ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသွားပြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ ဗွီအိုအေမြန်မာသတင်း အယ်ဒီတာ ဦးသားညွှန့်ဦး ကို ဦးကျော်ဇံသာ က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ပြောင်းလဲတိုးတက်မှု အခြေအနေ၊ အလားအလာများကို မေးမြန်းဆွေးနွေး သုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုသား မြန်မာနိုင်ငံကို နှစ်ပေါင်းအတော်ကြာမှာ ဗွီအိုအေသတင်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ဖို့ (၃) လကျော်ကြာကြာ ပြန်သွားတာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲပြီးကာလမှာ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ ယေဘုယျအားဖြင့် တိုးတက်မှု ဘယ်လောက်ရှိနေတယ်လို့ တွေ့ရပါလဲ။
ဦးသားညွှန့်ဦး ။ ။ ဟိုအရင်ကာလတွေထက် အများကြီး ပိုတိုးတက်လာတယ်။ ပိုပြီးတော့လည်း ပွင့်လင်းလာပါတယ်။ ဥပမာ လူ့အခွင့်အရေး အခြေအနေဆိုရင်လည်း အတင်းအဓမ္မ ခိုင်းစေမှုတို့၊ ခလေးစစ်သားတို့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း အခြေအနေတွေ တော်တော်လေး တိုးတက်လာတာကို သတိထားမိပါတယ်။ နောက် ပွင့်ပွင့်လင်းလင်း ရှိလာတယ်။ လူတွေ ပြောရဲဆိုရဲ ရှိလာတယ်။ နောက် ဆန္ဒပြမှုတွေ လွတ်လွတ်လပ်လပ် ရှိလာတယ်။ အခြေအနေ တော်တော်များများတော့ တိုးတက်လာတဲ့ လက္ခဏာကို တွေ့ရပါတယ်။ တခုတော့ ရှိတာပေါ့ ဆန္ဒပြတာနဲ့ လူတွေ ပြောရေးဆိုခွင့် ရှိကြတယ်။ ဒါပေမဲ့ တကယ်တမ်း လူတွေရဲ့ တောင်းဆိုမှုတွေကို အစိုးရက လေးစားလိုက်နာလားဆိုတဲ့ ပြဿနာတော့ ရှိပါသေးတယ်။ ဒါတော့ ဘာပဲပြောပြောပါ အခြေအနေက အရင်တုန်းကထက် အများကြီး တိုးတက်လာပါတယ်။
ဦးကျော်ဇံသာ ။ ။ လူတွေကို မြင်ရတာ ဟိုတုန်းကဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြားက ပြန်သွားလိုက်တာ လူတွေက ဆင်းရဲနွှမ်းပါးတဲ့ပုံစံပဲ တွေ့ရတယ်။ အခုကော အဲဒီမြင်ကွင်းက ပြောင်းလဲသွားပြီလား။
ဦးသားညွှန့်ဦး ။ ။ ရုတ်တရက် ရန်ကုန်မြို့၊ မန္တလေးမြို့တွေကို ရောက်သွားမယ်ဆိုရင်တော့ အပေါ်ယံမြို့ကြီးတွေမှာတော့ တိုက်တာအဆောက်အအုံတွေ၊ လူတွေရဲ့ ဝတ်စားဆင်ယဉ်မှုတွေ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဗမာပြည် တလှမ်းတလျာ ကြည့်မယ်။ နောက် ဆင်ခြေဖုန်းဒေသတွေ ကြည့်မယ်ဆိုရင်တော့ ဘာမှ သိသိသာသာ မပြောင်းလဲပါဘူး။ ဆုတ်ပျက်နေတာတွေရှိတယ်။ လူတွေရဲ့ အသားအရေ မွဲခြောက်နေတုန်းပဲ။ လိုင်းကားတွေလည်း တိုးစီးနေရတယ်။ ဒီရက်ပိုင်းကဆို ကားမှောက်တာတွေဖြစ်တယ်။ အခြေအနေကတော့ ယေဘုယျတခုလုံး ပြောမယ်ဆိုရင် လူထုရဲ့ စားဝတ်နေရေးအခြေအနေက သိသိသာသာ တိုးတက်လာတဲ့လက္ခဏာတော့ မတွေ့ရသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည်သူတွေဟာ ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်ကို ခံစားနေရပြီလို့ ပြောဖို့ခက်သလား။
ဦးသားညွှန့်ဦး ။ ။ အခုန ပြောသလို အခြေအနေတွေကတော့ ပွင့်လင်းလာတယ်။ စီးပွားရေးအခွင့်လမ်းတွေ ပွင့်လာတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ လုပ်ခွင့်ကိုင်ခွင့်သာလဲဆိုတာလဲ ပြဿနာတော့ ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ နေ့စဉ်စားဝတ်နေရေး အခြေအနေက သိသိသာသာ တိုးတက်လာတယ်လို့တော့ မပြောနိုင်သေးပါဘူး။
ဦးကျော်ဇံသာ ။ ။ ပြီးတော့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုထဲမှာ နိုင်ငံတကာက အမှတ်ပေးကြတဲ့ အချက်အလက်တွေထဲမှာ သတင်းလွတ်လပ်ခွင့်ဆိုတာကို တော်တော်များများ အမှတ်ပေးကြတယ်။ အမှတ်ပေးလောက်တဲ့ အခြေအနေအထိ တကယ်တိုးတက်နေပြီလို့ ထင်သလား။ မြန်မာနိုင်ငံအတွင်းက သတင်းသမားတွေကတော့ သူတို့ကို ဘယ်လိုထိန်းချုပ်မှုရှိတယ်။ အခုနောက်ဆုံးမှာဆိုရင် သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ရှိလာတယ်။ အဲဒါတွေကြည့်တော နိုင်ငံတကာက သတင်းသမားတွေ သတင်းလွတ်လပ်ခွင့် ရှိလာပြီဆိုပြီး ချီးကျူးပြောဆိုနေကြတာ ပြောထိုက်တဲ့ တကယ်အမှန်အကန်ပဲ ဟုတ်ပါသလား။
ဦးသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံထဲက သတင်းသမားတွေနဲ့ ကျနော် စကားပြောကြည့်တယ်။ ပထမဦးဆုံး ပွင့်လင်းလာတဲ့ (၁) နှစ် (၂) နှစ်မှာ တကယ်ပဲ တိုးတက်လာတယ်။ သူတို့ ဆင်ဆာဘုတ်တွေ၊ ဘာတွေ ဖျက်ပစ်လိုက်တယ်။ နေ့စဉ်သတင်းစာတွေ ဘာတွေ ထုတ်ခွင့်ပေးလိုက်တယ်။ လွတ်လွတ်လပ်လပ် ရေးသားခွင့်တွေ ရလာတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်း၊ ပြီးခဲ့တဲ့လပိုင်း ဒီနှစ်ပိုင်းလောက်ကစပြီးတော့ တင်းကြပ်မှုတွေ ပိုများလာတယ်လို့ သူတို့ ပြောကြတယ်။ ကျနော့် မျက်မြင်ပါပဲ။ အခုနပြောသလို သတင်းထောက်တွေကို ဖမ်းတာဆီးတာတွေ။ နောက် သတင်းစာတချို့ကို အရေးယူတာတွေ ရှိလာတယ်။ ရှိလာတော့ တချို့သတင်းအယ်ဒီတာတွေဆို သတင်းရေးသားမယ့်ကိစ္စမှာ self censorship ကိုယ်ကိုယ်ကို ထိန်းချုပ်လာတဲ့သဘောမျိုးတောင် ဖြစ်လာတယ်။ သတင်းစာလွတ်လပ်ခွင့် အကန့်အသတ်ကတော့ ဒီလပိုင်း၊ ဒီနှစ်ပိုင်းမှာတော့ နည်းနည်းလေး အကန့်အသတ် ပိုကြီးလာတယ်လို့ ပြောနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုသား ပြန်ရောက်သွားတဲ့အချိန်ကတော့ တကယ်တော့ လူတွေရဲ့ တိုင်းတာမှုအရဆိုရင် ၂၀၁၁ လောက်မှာတော့ ပြုပြင်ပြောင်းလဲရေးဟာ အတော်လေး အရှိန်အဟုန်နဲ့ အားတတ်စရာ တွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ ပြန်ပြီးတော့ အရှိန်နှေးလာတယ်လို့ပြောတယ်ဆိုတော့ ကိုသား ရောက်သွားတဲ့ လွန်ခဲ့တဲ့ (၃) (၄) (၅) လ ကာလဆိုရင် နည်းနည်းအရှိန် ပြန်ကျနေတဲ့အချိန်ဆိုရင် မှန်မလား မသိပါဘူး။
ဦးသားညွှန့်ဦး ။ ။ မှန်နိုင်ပါတယ်။ အခုနပြောသလို နိုင်ငံရေးအရဆိုရင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာပိုင်တွေနဲ့ ပြောတာဆိုတာတွေ ပိုပြီးတော့ ကွာဟချက်တွေ ပိုပြီးတော့ ကြီးလာတာကို တွေ့ရတယ်။ နောက်တခုက အပစ်အခတ်ရပ်စဲရေးကိစ္စဆိုလို့ရှိရင်လည်း တော်တော်လေး ဆိုင်းငံနေတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ နောက်တခုက သတင်းလွတ်လပ်ခွင့်ဆိုရင်လဲ အခုန ပြောသလိုပဲ ဒီလပိုင်းအတွင်းမှာ အကန့်အသတ်တွေ ပိုကြီးလာတယ်။ ဆိုတော့ နည်းနည်းလေးတော့ ပြုပြင်ပြောင်းလဲမှုက ဒီနှစ်ပိုင်းအတွင်းမှာ ဆိုင်းသွားတယ်လို့ ပြောနိုင်ပါတယ်။ ဗမာပြည်မှာရှိတဲ့ သတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေက အဲဒီလို ယူဆကြပါတာကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါ ၂၀၁၅ ရွေးကောက်ပွဲ နီးလာလို့များလား။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ မတိုင်ခင် လုပ်လာခဲ့တဲ့ ရွေးကောက်ပွဲတွေကတော့ ဘာပဲပြောပြော သူတို့ အာဏာပိုင်ဟောင်းတွေ ဆက်လက်ပြီးတော့ ကြီးစိုးချယ်လှယ်ခွင့်ရဖို့ စိတ်တိုင်းကျလုပ်ထားတဲ့ ပုံစံလို့ပြောရင် မှားမယ်မဟုတ်ဘူး။ သိပ်ပြီးတော့ လွတ်လပ်ပွင့်လင်းတယ်ဆိုတဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲလည်း သူတို့က နေရာကောင်းရပြီသားဆိုတော့ ဒါကိုတော့ လုပ်ပြတဲ့သဘော။ ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲက တကယ်တမ်း လွှတ်ပေးလိုက်ရင် နဖူးတွေ့ဒူးတွေ့ တွေ့ရမယ်။ အရင်အာဏာရှိခဲ့တဲ့ လူတွေဟာ သူတို့အာဏာကို စွန့်လွှတ်ရမယ့်သဘောတွေ ရှိလာတယ်။ အဲဒါကိုကြောက်လို့ ဒီလို ပြုပြင်ပြောင်းလဲရေးကို တုန့်နှေးတုန့်နှေး လုပ်လာသလားဆိုပြီး ဝေဖန်သူတချို့ကလည်း မြင်ကြတယ်။
ဦးသားညွှန့်ဦး ။ ။ အဲဒါ အများကြီး ဖြစ်နိုင်ပါတယ်။ ကျနော် သတိထားမိသလောက် ပြုပြင်ပြောင်းလဲရေး လုပ်ခါစ အခြေအနေကဆိုရင် အရင် ဗိုလ်ချုပ်ဟောင်းတွေက တဖြည်းဖြည်းနဲ့ လွတ်လပ်ခွင့်တွေပေးတယ်။ သူတို့ ဘယ်လိုဆုတ်ရမလဲဆိုတဲ့ စကားမျိုးတွေ။ ဥပမာ စစ်တပ်က ရာခိုင်နှုန်းလျှော့ပါမယ်။ ပါလီမန်ထဲမှာ ရာခိုင်နှုန်းလျှော့ပါမယ်ဆိုတဲ့ စကားမျိုးတွေ ပြောတာဆိုတာ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အဲဒါမျိုးတွေ လုံးလုံးမရှိတော့ဘူး။ ခြေလှမ်းက ပိုပြီးတော့စိတ်လာတယ်။ ၂၀၁၅ အတွက် ပြင်ဆင်တာတွေ ပိုများလာတယ်။ ဥပမာ နယ်တွေမှာဆိုရင် အာဏာရကြံ့ခိုင်ရေးပါတီ လှုပ်ရှားမှုတွေ ပိုပြီးတော့ လုပ်လာတာတွေကို သတိထားမိတယ်။ အဲဒီတော့ အခုန ပြောသလိုပဲ တိုးတက်မှုက နည်းနည်းလေး ဆိုင်းသွားတဲ့သဘော။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာလည်း ဆိုင်တယ်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါတွေကိုတော့ မြန်မာနိုင်ငံအတွင်းက သုံးသပ်သူတွေ။ မြန်မာနိုင်ငံထဲက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လှုပ်ရှားတက်ကြွသူတွေ သိကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ခက်တာက နိုင်ငံတကာက မီးစိမ်းပြပြီးတော့ ကူညီမယ်ဟေ့လို့ ပြောထားပြီးတော့ ဝင်နေကြတဲ့လူတွေကြတော့ သူတို့ အရှိန်သပ်ဖို့ နည်းနည်းများ ခက်နေသလား။
ဦးသားညွှန့်ဦး ။ ။ အဲဒီမှာလဲ နှစ်ပိုင်းတော့ ရှိတယ်။ တပိုင်းကတော့ အကူအညီတွေကိစ္စ။ အကူအညီတွေကိစ္စက UN agencies တွေ၊ USAID, EU တို့ ပေးနေတာတွေ။ ဒီအကူအညီတွေ စဖြစ်နေကြပြီ။ ဒါကတော့ သွားနေတာပေါ့။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နံှမှုအပိုင်းမှာတော့ တကယ်တမ်းပြောရရင်တော့ အနောက်နိုင်ငံတွေက နင်လားငါလား မဝင်ကြသေးပါဘူး။ သတိထားမိသလောက်တော့ သူတို့က စောင့်ကြည့်နေတယ်။ အထူးသဖြင့် ၂၀၁၅ ကို စောင့်ကြည့်နေတဲ့သဘောမှာ တွေ့ရပါတယ်။ အခုနက အန်ကယ်ဦးကျော်ဇံသာ ပြောသလို ဒီအကူအညီတွေ ကိစ္စကလဲ ဒီကြားထဲမှာ ပြဿနာတွေ ဖြစ်လာတယ်။ ဥပမာ ဟိုတလောက UNFPA ကနေ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ EU က ပိုက်ဆံတွေယူပြီးတော့ လုပ်ပေးနေတာတွေရှိတယ်။ ဒါပေမဲ့ ရခိုင်ကိစ္စဖြစ်တော့ တော်တော်လေး တင်းတင်းမာမာ ဖြစ်တာမျိုးတွေ ရှိလာတော့၊ အကူအညီပေးရေးကိစ္စတွေမှာတောင် အခုန ရခိုင်ပြည်နယ်ကိစ္စ၊ ကချင်ပြည်နယ်ကိစ္စ ဒါမျိုးတွေမှာလဲ ပြဿနာတွေ ရှိလာတဲ့အခါကြတော့ အကူအညီပေးရေးကိစ္စတွေမှာလဲ နည်းနည်းတော့ ပြဿနာရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အဲဒီမတိုင်ခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်ဆိုပြီးတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးအင်အားစုတွေက အများကြီး တောင်းဆိုလာတာတွေ ရှိပါတယ်။ အဲဒါတွေကော ဘယ်လောက်အလားအလာ ကောင်းသလဲ။ ပြည်သူတွေ ဘယ်လောက်တက်တက်ကြွကြွ ပါဝင်ကြသလဲ။ ပြုပြင်ပြောင်းလဲရေး ဖွဲ့စည်းပုံပြင်ဖို့ ကိစ္စအတွက်။
ဦးသားညွှန့်ဦး ။ ။ ကျနော် တွေ့ရသလောက်တော့ အလားအလာကောင်းကြီး မရှိဘူး။ အတိုက်အခံတွေဖက်မှာ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ ကြိုးစားဖို့ ပြင်တယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ အခြေအနေမကောင်းတဲ့အခါကြတော့ ၈၈ အင်အားစုတွေနဲ့ ပေါင်းပြီးတော့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေ လုပ်လာဖို့ အခုစပြီး ပြင်နေပြီ။ တကယ်တမ်းပြောရရင်တော့ ဒီကိစ္စက အာဏာရပါတီနဲ့ စစ်တပ်ပေါ်မှာ မူတည်နေတယ်။ သူတို့ဖက်က တကယ်တမ်း ပြုပြင်ပြောင်းလဲလိုတဲ့ သဘောထား ကျနော် တီးခေါက်ကြည့်မိသလောက်တော့ ဒီဖက်က အတိုက်အခံတွေ လိုလားတဲ့ပုံစံမျိုး မတွေ့ရဘူး။ သူတို့ ပြုပြင်ချင်တယ်ဆိုတာက တချို့အသေးလေးတွေလောက်ပဲ ပြုပြင်မယ်။ အတိုက်အခံတွေ အဓိကပြောနေကြတဲ့ ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကတော့ ၂၀၁၅ ကလည်း နီးလာပြီ။ ဖြစ်နိုင်ဖို့ အတော်ခဲယဉ်းတယ်လို့ထင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေးကိစ္စ။ ကိုသား သွားခဲ့တဲ့အချိန်မှာ တိုင်းရင်းသားတွေနဲ့ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ လုပ်နေတဲ့အချိန်လို့ လူတွေက သုံးသပ်ကြတဲ့အချိန်၊ အလားအလာ ကောင်းတယ်လို့လည်း ပြောနေကြတယ်။ အဲဒါကော တကယ် အလားအလာကောင်းသလား။
ဦးသားညွှန့်ဦး ။ ။ ကျနော် ထင်သလောက်တော့ ပြဿနာတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတဦးသိန်းစိန်က သူ့ပထမသက်တမ်းအတွင်းမှာပဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရဖို့အတွက် သူကြိုးစားချင်ပုံရပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ထဲမှာ တင်းမာပုံတွေ ရှိပုံရတယ်။ တပ်ထဲမှာတင် တင်းမာပုံတွေ ရှိပုံရတယ်။ တိုင်းရင်းသားတွေဖက်ကလည်း တောင်းဆိုမှုကို သူတို့ လက်မခံနိုင်တဲ့ အနေအထားတွေရှိတယ်။ အထူးသဖြင့် ကျနော် အခုနပြောသလို လက်ရှိ အာဏာရပါတီနဲ့ တပ်အတွင်းမှာ တိုင်းရင်းသားတွေဖက်က တောင်းဆိုနေတဲ့ ဖယ်ဒရယ်တပ်မတော်၊ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ကိစ္စက လုံးဝသဘောထား မကျသေးဘူး။ အဲဒီလိုမျိုး ဖြစ်နေခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့အတော်လေး ခက်အုံးမယ်လို့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်မေးချင်တာက လူငယ်တွေ။ ဟိုတုန်းက မြန်မာနိုင်ငံမှာဆိုရင် လူငယ်တွေက ဘာမှ အနာဂတ်မရှိဘူး။ လူငယ်တွေကြည့်လိုက်ရင် လဘက်ရည်ဆိုင်ထိုင်ပြီး ဟေးလားဝါးလားအဆင့်မှာနေတဲ့ လူငယ်တွေ အများကြီး တွေ့ရတယ်။ သူတို့ သင်ကြားရတဲ့ ပညာရေးအပေါ်မှာလည်း ယုံကြည်မှု သိပ်မရှိကြဘူးဆိုတဲ့ သဘောမျိုး အတော်လေး နှစ်ပေါင်း ဆယ်စုနှစ် နှစ်ခုလောက် ဖြတ်သန်းလာခဲ့တယ်။ အခု ကိုသား ရောက်သွားတဲ့အချိန်မှာ လူငယ်တွေရဲ့ အနေအထားကို ဘယ်လိုတွေ့သလဲ။ ရွှင်လန်းတက်ကြွပြီးတော့ အနာဂတ်ရှိတဲ့ ပုံသဏ္ဍာန်တွေ တွေ့ရသလား။
ဦးသားညွှန့်ဦး ။ ။ အခု ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမှု ရှိလာတော့ လူငယ်တွေအတွက်တော့ အများကြီး လမ်းပွင့်လာတယ်လို့ ကျနော် မြင်တယ်။ လူငယ်တွေက အရင်တုန်းကလို ကျနော်တို့ နိုင်ငံရေးတက်ကြွမှုတင်မကတော့ဘူး။ တခြား သဘာဝပတ်ဝန်းကျင်ကိစ္စတွေ။ အမျိုးသမီးရေးရာကိစ္စတွေ။ တခြား issues တွေ တော်တော်များများကို သူတို့ လုပ်ခွင့်လည်း ရလာတယ်။ လုပ်လာကြတာလည်း တွေ့ရတယ်။ နောက်တခုက တခြား သူတို့ဖက်က မျှော်လင့်ချက်။ နိုင်ငံတကာနဲ့ ဆက်စပ်မှုက ပိုပြီးကောင်းလာတဲ့အတွက်ကြောင့်မို့ နိုင်ငံတကာ ဥပမာ အမေရိက၊ အင်္ဂလန်တို့က education fairs တွေ မြန်မာပြည်မှာ တော်တော်လေး လုပ်လာတာကို သတိထားမိတယ်။ လုပ်လာတဲ့အတွက်ကြောင့်မို့ သူတို့ကတော့ ပညာရေး၊ တခြား လုပ်ချင်ကိုင်ချင်တဲ့ အခွင့်အလမ်းတွေကတော့ ဟိုအရင်ကာလထက်စာရင် ပိုပြီးတော့ ပွင့်လင်းလာတယ်လို့ ကျနော် သတိထားမိတယ်။ လူငယ်တွေကတော့ တက်တက်ကြွကြွပါပဲ။
ဦးကျော်ဇံသာ ။ ။ မြို့ပေါ်က ကလေးတွေပေါ့။
ဦးသားညွှန့်ဦး ။ ။ ဒါက မြို့ပေါ်က ကလေးတွေ။ နယ်ဖက်ဆိုရင်တော့ အများကြီးတော့ ပြဿနာ ရှိပါသေးတယ်။ ပညာရေးကအစ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ပညာရေးကိစ္စတွေ လုပ်နေတာတော့ ရှိပါတယ်။ ဘယ်လောက်အထိ အောင်မြင်အောင် လုပ်နိုင်မလဲတော့ ပြောဖို့တော့ ခက်ပါသေးတယ်။ ပညာရေးပေါ်လစီတွေ ကျလာဖို့။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ကိုသားလည်း သတင်းလောကကို ကျောင်းသားလှုပ်ရှားမှုကနေ ပေါက်ဖွားလာတဲ့ လူတယောက်ဖြစ်တယ်။ အဲဒီ လောကကို ဖြတ်သန်းခဲ့တယ်။ ဆိုတော့ အခု နိုင်ငံရေးလွတ်လပ်ခွင့်တွေ၊ ဘာတွေ စောစောကပြောတယ်။ လူတွေ ပြောရဲဆိုရဲ ပါဝင်ခွင့် ရှိလာတယ်ဆိုတော့ ကိုသားတို့ တချိန်က ပါဝင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတုန်းက ဘယ်လောက် ပွင့်ပွင့်လင်းလင်း လှုပ်ရှားနိုင်ပြီလဲ။ ပေါ်ပေါ်ထင်ထင် တက်တက်ကြွကြွ လုပ်နိုင်ကြပြီလား။
ဦးသားညွှန့်ဦး ။ ။ အခုကတော့ အရင် ကျနော်တို့ လုပ်တုန်းကနဲ့တော့ မတူတော့ပါဘူး။ တော်တော်လေး တက်တက်ကြွကြွနဲ့ လုပ်လာကြတယ်။ လုပ်ခွင့်အနေအထားလည်း တော်တော်လေး ရှိလာကြပါတယ်။ ကျောင်းတွေအလိုက် ကျောင်းသားသမဂ္ဂတွေလည်း ပေါ်လာကြတယ်။ ဒါပေမဲ့ အခုနပြောသလို ဒါတွေအားလုံး ကျောင်းသားသမဂ္ဂတွေ တစုတစည်းတည်း ဖြစ်ရေးဆိုတဲ့ ကိစ္စကတော့ တော်တော်လေးတော့ အလှမ်းဝေးနေအုံးမယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ခွင့်ကိုင်ခွင့် ရဖို့အတွက် ကြိုးစားလာတဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ အခုန ကျနော်ပြောသလိုပါ အရင်ထက်စာရင် လုပ်ခွင့်ကိုင်ခွင့် ပိုရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ ကျောင်းသားလှုပ်ရှားမှု မြန်မာနိုင်ငံသမိုင်းထဲမှာ လွတ်လပ်ရေးရပြီး ဒီဖက်ခေတ်မှာ သိပ်အရေးကြီးတဲ့ ဖြစ်ရပ်ကြီးတွေဖြစ်တယ်။ 7 July ၊ ၈၈ တို့ ဒီကိစ္စတွေမှာ ကျောင်းသားတွေက အများကြီးနစ်နာခဲ့ရတယ်။ စတေးခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဖက်ကလည်း တခါမှ မှားကြောင်း ပြောဆိုတာ၊ ဝန်ချတောင်းပန်တဲ့စကား ပြောသံ မကြားရသေးပါဘူး။ ဆိုတော့ အဲဒီဟာတွေနဲ့ ပတ်သက်လို့ ကျောင်းသားတွေက ခွင့်လွှတ်မေ့ဖျောက်မယ့် အနေအထားရှိနေကြပြီလား။
ဦးသားညွှန့်ဦး ။ ။ ကျောင်းသားတွေဖက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း ဖော်ထုတ်ဖို့ ကြိုးစားနေတာ ကျနော် သတိထားမိတယ်။ ဥပမာ ရှစ်လေးလုံးနေ့တွေ၊ 7 July နေ့တွေ - ဒီလိုနေ့တွေမှာ ဒီကိစ္စတွေကို အမြဲတမ်း ပြောကြဆိုကြတယ်။ ဒါပေမဲ့ အခုန ပြောသလို မြန်မာပြည်ရဲ့ လက်ရှိအနေအထားက Justice အရင်တုန်းက ဖြစ်ခဲ့တဲ့ ကျူးလွန်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စက အာဏာပိုင်တွေဖက်က အခုန အန်ကယ်ဦးကျော်ဇံသာ ပြောသလို လုံးဝခံဝန်မှု မရှိသေးဘူး။ သူတို့က ဒါနဲ့ ပတ်သက်လို့ ဘာမှပြောဆိုတာ မရှိသေးဘူး။ အဲဒါက တပိုင်းဖြစ်နေတယ်။ ဖြစ်နေတော့ တဖတ်ကတော့ ကျောင်းသားတွေ၊ အတိုက်အခံတွေဖက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောကြဆိုကြတယ်။ Memorial အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ကြတယ်။ ဒီလိုနည်းနဲ့ပဲ Jusitce ကို သွားနေတဲ့ပုံပဲ ရှိတယ်။ တကယ်တမ်း Jusitce ဖြစ်ဖို့ဆိုတာ အစိုးရဖက်၊ အာဏာရှိတဲ့လူဖက်က လိုပါတယ်။ အာဏာရှိတဲ့ လူဖက်က ဘာမှမလုပ်တဲ့အခါကြတော့ Justice က မဖြစ်နိုင်သေးပါဘူး။