ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေထဲက အစိတ်အပိုင်းတစ်ခုအနေနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဝင်ရောက်လာတာနှင့်အမျှ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ပြည်သူပိုင် လယ်ယာမြေတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူမှုတွေ ရှိလာပါတယ်။ ဒါကြောင့်မို့ လယ်သမားတွေရဲ့ ဆန္ဒပြ တောင်းဆိုသံတွေကလည်း မကြာခဏဆိုသလို ကြားလာရပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့အပေါ် RNTP ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖေသန်း၊ လယ်သမားအရေးဆောင်ရွက်နေသူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဒေါ်နုနုအောင်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ။ ။ အခု မြန်မာနိုင်ငံမှာ လယ်သမားတွေရဲ့ ငြီးတွားသံတွေကို တော်တော်များများ ကြားနေရပါတယ်။ သူတို့ရဲ့လယ်ယာမြေတွေကို အာဏာပိုင်တွေ သိမ်းပိုက်ပြီးတော့ လုပ်ငန်းရှင်တွေကို ပေးထားလိုက်တယ်။ ပြန်လည်ရရှိဖို့အတွက် လယ်သမားတွေက တောင်းဆိုကြတယ်။ လုပ်ငန်းရှင်တွေက မပေးဘူး။ သတင်းထောက်တွေက ဒီကိစ္စကို ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော် သမ္မတအထိ မေးတာတွေ့ပါတယ်။ အဲဒီဖက်က ပြန်ဖြေတာက တရားဥပဒေ ရှိတယ်။ ဥပဒေနှင့်အညီ ဖြေရှင်းနေပါတယ်။ ကိုင်တွယ်နေပါတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်အမှုမှ ပြီးပျက်သွားတယ်။ ပြီးမြောက်သွားတယ်လို့ မကြားရသေးပါဘူး။ ဆိုတော့ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ကျနော် ဒီနေ့ ဆွေးနွေးတင်ပြချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ကျနော် ဦးဖေသန်းကို မေးပါရစေ။ ဦးဖေသန်းဟာ လွှတ်တော်အမတ် တစ်ယောက်အနေနှင့် မြန်မာနိုင်ငံလွှတ်တော်ထဲမှာ လယ်ယာမြေနှင့် ပတ်သက်ပြီးတော့ ဖြေရှင်းဆောင်ရွက်ဖို့အတွက် လွှတ်တော်ရေးရာ ကော်မတီတွေ ဘာတွေ ရှိပါသလား။
ဦးဖေသန်း။ ။ ဟုတ်ကဲ့။ ကျနော် ဒီစတုတ္ထအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းဝေးတုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွဋ်ရဲ့ ဒီလယ်ယာမြေများ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာဖော်ထုတ်ပြီး လယ်သမားများ နစ်နာမှုမရှိရေး၊ တရားမျှတစွာဖြေရှင်း ဆောင်ရွက်ပေးရန်ဆိုတဲ့ အဆိုကို ကျနော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆၀ နီးပါးလောက်က ဝင်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြည်ထောင်စုလွှတ်တော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် ဆိုပြီးတော့ အဖွဲ့ဖွဲ့ထားပါတယ်။ အဖွဲ့က (၉) အဖွဲ့ပါ အကုန်လုံး။ အဲဒီအဖွဲ့မှာ ကိုယ့်အဖွဲ့ငယ်လေးတွေ နှင့် ကျနော်တို့ ဒီပြီးခဲ့တဲ့ လွှတ်တော်အပြီးမှာ တစ်ပြည်လုံးမှာ ကိုယ့်တာဝန်ကျတဲ့အပိုင်းတွေ အဲဒီနေရာမှာ သွားပြီးတော့ ကွင်းဆင်းပြီးတော့ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ အခု ကျနော်တို့ ဖြစ်နေတဲ့ ပြဿနာကို နည်းနည်းကြည့်ကြရအောင်ပါ။ ပထမဦးဆုံး ဒေါ်နုနုအောင်က ၈၈ မျိုးဆက်ထဲမှာ လယ်သမားအရေးကို တာဝန်ခံဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အခု လောလောဆယ် ဖြစ်နေတဲ့ ပြဿနာကို နည်းနည်း အကျဉ်းရုံး ပြောပြပါ။ လယ်သမားတွေ အဓိက လိုချင်နေကြတာ၊ လယ်သမားတွေ မကျေမနပ် ဖြစ်နေကြတာ ဘယ်လိုလဲ ပြဿနာက ဘာဖြစ်တာလဲ။
ဒေါ်နုနုအောင်။ ။ လယ်သမားတွေ အဓိက လောလောဆယ် ခံစားနေရတာတွေကတော့ အရင် ကုမ္မဏီတွေနှင့် အကျိုးတူဆိုပြီးတော့ လယ်ယာမြေတွေကို သိမ်းထားတဲ့ကိစ္စ။ နောက်ပြီးတော့ ဒီချေးငွေကိစ္စ။ ဒီလယ်ယာစိုက်ပျိုးရေး စရိတ်။ သွင်းအားစုကိစ္စ။ နောက် ရာသီဥတုဒဏ်ကြောင့် အခု ရေလွှမ်းမိုးလို့ ပျက်စီးသွားတဲ့ ကိစ္စတွေကို ထိထိရောက်ရောက် ဖြေရှင်းခြင်းမရှိတော့ လောလောဆယ် ပြဿနာက အဲဒီ (၃) ခုပါ။ အဲဒါ လယ်သမားတွေ စိတ်အညစ်ဆုံးပေါ့။
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ အဲဒီတော့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေဟာ ဥပဒေနှင့်အညီ သိမ်းတာမဟုတ်ဘူးလား။
ဒေါ်နုနုအောင်။ ။ အဲဒါက ဥပဒေနှင့်အညီလို့ ပြောလို့မရဘူး။ တလောက လယ်သမား ဧရာဝတီတိုင်းဘက်မှာ လယ်သမားတွေ လယ်ယာမြေကို ဖယ်ပေးရတယ်။ အဲဒါကို တဲဆောက်တယ်ဆိုပြီး ဖယ်ပေးရတယ်။ ပြန်ပေးမယ်ဆိုပြီး အခုထိ မပေးသေးဘူး။ ဒါ ၂၀၁၁ ထဲမှာ ဖြစ်သွားတာရှင့်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ လုပ်ငန်းအတွက် သိမ်းတာပေါ့။
ဒေါ်နုနုအောင်။ ။လုပ်ငန်းအတွက် သိမ်းတယ်ဆိုပြီး ပြန်ပေးမယ်ဆိုပြီး ဘာမှ ဌာနဆိုင်ရာတွေက ဖြေရှင်းပေးခြင်း မရှိသေးဘူး။ လက်ခံဆောင်ရွက်ပေးခြင်းလည်း မရှိဘူး။ ထိထိရောက်ရောက်။
ဦးကျော်ဇံသာ။ ။ သူတို့ကို တန်ရာတန်ကြေး ပေးသလား။ အဲဒီလို လယ်သိမ်းခြင်းခံရတဲ့အခါ။
ဒေါ်နုနုအောင်။ ။ လုံးဝ မပေးသေးပါဘူး။
ဦးကျော်ဇံသာ။ ။ မပေးသေးဘူးဆိုတော့ ပေးမှာလား သူတို့က ပေးဖို့ ပြောသလား။
ဒေါ်နုနုအောင်။ ။ လယ်သမားတွေ အနေနှင့်လည်း၊ ကျမတို့တွေအနေနှင့်လည်း ထပ်ပြီးတော့ ဧရာဝတီတိုင်းအဆင့်ဆင့်ကို တင်ထားတာရှိတယ်။ သူတို့က ဌာနဆိုင်ရာတွေက ဆောင်ရွက်နေပါတယ်၊ ဆောင်ရွက်နေပါတယ်၊ စိစစ်နေပါတယ် ဆိုပြီးတော့ဘဲ အကြောင်းပြန်တယ်။ ထိထိရောက်ရောက် ဘာမှအခုထိ ဖြေရှင်းထားခြင်း မရှိသေးဘူး။
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ဦးဖေသန်း ဘာပြောမလဲ ခင်ဗျာ။ အဲဒီ ဦးဖေသန်းတို့ ဥပဒေ ပြဋ္ဌာန်းထားတဲ့အထဲမှာ လုပ်ငန်းအတွက် လယ်ယာမြေ သိမ်းနိုင်ခွင့်ရှိတယ်လို့ ရေးထားသလား။
ဦးဖေသန်း။ ။ ကျနော်တို့ အခုမှ အတည်ပြုလိုက်တဲ့ လယ်ယာမြေဥပဒေမှာတော့ အဲဒါမျိုးတွေ မပြောပါဘူး။ အရင်တုန်းကလည်း လယ်ယာမြေကို တခြားနည်းနှင့် အသုံးမပြုရဆိုတဲ့ ဥပဒေတွေဟာ လယ်ယာမြေ ဥပဒေထဲမှာ ရှိပါတယ်။ ခွင့်ပြုချက်မရှိဘဲ အခြားနည်းနှင့် မသုံးရပေါ့လေ။ အဲဒါမျိုး ရှိပါတယ်။ ဒါက ဥပဒေမဲ့ လုပ်ခဲ့ရတာတွေများတယ်။ နောက်ပြီး ဥပဒေကို လက်တလုံးခြား လုပ်ခဲ့ရတာတွေ များပါတယ်။ အဲဒီတော့ မြေတစ်ခုကို သိမ်းမယ်ဆိုရင် တကယ့်မြေပဲဖြစ်ဖြစ် ကျနော်တို့ လယ်ယာမြေပဲဖြစ်ဖြစ် ရွာဘုံမြေပဲဖြစ်ဖြစ် သိမ်းမယ်ဆိုရင် အောက်ခြေကအစ သူတို့ တရားဝင်နည်းလမ်းနှင့် ကျေးရွာ ရယက အစ ပြည်သူလူထုနှင့် တွေလို့ မရက အဲလို အဆင့်ဆင့်သွားရမှပါ။ အကြောင်းပြချက်လည်း ခိုင်လုံရမယ်။ အဲဒါမျိုး မဟုတ်ဘဲ အခုသိမ်းတာကတော့ အကုန်လုံး နားလည်းမှုနှင့် သိမ်းကြတာပေါ့လေ။ နားလည်မှုနှင့် သိမ်းတယ်ဆိုတာ အဲ့အချိန်က စစ်အစိုးရခေတ်တုန်းကပေါ့ အဲ့အချိန်က အပေါ်ကလုပ်လိုက်ရင် အောက်က ညွှန်ကြားလိုက်ရင် အောက်က လိုက်ပြီးလုပ်ရတယ်။ ခေါက်ရိုးကျိုးနတယ်ဆိုပါတော့။ အဲဒါမျိုးတွေ ရှိတာကိုး။ အဲဒါကြောင့် ဘယ်သူ့မှ ပြန်မပြောရဲဘဲ လုပ်ကြတာ။ ငွေရှင်တွေက လည်း အာဏာပိုင်တွေကို အဲဒီတုန်းက ခါးပိုက်ထဲထည့်ထားတာလေ။ နည်းစနစ်ကျကျ သိမ်းခဲ့တာ မဟုတ်ဘဲ၊ သူတို့ရဲ့ငွေကိုအားကိုးပြီးတော့ အာဏာကို အားကိုးပြီးတော့ လုပ်ခဲ့ကြတာပါ။ အဓိက အဲဒီမှာ ရိုက်ကွင်းရိုက်ကွက် တာဝန်ခံကတော့ မြို့နယ် အာဏာပိုင်ပေါ့။ ဒါရိုက်တာတွေကတော့ မြို့နယ်မြေစာရင်း ဦးစီးမှုးတွေပါ။ အဲလိုပဲ လုပ်ခဲ့ကြပါတယ်။
ဦးကျော်ဇံသာ။ ။ ဦးဖေသန်းက အခု ကျနော်တို့ လေလှိုင်းပေါ်မှာ အတော်လေး ပွင့်ပွင့်လင်းလင်း ထိထိရောက်ရောက် ပြောတယ်။ ဒီလို ပုံစံမျိုး လွှတ်တော်မှာကော ပြောလို့မရဘူးလား။ လွှတ်တော်အမတ်တွေက။
ဦးဖေသန်း။ ။ပြောပါတယ်ခင်ဗျာ။ အကုန်လုံးနဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး တစ်တိုင်းပြည်လုံးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အကုန်လုံး ကျနော်တို့လွှတ်တော်မှာ ဝိုင်းပြီးဆော်ကြတာ။ အများကြီးပဲ။ ဒီထက်ပြင်းတဲ့ စကားလုံးတွေသုံးပြီး ဆော်ကြတာတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပြည်သူ့ကိုယ်စားလှယ်တွေလေ။ အစိုးရလုပ်ခဲ့တာကို မကောင်းရင် မကောင်းသလို ကျနော်တို့က ပြောရမှာပဲ။ ကိုယ်ပြောတဲ့ဟာက မှန်ကန်ဖို့ပဲ အရေးကြီးပါတယ်ခင်ဗျာ။
ဦးကျော်ဇံသာ။ ။ပြောကြပေမယ့် မထိရောက်ဘူး ဖြစ်နေတာပေါ့ တဖက်ကကြည့်တော့။
ဦးဖေသန်း။ ။ဟုတ်တယ်။ မထိရောက်လို့ဘဲ။ ဒီဥပဒေတွေက မထိရောက်လို့ဘဲ ကျနော်တို့ ဒီလွှတ်တော်က အခု အဖွဲ့တွေခွဲပြီး လွှတ်ရတာပေါ့။ ဥပဒေတိုင်းမှာလာပြီး ဌာနဆိုင်ရာတွေက ဥပဒေကို လက်ကိုင်ပြုဖို့ လုပ်နေလို့ ဒါတွေ အမှန်တရား မဖြစ်ဘူးဆိုတာကို ပြည်ထောင်စုလွှတ်တော်က သိလာတယ်။ အဲဒါအပေါ်မှာ ကျနော်တို့က ကွင်းဆင်းပြီးတော့ အမှန်ကတော့ ဒါတရားရုံးရဲ့ အလုပ်ပေါ့ဗျာ။ ကွင်းဆင်းပြီးတော့ ကျနော်တို့ စစ်ရတယ်ဆိုတာက။ အထူးကော်မရှင်ဖွဲ့ပြီတော့ ဒီလိုသွားစစ်ရတာပါ။ ဌာနဆိုင်ရာ အားကိုးလို့ကတော့ အမှန်တရား ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လက်သည် တရားခံတွေက ဌာနဆိုင်ရာတွေ ဖြစ်နေလို့ပဲ။
ဦးကျော်ဇံသာ။ ။ ဆိုတော့ ဒေါ်နုနုအောင်တို့ကတော့ ဦးဖေသန်းကတော့ လွှတ်တော်ထဲမှာနေတဲ့ အမတ်ဆိုတော့ ဥပဒေအရ ဘယ်လိုလုပ်ရမလဲ။ သူတို့ လုပ်ထုံးလုပ်နည်းအရ ပြောတယ်။ လယ်သမားတွေကြားထဲမှာ ဝင်နေတဲ့ ဒေါ်နုနုအောင် တို့အနေနှင့်ကော ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါသလဲ။ ဒီပြဿနာတွေ ပြေလည်ရေးအတွက်။
ဒေါ်နုနုအောင်။ ။ ကျမတို့ ၈၈ မျိုးဆက်ကျောင်းသားများအနေနှင့် တောင်သူလယ်သမားတွေ နစ်နာချက်တွေကိုတော့ ရှိနေသမျှ ကာလပတ်လုံး ၈၈ မျိုးဆက်တွေက တောင်သူလယ်သမား နစ်နာချက်တွေကို ဖော်ပြပေးမယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ် ဆိုမယ်။ ဦးဖေသန်း ပြောသလို ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့အတိုင်း ကျမတို့ကလည်း ပြည်သူတွေရဲ့အသံကို လွှတ်တော်ထဲအထိ ရောက်အောင် နစ်နာချက်တွေ ပြန်လည်ရရှိအောက်တော့ ကြားဝင်ပြီးဆောင်ရွက်ပေးပါမယ်။
ဦးကျော်ဇံသာ။ ။ အခု ၈၈ မျိုးဆက်တွေ၊ လယ်သမားအရေး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း တက်တက်ကြွကြွှ ပြောကြတယ်။ ထောက်ပြကြတယ်။ ဦးဖေသန်းတို့လို လွှတ်တော်အမတ်တွေကလည်း လွှတ်တော်မှာလည်း ပြောတယ်။ တစ်ခါ သတင်းသမားတွေကလည်း နိုင်ငံတော်သမ္မတကြီးအထိ ကျနော် စောစောကပြောခဲ့သလို မေးကြတယ်။ ဒါပေမယ့် ဒီပြဿနာက အရှေ့ကို မတိုးနိုင်ဖြစ်နေတယ်။ အဓိက ဘာလဲ ကျနော် စဉ်းစားမိတာပါ။ ဒီလယ်သမားတွေရဲ့ လယ်ကို သိမ်းတဲ့လူတွေက အာဏာရှိတဲ့လူတွေနှင့် ဝေစားမျှစား၊ သို့မဟုတ် သူတို့နှင့် သိပ်ရင်းနှီးတဲ့ လူတွေဖြစ်နေတယ်။ အဲဒါကြောင့်များ ဒီကိစ္စဟာ တိုးမပေါက်တာလားလို့လဲ ကျနော် သံသယဝင်မိပါတယ် - ဒေါ်နုနုအောင်။
ဒေါ်နုနုအောင်။ ။ အခု ကုမ္မဏီတွေက အခု သူတို့သိမ်းထားတယ့် အရင်တုန်းက ကုမ္မဏီတွေက အကျိုးတူဆိုပြီးတော့ တဖက်လက်နှင့် ယူထားတဲ့ လယ်မြေတွေကို လယ်သမားတွေကို တချို့တဝက်တွေက ပြန်ပေးမယ်လို့တော့ အသံထွက်ပါတယ်။ ဒါပေမယ့် လယ်သမားတွေ လက်ထဲကို ပြန်မရောက်သေးဘူး။ အဲ့ဒီ ကိစ္စမှာ လယ်သမားတွေဆီက ကုမ္မဏီတွေက တိုက်ရိုက်သိမ်းတုန်းက တိုက်ရိုက်ယူထားတဲ့အတိုင်း သူတို့အနေနှင့်လည်း ပြောင်းချင်တယ်ဆိုရင်တော့ ထိထိရောက်ရောက် လယ်သမားတွေကို လယ်တွေကို ပြန်ပေးလို့ရပါတယ်။ သူတို့အနေနှင့် တိုက်ရိုက်ပြန်ပေးလို့ရပါတယ်။ လယ်သိမ်းတုန်းက လွယ်ပြီးတော့ ဒီပြန်ပေးတဲ့ အချိန်မှာ ဘာကြောင့် လယ်သမားတွေ ထိထိရောက်ရောက် ပြန်မရသေးတာလဲ။ တချို့ကုမ္မဏီတွေက ပြန်မယ်လို့ပြောတယ်။ တချို့ကုမ္မဏီတွေက လယ်သမားတွေ ကျေနပ်တဲ့အထိ ညှိနှိုင်းမယ်လို့ပြောတယ်။ ဒါပေမယ့် အခုထိတော့ ပြေလည်မှု မရကြသေးဘူး။ စေတနာမှန်မှန်နှင့် အကုန်လုံး လုပ်နိုင်ရင်တော့ ပြေလည်မယ်ထင်ပါတယ်။
ဦးကျော်ဇံသာ။ ။ ဒါပေမယ့် သူတို့က စီးပွားရေးလုပ်ငန်းရှင်တွေ။ ဦးဖေသန်း ပြောသလို ဥပဒေကိုလည်း သူတို့ ဖီဆန်ပြီးလုပ်တယ်။ ဒေါ်နုနုအောင် ပြောသလို စေတနာမှန်မှန်နှင့် လုပ်သင့်တဲ့ကိစ္စကိုလည်း သူတို့က ဖီဆန်ပြီးလုပ်တော့ ဘယ်သူ့ကို အားကိုးပြီးတော့ သူတို့ ဒီလိုတင်းနေကြတာလဲ - ဦးဖေသန်း။
ဦးဖေသန်း။ ။ အဲဒါတော့ သူတို့မှာ ငွေရှိတယ်ဗျာ။ ငွေရှိတယ်ဆိုရင် အာဏာရှိတာပေါ့။ တချို့ ကျနော် လွှတ်တော်က သွားပြီးစုံစမ်းတော့ မြေရှင်တစ်ယောက်က ဘာပြောသလဲဆိုတော့ သူတို့ပစ်ထားလို့တဲ့။ သူတို့ ဘာမှ အဲဒီလယ်ကွင်းကို ကောင်းအောင် မလုပ်နိုင်ဘူးတဲ့။ ကျနော်တို့လက်ထဲရောက်မှ ကျနော်တို့က အကြီးအကျယ်လုပ်လိုက်လို့ အဲဒီလယ်ကွင်းတွေ အကောင်းဖြစ်လာတာတဲ့။ အဲဒါကြောင့် အစက ပစ်ထားတဲ့လူတွေက အခုမှ သူတို့လုပ်လို့ ကောင်းလာမှ မနာလို ဝန်တိုစိတ်နှင့် ပြန်တောင်းတယ်ပေါ့ဗျာ။ အဲဒါမျိုး ယူထားတဲ့သူက ပိုင်ရှင်ထက်ပိုပြီးတောင် ခံစားနေရတဲ့အပိုင်းတွေ တွေ့နေရတယ်ခင်ဗျာ။ အဲဒါပါပဲ အဓိကတော့ အစိုးရ လက်ရှိအစိုးရတော့ တရားဥပဒေနှင့် ဘာမှ ကာကွယ်ပြီးတော့ သူတို့ကို ပေးထားတာ မရှိပါဘူး။
ဦးကျော်ဇံသာ။ ။ ဒါပေမယ့် ထိထိရောက်ရောက် မရှင်းပေးနိုင်တာက ခက်တယ်။ အစိုးရက။ ဆိုတော့ စောစောက လယ်ပိုင်ရှင် ပြောတဲ့အတိုင်းဆိုရင် လယ်သမားတွေကို မလုပ်တက်ရင် လုပ်တက်အောင် သင်ပေးရမှာပေါ့။ သူတို့အရင်းအမြစ် သူတို့ ပံ့ပိုးပေးရမယ်။ အဲဒီလိုဖြစ်အောင် လုပ်တက်အောင်။ အဲဒါ ဒီလူတွေက မလုပ်တက်လို့ ဆင်းရဲနေလို့ သူတို့ဟာတွေ ငါတို့သိမ်းတယ်ဆိုတာတော့ ဘယ်တရားမျှတပါ့မလဲ။ ကျနော် စာရင်းဇယားတချို့ကို ကြည့်တော့လည်း လယ်သမားတွေဆီက သိမ်းတဲ့ လယ်ဧကဟာ ဒီလယ်ပိုင်ရှင်တွေရဲ့ ချမ်းသာကြွယ်ဝမှုနှင့်စာရင် ဘာမှ မဆိုသလောက်ဆိုတာကို ကျနော်တွေ့ရတယ်။ ဧက ရာဂဏန်းလောက် ဆိုတာကိုလည်း ကျနော်တွေ့ရပါတယ်။ တစ်ဦးချင်းစီဆိုရင် နည်းနည်းလေးပဲဖြစ်တယ်။ ဆိုတော့ ဒီလုပ်ငန်းရှင်ကြီးတွေအတွက် သိပ်နစ်နာသွားနိုင်လို့များလား။ စီးပွားရေးအားဖြင့် ပြန်တွက်လိုက်ရင် - ဒေါ်နုနုအောင်။
ဒေါ်နုနုအောင်။ ။ မြန်မာနိုင်ငံမှာ လယ်ယာ ဆယ်ဧကအောက်ပိုင်တဲ့ လယ်ယာကဏ္ဍမှာ လုပ်နေတာ ၇၀ ရာခိုင်နှုန်းရှိတယ်။ တောင်သူလယ်သမား။ လယ် ဆယ်ဧကလောက်ပိုင်တာက ၄၀ ရာခိုင်နှုန်း နီးပါးရှိတယ်။ အဲဒီတော့ ဆယ်ဧကလောက်ပိုင်တဲ့ လယ်သမားဆီက တစ်ဧက နည်းနည်းစီဘဲ သူယူတယ်လို့ဘဲ ပြောပါဦးတော့။ သူတို့အနေနှင့် လုပ်ငန်ရှင်တွေအနေနှင့် မထိခိုက်ပေမယ့် လယ်သမားတွေရဲ့ သူတို့ရဲ့ ဘဝရပ်တည်မှုအတွက် အင်မတန် အရေးကြီးတဲ့ လယ်မြေတွေပါ။ အခု ၄၀ ရာခိုင်နှုန်းရှိတဲ့ လယ်သမားတွေ လယ်လုံးဝ ပျောက်သွားအောင် မလုပ်သင့်ပါဘူး။ လယ်ယာစိုက်ပျိုးရေး တောင်ယာစိုက်ပျိုးရေးကဏ္ဍမှာ အရမ်းအရေးကြီးတဲ့အတွက်ကြောင့် သိမ်းထားတဲ့ ဒီအကျိုးတူ ကုမ္မဏီတွေအနေနှင့် လယ်သမားတွေကို စေတနာမှန်မှန်နှင့် ပေးစေချင်ပါတယ်လို့။
ဦးကျော်ဇံသာ။ ။ အဲလို ပေးလိုက်လို့ သူတို့ စီးပွားရေးလုပ်ငန်းကြီး သိပ်များ ထိခိုက်နစ်နာသွားမလား။
ဒေါ်နုနုအောင်။ ။ ကျမအနေနှင့် မယူဆပါဘူးရှင်။
ဦးကျော်ဇံသာ။ ။ နောက်တစ်ခုက အကျိုးတူဆိုတာ ဘာလဲ။ ဘယ်သူတွေနှင့် အကျိုးတူလို့ ပြောတာလဲ။ ကုမ္မဏီတွေက။
ဒေါ်နုနုအောင်။ ။ ကုမ္မဏီတွေက လယ်သမားတွေနှင့် သူတို့ကတော့ အကျိုးတူလို့ သုံးနှုန်းထားတယ်။ ဒါပေမယ့် ကျမတွေခဲ့တဲ့ လယ်သမားတွေက အကျိုးတူမှန်း မသိဘူးပေါ့နော်။ သူတို့အနေနှင့် လက်မှတ်ထိုးထားတာလည်း ကုမ္မဏီတွေနှင့် လုံးဝ လက်မှတ်ထိုးထားခြင်း စာရွက်စာတမ်း ဘာမှ မရှိပါဘူး။ လယ်ယာမြေတွေကို ဒီအကျိုးတူမို့ ဖယ်ပေးလိုက်ရတာပဲ ရှိတယ်။ လက်မှတ်ထိုးထားတာ ဘာမှ မရှိဘူး။
ဦးကျော်ဇံသာ။ ။ ဦးဖေသန်း နည်းနည်း ရှင်းပါဦး။ အဲ အကျိုးတူဆိုတာ သူတို့ ဘာသဘောနှင့် သူတို့ ပြောကြတာလဲ။
ဦးဖေသန်း။ ။ အကျိုးတူဆိုတာကတော့ သူတို့က ပိုင်ရှင်ကြီးတွေပေါ့။ လယ်သမားတွေကြတော့ လယ်ကူလီတွေ ဖြစ်ကုန်တာပေါ့။ အဲဒါမျိုး အကျိုးတူ။ တကယ်တမ်း အကျိုးမြတ်အပေါ်မှာ အကျိုးတူ မဟုတ်ပါဘူး။ သူတို့က အကျိုးတူဆိုရင်း နောက်ခေါင်းစဉ် တပ်ပြီးတော့ အဓိကက လယ်မြေတွေကို သိမ်းတဲ့အခါမှာ အဆင်ပြေအောင်လို့ ခေါင်းစဉ်တပ်ကြတာပေါ့။ နောက်ဆုံးတော့ လယ်သမားတွေက အကုန်လုံး ကိုယ့်လယ်ယာမြေတွေကို စွန့်လွှတ်ပြီးတော့ သူတို့ဆီမှာ ကူလီတွေ ဖြစ်ကုန်ကြတာပဲ။ နောက်ဆုံးလည်း မခံနိုင်တော့လည်း ကိုယ့်လမ်းကိုယ်လျှောက်။ အဲဒီလို အခုဖြစ်တာလည်း အဲလို ပြဿနာတွေများပါတယ်။ အခု ပြန်တောင်းနေတာလည်း အဲဒါတွေကို မကျေနပ်လို့ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ။ ။ တချို.ကတော့ စက်မှုလယ်ယာထူထောင်းမယ်ဆိုလို့ရှိရင် ဧကသေးသေးလေးနှင့်မဖြစ်ဘူး။ ဧရာမလယ်ကွက်ကြီးတွေ ဖြစ်ဖို့လိုတယ်။ လုပ်ငန်းကြီးကြီးလုပ်မှ ဖြစ်မယ်။ ဆိုတော့ အဲဒီလို ဖြစ်တာ မဖြစ်တာထက် သူတို့နှင့် အဲဒီလို လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်လိုက်ရင် လယ်သမားတွေရဲ့ လူနေမှုအဆင့်အတန်းက ပိုမြှင့်လာနိုင်စရာ မရှိဘူးလာခင်ဗျာ။
ဦးဖေသန်း။ ။ ဟုတ်ပါတယ်။ အဲဒါမျိုး ပူးပေါင်းဆောင်ရွက်ရင် နှစ်ဦးနှစ်ဖက် ကောင်းတော့ကောင်းတာပေါ့။ သူတို့က မြေရှင်တွေကလည်းပဲ ဒီအလုပ်သမားတွေ မပါလို့ မရဘူးလေ။ အဲဒါမျိုးဆိုရင် တစ်ဖက်နှင့်တစ်ဖက် တစ်ယောက်ကိုတစ်ယောက် မှီတွယ်ပြီးလုပ်ရင် ပိုပြီးတော့ အောင်မြင်နိုင်တယ်။ အခုတော့ အဲဒီလို မဟုတ်ပါဘူး။ ခဏတာလေး အသုံးချပြီးတော့ နောက်ပိုင်းမှာ သူတို့က မြေကြီးကို ပြန်ရောင်းစားဖို့ဘဲ တာဆူနေတော့လေ အချို့ နစ်နာကြေးတွေပေးတော့ မဖြစ်စလောက်လေး ပေးပြီးတော့ အခုဆိုရင် တစ်ဧကကို သိန်းကထောင်ချီပြီးရတဲ့ဟာ ရှိတယ်။ ရာချီပြီးရတဲ့ဟာ ရှိတယ်။ သူတို့ လောဘတွေ တက်လာတာပေါ့။ အဲဒါအပေါ်မှာ လယ်သမားတွေက မခံမရပ်နိုင်ဖြစ်ပြီး အဲဒါကို တိုင်ကြတာပါ။
ဦးကျော်ဇံသာ။ ။ ဆိုတော့ အကျိုးတူဆိုတာ နာမည်ဘဲ ရှိတာပေါ့။ တကယ်တော့ မဟုတ်သေးဘူးပေါ့။ ဟုတ်ကဲ့ နောက်ဆုံးအနေနှင့် ဒေါ်နုနုအောင်တို့ အခုလို ရှေ့မတိုးတာတဲ့ အခြေအနေ ဖြစ်နေပြီ။ ရှေ့ကိုတိုးအောင် ဘယ်လိုများ လုပ်နိုင်မလဲ ထင်ပါသလဲ။
ဒေါ်နုနုအောင်။ ။ အခု လက်ရှိ လယ်ယာမြေဥပဒေအသစ် ပြဋ္ဌာန်းလိုက်တယ်။ နောက် စုံစမ်းရေးကော်မရှင် ပေါ်လာတယ်။ လယ်ယာမြေ ဥပဒေအသစ်မှာ တောင်သူလယ်သမားတွေရဲ့ နစ်နာမှုကို ဖြေရှင်းပေးမယ့် ပြည်သူ့အသံ နားထောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ထိထိရောက်ရောက် ပြည်သူ့ရဲ့ နစ်နာချက် တောင်သူလယ်သမားရဲ့ နစ်နာချက် ဖြေရှင်းပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲရှင်။