဘူးလား။

ဦးဘချမ်းဖြူ ။ ။ ရခိုင်ဘက်ကတော့ အထူးသဖြင့်ကတော့ ကျနော်တို့ကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုလုပ်တာ အထိုက်လျောက် ရိုင်းစိုင်းပြီးတော့ ဥပဒေအကြောင်းအရ ကျနော်တို့ ဖြေရှင်းတာကို ကျနော်တို့ လက်ခံရမယ်လေ။ ဒီအစိုးရ ပြောနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ သူတို့က စီစစ်မယ်ဆိုတဲ့ အကြောင်းအရာ ပြောထားတာရှိတယ်။ အဲဒီကိစ္စကို အစောအလျင် ဖြေရှင်းနိုင်တာပေါ့။ အဲဒီတော့ ဒီမှာ ကျနော်တို့က ၁၉၈၂ ခုနှစ် ဥပဒေအရ ဖြေရှင်းမယ်လို့ ပြောနေတယ်ဆိုပေမယ့် အဲဒီနိုင်ငံတော်က သုံးနေတဲ့ဥစ္စာ ဒေသအတူနေ လူမျိုးစုတစ်စု ပဋိပက္ခ ဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုးတွေ အသုံးအနှုန်းတွေကြတော့ ကျနော်တို့ ဒါကို လက်မခံချင်ဘူး။ သူတို့ ဒေသခံတွေနှင့် တဖက်သတ် ကျူးကျော်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ ဘင်္ဂါလီတွေနှင့် ကျနော်တို့က ဘဂါၤလီအန္တရာယ်ကို ကျနော်တို့က ခုခံပြီးတော့ ကာကွယ်ပြီးတော့ တိုက်ခိုက်နေရတာ။ သူတို့က မှီခိုပြီးတော့နေတဲ့အဆင့်ထက် ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေးဆိုတဲ့ဟာက အဓိက ဦးတည်ပြီးတော့ သူတို့က လုပ်နေတာ။ သူတို့က ဒီမှာ မှီခိုပြီးတော့ နေထိုင်ပါရစေဆိုတဲ့ ဒီ မှီခိုနိုင်ငံသားအဆင့်တောင် မဟုတ်ဘူး။ သူတို့တွေက။ အဲဒါတွေက အင်မတန် ရှင်းရလင်းရ ခက်တာပေါ့။

ဦးကျော်ဇံသာ ။ ။ဘဂါၤလီနှင့် ပြဿနာကတော့ ရှင်းပါတယ်။ ဒါပေမဲ့ ကျနော်က ကမန်နှင့် ပြဿနာအတွက် ဒီလို မေးမြန်းနေတာဖြစ်ပါတယ်။ ဆိုတော့ ကျနော် နောက်ဆုံးမေးချင်တာ ရှေ့အလားအလာ နောင်ကို ကမန်နှင့်ပေါ့လေ။ ဘင်္ဂါလီကိစ္စကတော့ ထားလိုက်ပါတော့။ အစိုးရက ဒါ နိုင်ငံသားဥပဒေနှင့် ဘာညာ အတည်အကျ လုပ်ရမယ်။ ဥပဒေ စိုးမိုးမှုရှိဖို့လိုတယ်။ နယ်စပ်ကို လုံခြုံအောင် ပိတ်ရမယ်။ ဒါပေမဲ့ ကမန်နှင့် နောင်အခါမှာ ဆက်လက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ့် အလားအလာကို ပြောပါဦး။

ဦးဘချမ်းဖြူ ။ ။ ကမန်ကတော့ ကြားညပ်တယ်လို့လဲ ကျနော်က ထင်တယ်လေ။ ကမန်ကို တိုက်တဲ့ ရခိုင်တွေက တိုက်တယ်လို့ ကျနော်တို့က မယူဆဘူး။ အဲဒီတော့ ဒီမှာ မီးလောင်တဲ့ ပုံစံမျိုးပါ။ ရခိုင်၊ ကုလားရယ်၊ ကမန်ရယ်လို့ သူက ရွေးတာမဟုတ်တော့ပေမယ့် နီးစပ်ရာလောင်သွားတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ လောလောဆယ်မှာတော့ အဲဒီ အရေးအခင်းလေးသာ သူတို့ ရှောင်တိမ်းပြီး နေကြတာတော့ သူအတွက်ရဲ့ အကောင်းဆုံးပဲပေါ့။ နောက်ပိုင်းမှာကတော့ အနည်ကျသွားတဲ့အခါကြတော့ သူတို့ ရရှိထားတဲ့ တိုင်းရင်းသားအရေးတွေ သူ့ဟာသူ ဒီအတိုင်းဘဲရှိလိမ့်မယ်လို့ထင်တယ်လေ။ ဒါပေမယ့် တချက်ရှိတာကတော့ ကျနော်တို့ဘက်ကတော့ ကျနော်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်နှင့် ပြောရမယ်ဆိုလို့ရှိရင်တော့ ဒီတိုင်းရင်းသား ရခိုင်တိုင်းရင်းသားဖြစ်မှုကို သူတို့က၊ တနည်းအားဖြင့်ဆိုလို့ရှိရင် ဒီစည်းကမ်းစောင့်ထိန်းမှုပေါ့။ တဘက်ကဝင်လာတဲ့ လူတွေနှင့် လက်ခံမှု မပြုလုပ်ဖို့တော့ သူတို့ လိုလိမ့်မယ်လိုတော့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စမှာ ကျနော် နောက်ဆုံးပြောချင်တဲ့အချက်ကတော့ ကမန်နှင့် ရခိုင် ကိစ္စမှာကတော့ ရခိုင်လူများစုပါ။ ကမန်က လူနည်းစုဖြစ်ပါတယ်။ အဲဒါကိုလည်း ထည့်တွက်ဖို့လိုမယ် မထင်ဘူးလား။

ဦးဘချမ်းဖြူ ။ ။ ကမန်က လူနည်းစုဖြစ်သည့်အတွက်ကြောင့် ကျနော်တို့ ရခိုင်ဒေသကို ရခိုင်လူမျိုးကို ဒုက္ခမပေးနိုင်ဘူးလို့ ကျနော်တို့က မြင်တယ်။ ကျနော်အနေနှင့် ကန့်ကွက်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် ခုနက ပြောသလိုပေါ့ လူနည်းစုဆိုပေမယ့် ဘာသာတူနေတဲ့အခါကြတော့ ဘင်္ဂလီတွေကို လမ်းကြောင်းပေးမှုကတော့ ကျနော်တို့က ဒါကိုတော့ ကမန်နိုင်ငံသားဖြစ်မှု တိုင်းရင်းသားဖြစ်မှုကတော့ ကျနော်တို့က ထည့်ပြီးတော့ စဉ်းစားရမယ့် ပုံစံမျိုးတွေ ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ အဓိကကတော့ တဘက်ကနေပြီးတော့ ဘာသာရေးကို အကြောင်းပြပြီးတော့ ထိုးဖောက် ဝင်ရောက်လာတယ်။ ရခိုင် နှင့် ကမန် နှစ်ပေါင်းများစွာ အတူနေလာတာကို သူတို့ ဝင်ပြီး သွေးခွဲပြီးတော့ ဟိုဘက်ကို ဖယ်ထုတ်ဆိုတဲ့ သဘောပေါ့။

ဦးဘချမ်းဖြူ ။ ။ အဲဒါတော့ သေချာတယ်။ အဲဒါ ကမန်တွေကလည်း သိနေတယ်။ သိနေတယ်ဆိုပေမယ့် တချို့ ကမန်တွေကတော့ ဒီဘာသာရေးက အထူးသဖြင့် ပြောရမယ်ဆိုလို့ ရှိရင်တော့ ဒီ အစ္စလာမ်ဘာသာကလည်း ဘာသာရေးအရ အင်မတန်ကို သွေးနီးတယ်ဆိုတဲ့ ပုံစံမျိုးတွေ ကျနော်တို့တွေ့ရတယ်။
XS
SM
MD
LG