သုံးရလွယ်ကူစေသည့် Link များ

ဦးသိန်းစိန် အမေရိကန်ခရီး အကျိုးရလဒ်


အမေရိကန်သမ္မတအိုဘားမားနဲ့ သမ္မတဦးသိန်းစိန် အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (မေလ ၂၀ ရက်၊ ၂၀၁၃)။
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ သမ္မတဦးသိန်းစိန်နှင့်အတူ အမေရိကန်ကို လိုက်ပါလာတဲ့ အစိုးရတာဝန်ရှိသူတွေဟာ အမေရိကန်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်တွေနှင့် စီးပွားရေး၊ ပညာရေး အပါအဝင် ကိစ္စအဝဝကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ဘယ်လို မျှော်မှန်းချက် ဘယ်လို ရည်ရွယ်ချက်တွေနှင့် ဆွေးနွေးမယ်ဆိုတာကို ဒု-ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမျိုးမြင့်တို့နှင့်အတူ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မနေ့တနေ့က ပြီးဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ် ဒုတိယနေ့မှာ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ပြု လွှတ်တော်ဥပဒေအမတ်တွေနှင့် Capital Hill မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ သွားရောက်တွေ့ဆုံရတဲ့ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီးတော့ သမ္မတနှင့်အတူ လိုက်ပါလာတဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဦးရဲထွဋ်က VOA ကို အခုလို ပြောခဲ့ပါတယ်။

ဦးရဲထွဋ် ။ ။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုအခြေအနေတွေကို သမ္မတကြီးက သူကိုယ်တိုင် လွှတ်တော်ခေါင်းဆောင်တွေကို ရှင်းပြဖို့ ရည်ရွယ်ထားပါတယ်။ ပြီးရင်တော့ အဓိကအားဖြင့်တော့ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဦးတည်ပြီးတော့ သွားနေတယ်။ နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ဒီသတ်မှတ်တဲ့ မျှော်မှန်းချက်တွေကို မြန်မြန်ဆန်ဆန် ရောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ပြည်သူတွေကို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဖို့လိုတယ်။ နောက်တခါ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတားအဆီးအဖြစ် ကျန်နေသေးတဲ့ ပိတ်စို့မှုတွေကိုလည်း ဆိုင်းငံခြင်း၊ ရုတ်သိမ်းခြင်း လုပ်ပေးဖို့ လိုတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပြောဖို့ ရည်ရွယ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ သမ္မတနှင့်အတူ လိုက်ပါလာကြတဲ့ ဒုတိယဝန်ကြီးများထဲက ကုန်သွယ်ရေး ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး တာဝန်ရှိသူတချို့နှင့် တွေ့ဆုံခဲ့တဲ့အကြောင်းကို အခုလို ရှင်းလင်းပြပါတယ်။

ဒေါက်တာပွင့်ဆန်း ။ ။ ကျနော်တို့က USTR နှင့်တွေ့မှာပါ။ United States Trade Representative အဲဒီအဖွဲ့နှင့် တွေ့မှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီမှာ ဘယ်လို သဘောတူညီချက်တွေများ လက်မှတ်ရေးထိုးဖို့ ရှိပါသလဲ ခင်ဗျာ။

ဒေါက်တာပွင့်ဆန်း ။ ။ အဲဒါကတော့ အတိုးကောက်ကတော့ TIFA ပေါ့။ TIFA ဆိုတော့ Trade and Investment Framework Agreement ပေါ့။ အဲဒီဟာ MOU လေးတစ်ခုကို sign (လက်မှတ်) ထိုးမယ်။ နောက်တခုကြတော့ OPIC ဆိုတော့ပေါ့။ Overseas Private Investment Corporation ပေါ့။ အဲဒီ MOU လေးတစ်ခု sign ထိုးဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီ MOU တွေက လက်တွေ့ ဘာဖြစ်လာနိုင်ပါလဲ ခင်ဗျာ။ မြန်မာနိုင်ငံ စီးပွားရေး ကုန်သွယ်ရေးနှင့် ပတ်သက်ပြီးတော့။

ဒေါက်တာပွင့်ဆန်း ။ ။ လက်တွေ့ကတော့ တကယ်ကို ဖွဲ့စည်း… TIFA OPIC ကတော့ အဓိကကတော့ ဒီနှစ်နိုင်ငံ Trade and Investment ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ နောက်တခုကတော့ OPIC ကတော့၊ ဒါ ပင်လယ်အစားအစာ၊ စီးပွားရင်းနှီးမြှပ်နှံသူများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒီကိစ္စလေးပါပဲ။ အဓိကကတော့။

ဦးကျော်ဇံသာ ။ ။ အရင်ကတည်းကလည်း ဒီလို ရင်းနှီးမြှပ်နှံဖို့၊ နှစ်နှိင်ငံ ကူးသန်းရောင်းဝယ်ဖို့ ကိစ္စတွေ သဘောတူညီထားတာ ရှိတယ်ဆိုတော့။ ဘာများ ဒီတခါ သဘောတူညီချက်က ထူးခြားပါလဲ ခင်ဗျာ။

ဒေါက်တာပွင့်ဆန်း ။ ။ ဒီဟာကတော့ ကျနော်တို့ အစိုးရက ဌာနဆိုင်ရာ နှစ်ခုကြားမှာ တရားဝင် MOU ထိုးတဲ့ကိစ္စပါပဲ။

ဦးကျော်ဇံသာ ။ ။ အခု သမ္မတကြီးလာတဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအားဖြင့် ပိတ်စို့ဒဏ်ခတ်တာတွေကို ပေါ့လျော့အောင် ကြိုးပမ်းဖို့ဆိုတာ အဓိကဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကိစ္စအောင်မြင်မှု ဘယ်လောက်ရှိပါသလဲ ခင်ဗျာ။

ဒေါက်တာပွင့်ဆန်း ။ ။ အဲဒါကတော့ ဒီလိုပါ။ ဒီခရီးစဉ်မှာ အဓိကဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ နှစ်နိုင်ငံ Trade and Investment ကိစ္စတွေ ပူပေါင်းဆောင်ရွက်မှုကိစ္စမှာ ဒါမျိုးလုပ်မယ် ဆိုရင် သူတို့ ပထမဦးဆုံး ဒီစီးပွားရေးပိတ်စို့မှုကို ရုတ်သိမ်းပေးဖို့လိုမယ်။ နောက်တခါ စီးပွားရေး ရုတ်သိမ်းပေးဖို့ ကြည့်တဲ့အခါမျိုးမှာလည်း ဒီစီးပွားရေးဆိုင်ရာ အထူးခံစားခွင့်ပေါ့လေ ဒီ…. TAX အကောက်ခွန် နှုန်းထားဆိုင်ရာ အထူးခံစားခွင့်တွေကို ပြန်လည် ပေးအပ်ဖို့ GSP ခေါ်တာပေါ့။ Generalized Special Preferences ကို ရဖို့ပေါ့။ ဒီနှစ်ခုကို အဓိက ကျနော်တို့က မျှော်မှန်းပြီးတော့ လာရောက်လည်ပတ်ပြီး ဆွေးနွေးခြင်းဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီမှာ အောင်မြင်မှု ဘယ်လောက် ရှိပါသလဲ။ အဲဒီ မျှော်မှန်းချက် ပေါက်မြောက်အောင်မြင်မှု။

ဒေါက်တာပွင့်ဆန်း ။ ။ အဲဒါကတော့ အဓိကကတော့ မနေ့ကဆိုလို့ရှိရင် ဆေးဝါး Chamber of Commerce ဒီ US ဆေးဝါး US Chamber of Commerce အဖွဲ့တွေနှင့် တွေ့တဲ့အခါကြတော့ အားလုံးအမေရိကန်က Potential Investors တွေ အားလုံး Business ဒီဘက်က အားလုံးကတော့ ဒီ Sanction ကို ရုတ်သိမ်းပြီးတော့ GSP အခွင့်အရေး ပြန်ပေးမယ်။ နောက်နှစ်နိုင်ငံ ဒါမျိုး Corporation တွေ ပိုပိုလုပ်မယ်ဆိုရင် သူတို့ကို ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အခွင်းအလမ်းတွေ ပိုသာလာမယ်ပေါ့။ မကြာတဲ့ အချိန်အတွင်းမှာ သူတို့ မျှော်မှန်းထားသလို ဖြစ်လာမယ်လို့ အားလုံးလည်း ယုံကြည်ကြတယ်။ ကျနော်တို့ဘက်ကလည်း မြန်မာနိုင်ငံက ကုန်သွယ်အသိုင်းအဝိုင်းပေါ့၊ နောက်တခုကြတော့ စီးပွားရေး အသိုင်းအဝိုင်းကလည်း ဒီလိုပဲ အားလုံး ပိုမိုတိုးတက်လာမယ်လို့ တထစ်ချ ယုံကြည်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆိုတော့ တကယ့် အဆုံးအဖြတ်ကိုတော့ Congress က ဆုံးဖြတ်ရမယ်ဆိုတော့ ဒီကနေ့ သမ္မတကြီးက Congressmen တွေ၊ Senators တွေ သွားတွေ့မယ်လို့ သိရပါတယ်။ အဲဒီမှာ မျှော်လင့်ချက် ဘယ်လောက်ရှိပါလဲ ခင်ဗျာ။

ဒေါက်တာပွင့်ဆန်း ။ ။ အဲဒါကလည်း ကျနော်ထင်တယ် တွေ့ဆုံမှုတော့ ဒါကို ဒီနေ့ မနက်မှာ လုပ်မယ်ဆိုပေမယ့် ဒါကတော့ Optimistic လို သဘောမျိုး ဒီအတိုင်းပဲ ကောင်းမှုရှိပါမယ်။ တစ်ယောက်တစ်ယောက် မသိမတွေ့ပဲနှင့် မပြောမဆိုကြဘဲနှင့် ဒီ Third Party တွေ ရဲ့ပြောစကားအရ နားထောင်ပြုနေကြတာထက်စာရင်တော့ ဟိုဘက်က Congressmen တွေကို ကျနော်တို့ဘက်က သက်ဆိုင်ရာ သမ္မတကြီှး က အစ တာဝန်ရှိပုဂ္ဂိုလ်တွေနှင့် တွေ့ဆုံပြီးတော့ ပြောဆိုဆွေးနွေးလိုက်တာ၊ မေးမြန်းတာကို ဖြေကြားလိုက်တာတွေဟာ ပိုပြီးတော့ အများကြီး အကျိုးရှိသွားမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်ကလည်း ပညာရေးနှင့် ပတ်သက်တဲ့ ဆက်ဆံမှုတွေကို ဘယ်လို တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာ အခုလို ရှင်းပြခဲ့ပါတယ်။

ဒေါက်တာမျိုးမြင့် ။ ။ ကျနော်အနေနှင့်ကတော့ အဓိကတော့ အထူးသဖြင့် ပညာရေး အဆင့်မြှင့်ကဏ္ဍမှာ ကျနော်တို့က အရည်အသွေး Quality တက်ဖို့ အခု ကျနော်တို့က ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီတော့ Quality ကို ကျနော်တို့ အမြန်ဆုံး တိုးတက်အောင် လုပ်ဖို့ဆိုတာကတော့ ကျနော်တို့ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်မှ ဖြစ်မယ်ပေါ့။ နိုင်ငံတကာရဲ့ တက္ကသိုလ်တွေရဲ့ အကူအညီ ရယူပြီးတော့ ဆောင်ရွက်မှ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီအမေရိကန်တက္ကသိုလ်တွေ အနေနှင့်ကတော့ ကျနော်တို့ မနှစ်ကစပြီးတော့ပေါ့လေ အတော်အသင့် ကျနော်တို့ အဆက်အသွယ်တွေလည်း ရပါတယ်။ ရပြီးတော့ အခုလောလောဆယ်တော့ ကျနော်တို့ ရန်ကုန်တက္ကသိုလ်မှာ Centers of Excellence for Social Science အဲဒီ လူမှုရေးသိပ္ပံနှင့် ပတ်သက်ပြီးတော့ Center of Learn သူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့တော့ ရှိပါတယ်။ ရှိတဲ့အခါကြတော့ ကျနော်တို့ ဒီကို ရောက်လာပြီးတော့ သူတို့နှင့် ဆက်သွယ်ရေး ပိုခိုင်မာအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီအမေရိကန်တက္ကသိုလ်တွေက နေပြီးတော့ သူတို့ရဲ့ သူတို့နှင့် တွဲထားတဲ့ Affiliated Colleges တွေ ဗမာပြည်မှာ သွားဖွင့်မယ်ဆိုတဲ့ သဘောလား ဆရာ။

ဒေါက်တာမျိုးမြင့် ။ ။ Affiliated College ကတော့ အခုလောလောဆယ်ကတော့ ကျနော်တို့က ဒီနိုင်ငံခြားကနေလာပြီးတော့ ဖွင့်ဖို့ဆိုတာကတော့ ကျနော်တို့ဘက်က ဥပဒေပိုင်းဆိုင်ရာတွေ ဆောင်ရွက်ဖို့တော့ လိုပါတယ်။ ကျနော်တို့က Private University Law ကို အရင်ဆုံး ပြဌာန်းဖို့လိုတယ်။ အဲဒီအခါကျတော့မှပဲ နိုင်ငံတကာက လာပြီးတော့ ကျနော်တို့ ဒီမှာ Campus တွေလာဖွင့်တာတို့၊ နောက်တခါ တက္ကသိုလ် တည်ထောင်ကိစ္စတွေ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ ကျနော်တို့ Partnership တွေ ဆောင်ရွက်လို့တော့ ရပါတယ်။ ဒီကတက္ကသိုလ်တွေကနေပြီးတော့ ဟိုဘက်မှာ သူတို့ ပို့ချချင်တဲ့ဘာသာရပ်တွေ ရှိလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံက တက္ကသိုလ် တခုခုနှင့် ပေါင်းဖက်ပြီးတော့ ကျနော်တို့ ဆောင်ရွက်လို့တော့ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံက ဆရာတွေကို ဒီခေါ်သင်တန်းပေးမှာလား။ ဒီက Lecturers တွေ သွားပေးမှာလား။

ဒေါက်တာမျိုးမြင့် ။ ။ ဆောင်ရွက်တဲ့နည်းကတော့ နှစ်နည်းပေါ့။ ကျနော်တို့ ဒီကိုခေါ်ပြီးတော့ သင်တန်းပေးလို့လည်း ရတယ်။ နောက်တခုကတော့ ကျနော်တို့ မြင်တာကတော့ ဟိုလာပြီးတော့ ဒီကနေပြီးတော့ လာပို့ချမယ်ဆိုလို့ ရှိရင်တော့ ဆရာ ဆရာမ တော်တော်များများ သင်တန်းတက်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့က တကယ်လို့ ဟိုဘက် မြန်မာနိုင်ငံဘက်ကို လာပို့ချမယ်ဆိုလို့ရှိရင် ကျနော်တို့ လောလောဆယ်က တက္ကသိုလ်အားလုံးသည် ဝန်ကြီးဌာနများအောက်မှာ ရှိတဲ့အတွက်ကြောင့် စုစည်းဖို့တော့ တော်တော်လွယ်လာပါတယ်။ အဲဒီတော့ အရည်အတွက်များများကို ဆောင်ရွက်နိုင်ဖို့ဆိုတာ မြန်မာနိုင်ငံလာပြီးတော့ ပို့ချမယ်ဆိုလို့ရှိရင်တော့ ပိုပြီးအဆင်ပြေတယ်။ ဒီကိုလာ တက်ရောက်မယ်ဆိုလို့ရှိရင်တော့ တခါခေါ် သုံးလေးယောက်၊ ဆယ်ယောက် စသည်အားဖြင့် အရေအတွက်အားဖြင့်တော့ နည်းမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ဘွဲ့သင်တန်းမျိုးအနေနှင့် ဒီမှာလာပြီးတော့ တက်ခွင့်ရလို့ရှိရင်တော့ ကျနော်တို့အတွက် ဒါ ရေရှည် Human Resource Development အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာ ဆိုတော့ ဒီဘက်ကနေပြီးတော့ ဗမာပြည်ကိုသွားပြီး ပို့ချမယ့်အစီအစဉ်ဟာ အမြန်ဆုံးအကောင်အထည် ဖော်လာနိုင်မယ့် အချိန်က ဘယ်တော့လောက် ဖြစ်လာနိုင်ပါလဲ ဆရာ။

ဒေါက်တာမျိုးမြင့် ။ ။ လောလောဆယ်ကိုယ်၌ကိုက ကျနော်တို့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ လွန်ခဲ့တဲ့လပိုင်းက ဆိုလို့ရှိရင် ဒီအမေရိကန် တက္ကသိုလ်ပေါ့လေ International Institute of Education ရဲ့ ကမ္မကထနှင့် အမေရိကန်တက္ကသိုလ်ပေါင်း (၁၀) ခု ကနေပြီးတော့ လာပြီးတော့ ကျနော်တို့ Research Methology နှင့် ပတ်သက်ပြီးတော့ လာပို့ချနေတာ ရှိပါတယ်။ နောက်တခါ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာလည်း Northern Illinois တက္ကသိုလ်ကနေပြီးတော့ ပါမောက္ခ၊ အမေရိကန် Literature နှင့် ပတ်သက်ပြီးတော့ တစ်လကျော် လာပို့ချတာ ရှိပါတယ်။ အခုကတည်းကိုက ကျနော်တို့ စတင်မှုတွေ ရှိနေပါပြီ။ အရှိန်မြှင့်ဖို့ပဲ လိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် ပတ်သက်ပြီးတော့ လောလောဆယ် ကျောင်းထွက်ပြီး လုပ်ငန်းဝင် တန်းဝင်နိုင်မယ့် သင်တန်းပေးမှုတွေကော အဲဒါတွေနှင့် ပတ်သက်လို့ကတော့ ဘာတွေများလုပ်ပေးဖို့ အစီအစဉ်ရှိပါလဲ ဆရာ။

ဒေါက်တာမျိုးမြင့် ။ ။ အဲဒါကလည်း ကျနော်တို့ တော်တော်လေး အလေးထားတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျနော်တို့ မြန်မာနိုင်ငံတင်မကပါဘူး တစ်ကမ္ဘာလုံးမှာ တက္ကသိုလ်ပညာရေးသည် ကျနော်တို့ Job Related Skills ကို လုပ်ငန်းခွင်နှင့်ဆိုင်တဲ့ စွမ်းအားတွေကို ကျနော်တို့က မြှင့်တင်ရမယ်ဆိုတဲ့ တစ်ကမ္ဘာလုံးက တက္ကသိုလ်တွေက အဲလိုပဲ အခု ရည်မှန်းထားတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံမှာကတော့ အခု ကျနော်တို့ Investment တွေ ပိုပြီးတော့ တိုးတက်လာတဲ့နှင့်အမျှ Job Opportunities အလုပ်အကိုင်၊ အခွင့်အလမ်းတွေလည်း ပိုများလာမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ တက္ကသိုလ်တွေအနေနှင့်က အခုကတည်းက ကျနော်တို့က စပြီးတော့ ပြင်ဆင်ဖို့တော့ လိုအပ်ပါတယ်။ အဲဒီတော့ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့လည်း ကျနော်တို့ တက္ကသိုလ်တွေဟာ စီမံကိန်းပေါ့လေ၊ နှစ်နှစ်ဆယ်စီမံကိန်းမှာလည်း ကျနော်တို့ ချမှတ်ထားတာ ရှိပါတယ်။ အဲဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့တော့ ကျနော်တို့ တော်တော်လေး စိတ်အားထက်သန်နေပါတယ်။

ဦးကျော်ဇံသာ ။ ။အမေရိကန် အစိုးရကကော ကမ်းလှမ်းမှု ရှိပါသလား အဲဒီကိစ္စမှာ လောလောဆယ် ပါဝင်ဖို့။

ဒေါက်တာမျိုးမြင့် ။ ။ လောလောဆယ်တော့ သူတို့က သိပ္ပံဘာသာရပ်၊ နောက်တခါ လူမှုရေးသိပ္ပံ အဲဒီအပေါ်မှာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်မှုက ပိုစိတ်အားထက်သန်နေပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ဆက်ပြီးတော့ ကျနော်တို့ တွေ့ပြီးတော့ ကျနော်တို့ အကူအညီတောင်းဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လာပြီးတော့ ကျနော်တို့ ဒီရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီတွေလာရောက်…. ကျနော် မနေ့ကဆို တွေ့ခဲ့ပါတယ်။ တွေ့တော့ ကျနော် ဒီကိစ္စနှင့် ပတ်သက်ပြီးတော့လည်း အကူအညီတောင်းထားပါတယ်။ ဆက်ပြီးတော့လည်း ဆွေးနွေးဖို့တော့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သမ္မတ ဦးသိန်းစိန်နှင့် လိုက်ပါလာတဲ့ မြန်မာနိုင်ငံက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင် ကိုတော့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန အငြိမ်းစား အရာရှိတစ်ဦးက လာရောက်တွေ့ဆုံခဲ့တာ သိရပါတယ်။ အဲဒီကိစ္စနှင့် ပတ်သက်လို့တော့ ကျနော်တို့ VOA မြန်မာပိုင်းရဲ့ ဝိုင်းတော်သား ဦးရော်နီက သူကိုယ်တိုင် စုံစမ်းသိရှိရတာကို အခုလို ရှင်းပြပါတယ်။

ဦးရော်နီ ။ ။ ဒီအမေရိကန် ဒု-ကာကွယ်ရေးဝန်ကြီးဟောင်း Paul Wolfowitz ကျနော်တို့ ဒု-သမ္မတဟောင်း Dick Cheney ကာကွယ်ရေးဝန်ကြီး အချိန်တုန်းကပေါ့ အီရတ်ကို ၂၀၀၃ ခုနှစ် အမေရိကန်က တိုက်ခဲ့တုန်းက ဒုတိယ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့ Paul Wolfowitz က ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ကို ကျနော်တို့ လာပြီးတော့ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ အဲဒီတော့ Paul Lewis ကသူက ဘာလဲဆိုတော့ Republicans တွေရဲ့ Think Tank တစ်ခုဖြစ်တဲ့ American Enterprise Institute ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ပါတယ်။နောက်ပြီး ကျနော်တို့ John Hopkins University ရဲ့ Dean တစ်ယောက်လည်းပဲ သူက ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၂၀၀၄ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို ဒီ SAIS - School of Advanced International Studies မှာ ဒီ Master Degree Program ကို တစ်ယောက်ပြီးတစ်ယောက် တက်တဲ့အစီအစဉ်ကို သူပဲ လုပ်ပေးခဲ့တာပါ။ အခုကတော့ မကြာခင်မှာ မြန်မာနိုင်ငံကို လာမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခု ကာကွယ်ရေးဝန်ကြီးကို လာရောက်ပြီးတော့ သူက တွေ့ဆုံပြီးတော့ သူရဲ့ ခရီးစဉ် ညှိနှိုင်းတယ်လို့ ကျနော် အကြမ်းဖျင်းလောက်ပဲ သိရပါတယ်။
XS
SM
MD
LG