သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘယ်လို နိုင်ငံရေးဆက်လုပ်နေလဲ

ဒီတပတ် မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခဲ့ခြင်းမရှိတဲ့အတွက် စစ်အစိုးရရဲ့ ပြဌာန်းချက်ဥပဒေအရ တရားဝင်ပါတီတခု အဖြစ် မတည်ရှိတော့ဘူးလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ပါတီအနေနဲ့ လူသားချင်းစာနာတဲ့ လုပ်ငန်းတွေလုပ်ကိုင်ပြီး နိုင်ငံရေးကို ဆက်လုပ်မယ်။ ဘယ်လိုနိုင်ငံရေးကို ဘယ်လောက်အထိ လုပ်နေပါသလဲ၊ ဆက်လုပ်မလဲဆိုတဲ့ အကြောင်းအရာများကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးကို ဆက်လုပ်မယ်လို့ ပြောဆိုပါတယ်။ နိုင်ငံရေးကို ဆက်လုပ်ကိုင်နေတယ်ဆိုပြီး ပြောသံကြားနေရပါတယ်။ အထူးသဖြင့် ဆရာဦးဝင်းတင်တို့ ခေါင်းဆောင်ပိုင်းက ပြောတဲ့အခါမှာတော့ ဆရာတို့အနေနဲ့ နိုင်ငံရေးဆိုတာကို ဘယ်လိုအဓိပ္ပါယ်နဲ့ ပြောဆိုပါသလဲ။ နိုင်ငံရေးဆိုတာ လူမှုရေး၊ တိုင်းပြည်ကောင်းတာလုပ်တာကို နိုင်ငံရေးဆိုတာနဲ့ ပြောသလား။ ဘာကြောင့်လည်းဆိုတော့ ဥပဒေအားဖြင့် သူတို့ကန့်သတ်ချက်ထဲမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တဲ့အတွက် နိုင်ငံရေးမဟုတ်ဘဲနဲ့ လူသားချင်းစာနာတဲ့ လုပ်ငန်းတွေပဲ လုပ်ကြမယ်ဆိုတဲ့ သဘောမျိုးလည်း ကြားသိရပါတယ်။ လူသားချင်းစာနာတဲ့ လုပ်ငန်းတွေကို လုပ်ပါတော့မယ်လို့ ပြောပြီး နိုင်ငံရေးကို ဆက်လုပ်တယ်ဆိုတာ နိုင်ငံရေးကို ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ ဆက်ပြီးပြောဆိုတာလဲ။

ဦးဉာဏ်ဝင်း ။ ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ကျနော် တခုကိုးကားချင်ပါတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည် က ပြီးခဲ့တဲ့လထဲက သူပြောလိုက်တာ သူအနေနဲ့ လူမှုရေးလုပ်ငန်းတွေဟာ နိုင်ငံရေးက ကင်းလွှတ်တဲ့လုပ်ငန်းလို့ သူတခုမှ မတွေ့မိဘူး။ အဲဒီတော့ နိုင်ငံရေးဆိုတာကတော့ ပြည်သူ့ရေးရာကိစ္စတွေ၊ ပြည်သူတွေအကျိုးရှိရာ ရှိကြောင်းတွေကို ကြိုးစားဆောင်ရွက်တဲ့ လုပ်ငန်းတွေလို့ နားလည်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးကိုလည်း ဆက်လုပ်နေတာဟာ လူထုအတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေကလည်း နိုင်ငံရေးဆိုတဲ့သဘောနဲ့ ပြောနေတာပေါ့။

ဦးဉာဏ်ဝင်း ။ ။ အဲဒီလောက်နဲ့တော့ မကဘူး။ ကျနော်တို့ အခု အန်အယ်လ်ဒီ က အရင်အတိုင်းပဲ နိုင်ငံရေး လုပ်နေတာ။ တခုပဲ ကျနော်တို့ အရင်နဲ့ မတူတော့တာက ကျနော်တို့ကို တရားဥပဒေအရ အသိအမှတ်မပြုဘူး။ အဲဒီလို အသိအမှတ်မပြုတာကို တရားဥပဒေနဲ့ ရင်ဆိုင်တိုက်နေတယ်။ ပွဲကမပြီးသေးဘူး။ အဲဒီတော့ ပွဲမပြီးသေးခင် ကာလမှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်မှု၊ အငြင်းမပွားစရာ ပြဿနာမဖြစ်အောင် ဆင်ခြင်ရတာတွေ့ ရှိတယ်။ ဘာကိုဆိုလိုတာလည်းဆိုတော့ ကျနော်တို့ အဖွဲ့ချုပ်ရုံးမှာ နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံရေးအစည်းအဝေး မလုပ်ဘူး။ ဒီအခြေအနေမှာ ကျနော်တို့က နိုင်ငံရေးကို ဆက်လုပ်နေတယ်လို့ ပြောတာဟာ အမှန်တကယ် ယုံကြည်တဲ့အတိုင်း၊ အမှန်တကယ် လုပ်နေတဲ့အတိုင်း ပြောတာလို့ ဆိုချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးသံတမန်တွေက လာရောက်တွေ့ဆုံတယ်ဆိုတဲ့ နိုင်ငံရေး။ တကယ်တော့ ဒီလိုတွေ့ဆုံတာ နိုင်ငံရေးကိစ္စနဲ့ တွေ့ဆုံတယ်လို့ နားလည်းပါတယ်။ ဆရာတို့ဆီမှာ လူသားချင်စာနာတဲ့လုပ်ငန်းတွေအတွက် သူတို့ဆီက ဆရာဝန်တွေ ပို့ပေးပါမယ်ဆိုတာမျိုး တခါမှ မကြားရပါဘူး။ ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားရပ်တည်ချက်တွေကိုသာ ပြောတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက လောလောဆယ်မှာ သူတို့အနေနဲ့ မလိုလားတဲ့ အပြုအမှု၊ အရေးအသား၊ ဥပဒေထုတ် မတားတောင်မှ ဘယ်လိုများ တုံ့ပြန်တာရှိပါသလဲ။ မကျေနပ်မှု ပြသတာ တစုံတရာ ရှိပါသလား။

ဦးဉာဏ်ဝင်း ။ ။ အာဏာပိုင်ဘက်ကတော့ အခုထိ ကျနော်သိရသလောက်တော့ ဘာမှတုံ့ပြန်တာ မရှိဘူး။ သတင်းစကားတခုအနေနဲ့တော့ အန်အယ်လ်ဒီ ဟာ မရှိတော့ဘူးဖြစ်တဲ့အတွက် သူတို့နဲ့ ပတ်သက်ပြီး ဘာမှမဆောင်ရွက်ပါနဲ့လို့ အာဏာပိုင်အဆင့်ဆင့်ကို အကြောင်းကြားတယ်ဆိုတဲ့ သတင်းရတယ်။ ကျနော်ကိုယ်တွေ့ ပြောပြရရင် ကျနော်မှာ အမြဲတမ်း သတင်းတပ်ဖွဲ့၊ ထောက်လှမ်းရေးတို့က ကျနော်သွားရာကို တကောက်ကောက် လိုက်ပါတယ်။ မေးမြန်းစုံစမ်းတာ အရင်တုန်းက မရှိပါဘူး။ အခုတိုင် မေလ (၆) ရက်မှာ ဒီအတိုင်းပဲရှိတယ်။ ကျနော်တင်မက ဦးဝင်းတင်၊ ဦးတင်ဦးတို့လည်း ဒီအတိုင်းပဲရှိတယ်။ အဲဒီတော့ သူတို့ဟာ တုံ့ပြန်မှုမရှိပေမယ့်လည်း အန်အယ်လ်ဒီအပေါ်မှာ ထားတဲ့သဘောထားက ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးဘူးလို့ အဲဒီလိုပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရဟာ အပစ်အခတ်ရပ်ဆဲရေး အဖွဲ့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ အဲဒီအခါမှာ သူတို့က လက်နက်အင်အား တပ်တိုးချဲ့တာ မလုပ်ရဘူး ဘာညာဆိုတယ်။ ဒါပေမဲ့ အဲဒီ တိုင်းရင်းသားတွေဘက်က လုပ်ကြတယ်။ ကျနော်တို့ကိုယ်တိုင် တိုင်းရင်းသားတော်လှန်ရေး နယ်မြေတွေကို ရောက်တဲ့အခါ သူတို့လုပ်ကြတာကို တွေ့ရတယ်။ အစိုးရက အဲဒီအခါကြတော့လည်း ဘာမှမပြောဘူး။ သူတို့လိုချင်တဲ့ အမည်ကိုတပ်လိုက်တယ် အပစ်အခတ်ရပ်ဆဲရေးအဖွဲ့ကို ငြိမ်းချမ်းရေးအဖွဲ့ဆိုပြီး ငြိမ်းချမ်းရေး တစုံတရာ မရရှိဘဲနဲ့ အတင်းလုပ်ခဲ့တာတွေကို တွေ့ရပါတယ်။ ဒီတော့ ဒီလုပ်ရပ်ကိုကြည့်ရင် အန်အယ်လ်ဒီ ကိုလည်း ဒီလိုပဲ သဘောထားနေတာလား။ ဥပဒေအတိုင်း ပါးစပ်ကပြောနေပြီး လက်တွေ့အကောင်အထည် ဖော်လာနိုင်စရာ မရှိဘူးလို့။ တိုင်းရင်းသားတွေ ကိစ္စမှာတော့ သူတို့နဲ့ သဘောတူညီမှု ရယူထားတာ ပျက်ပြားသွားမှဆိုလို့ဆိုပြီး မသိမသာလုပ်ထားတယ်လို့ ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော ထိထိရောက်ရောက် ဆရာတို့နောက် ထောက်လှမ်းရေး လိုက်ပြတာထက် ပိုပြီးမလုပ်သေးတာကို ဆရာတို့ ဘယ်လို အကဲခတ်ပါသလဲ။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ အဖွဲ့ချုပ်ကို cease-fire groups တွေနဲ့ ဒီလို နှိုင်းယှဉ်ပြောလို့တော့ မတူဘူးထင်တယ်။ မတူဘူးဆိုတာ အန်အယ်လ်ဒီ က ဘာလက်နက်မှ မကိုင်ဘူးဆိုတာကို၊ အန်အယ်လ်ဒီ က ငြိမ်းချမ်းတဲ့နည်းနဲ့ non-violence နည်းနဲ့ နိုင်ငံရေးလုပ်မယ်ဆိုတဲ့ လက်နက်ပဲ ကိုင်ထားတာ။ အဲဒါနဲ့ ယှဉ်ပြီးတော့ မမြင်မိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ အပေါ်မှာ ဘာကြောင့် အခုထိ ဒီလိုဖြစ်နေရသလဲဆိုတာကို ကျနော်တဦးတည်းအမြင် ပြောရရင် အန်အယ်လ်ဒီ ရပ်တည်မှုက တရားနည်းလမ်းကျပြီးတော့ နိုင်ငံတကာ လက်ခံနိုင်တဲ့ ရပ်တည်မှုရှိနေတဲ့အတွက် ဒီလိုအခြေအနေရှိနေတာလို့ပဲ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတို့က လက်နက်မကိုင်ထားဘူးဆိုတယ် ဆရာတို့ရဲ့ non-violence လက်နက်က ကြောက်စရာ ကောင်းမနေဘူးလား။

ဦးဉာဏ်ဝင်း ။ ။ အဲဒီလိုဖြစ်ရင် ကျနော်တို့ ဝမ်းသာရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ တော်ကြာ ဆရာဦးဉာဏ်ဝင်း နဲ့ ကျနော်တို့ ဒီလိုပြောလိုက်လို့ သူတို့က သူတို့အရေးယူဖို့အတွက် လမ်းကြောင်းပေးသလို ယူဆသွားမလား။ ဒါကိုတော့ ဆရာတို့ ထည့်မတွက်ပါဘူးနော်။

ဦးဉာဏ်ဝင်း ။ ။ ဒီလိုတော့ မဖြစ်ပါဘူး။ ဒါတွေက ဒီလိုဟာမျိုးတွေ နှစ်တွေလည်းကြာလာပါပြီ။ သူတို့လည်း အမျိုးမျိုး စဉ်းစားပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးလုပ်ငန်းတွေကိုလည်း အရင်လိုပဲ ပုံမှန်ဆက်လုပ်နေတယ်ဆိုတော့ ရွေးကောက်ပွဲကာလဟာ ဒီရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အကျိုးရှိသည်၊ မရှိသည် အပထား ရွေးကောက်ပွဲလုပ်တယ်ဆိုကတည်းက အရေးကြီးတဲ့ ဖြစ်ရပ်၊ အရေးကြီးတဲ့ နိုင်ငံရေးတခုပါ။ ရွေးကောက်ပွဲက တရားမျှတမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နိုင်ငံရေးဆက်လုပ်နေတဲ့ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကာလမှာ ဘယ်လိုရပ်တည်နေမလဲဆိုတာ အစီအစဉ် ရှိပါသလား။

ဦးဉာဏ်ဝင်း ။ ။ ဘာမှ အပြောင်းအလဲမရှိရင် ကျနော်တို့က ဒီရွေးကောက်ပွဲမှာ မပါတော့ဘူး။ ဒါက အင်မတန် သေချာတဲ့အလုပ်ပါ။ အငြင်းပွားစရာလည်း မရှိဘူး။ ကောင်းပြီ ဒီမှာ မပါတော့ဘူး။ ရွေးကောက်ပွဲက ဒီတကြိမ်ပဲ ရာသက်ပန်မှ မဟုတ်ဘဲ။ ရွေးကောက်ပွဲဆိုတာ တကြိမ်လုပ်ပြီးရင် တသက်လုံးမှ မရှိဘဲ။ ကျနော်တို့ဟာ နိုင်ငံရေးလောကထဲမှာပဲ ရှိနေမယ်။ ကျနော်တို့ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့ တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကျနော်တို့ လုပ်သွားပါမယ်။

ဦးကျော်ဇံသာ ။ ။ အခု ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်တဲ့ ပါတီတချို့ကလည်း ရွေးကောက်ပွဲ သရုပ်သဏ္ဍာန်ဟာ ပိုပြီးတော့ သူတို့ကို ဖိနှိပ်ချုပ်ချယ်ဖို့သဘောတွေ တွေ့လာရတယ်။ စည်းရုံးတဲ့နေရာမှာလည်း အစိုးရကြံ့ဖွံ့ပါတီနဲ့ တန်တူအခွင့်အရေးမရတာ သူတို့ရဲ့ မကျေနပ်မှုတွေ ပိုများလာပါတယ်။ တချို့လည်း တက်နိုင်သလောက် ဖော်ထုတ်ပြောဆိုလာပါတယ်။ ဒီတော့ ဒီလူတွေက တချိန်ချိန်မှာ ရွေးကောက်ပွဲကို ငါတို့လည်း ဆက်လုပ်လို့မဖြစ်ဘူး ဆိုကြပါစို့ ဒီလူတွေ မဟုတ်တောင် ပြည်သူထဲကတချို့ တစိတ်တဒေသက ဒီရွေးကောက်ပွဲက မဖြစ်ဘူး ငါတို့ ဒါကို ဆန့်ကျင်ရမယ်ဆိုတဲ့ လှုပ်ရှားမှုမျိုး ဖြစ်လာခဲ့ရင်။

ဦးဉာဏ်ဝင်း ။ ။ အဲဒီလို ဖြစ်လာခဲ့ရင် ကျနော်တို့က ထောက်ခံရမယ်။ တရားမျှတမှု မရှိဘူးဆိုတာ ကျနော်တို့ အစောကြီးမြင်တယ်။ အစောကြီးမြင်လို့ ကျနော်တို့ ဒီလို ဆုံးဖြတ်တယ်။ အခု နောက်ထပ် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအရ အဲဒီလို မတရားဘူး၊ တရားမျှတမှု မရှိနိုင်ဘူးဆိုတာ ပိုမိုထင်ရှားလာတယ်။ ပိုမိုထင်ရှားလာရင် မိမိကိုယ်မိမိ ဘာလုပ်မလဲဆိုတာကိုတော့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ရပါမယ်။ ကျနော်တို့နဲ့ ဆုံးဖြတ်ချက်ခြင်းတူတဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ထောက်ခံပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်တာက အာဏာပိုင်တွေဘက်က စစ်အစိုးရက ဥပဒေထုတ်ပြန်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခင်များလုပ်နေတာဟာ နိုင်ငံရေးလုပ်ငန်းတွေ ဖြစ်နေတာကြောင့် ကျုပ်တို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး လုပ်လာနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ပြောလို့မရဘူး၊ လုပ်လာခဲ့ရင် အန်အယ်လ်ဒီ က ရှေ့ဆက်လုပ်မြဲလုပ်မလား၊ နောက်ဆုတ်ရမလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော်အမြင်ပြောရင် အဲဒီလို လုပ်လာခြင်း မရှိနိုင်ဘူးလို့ ကျနော်မပြောရဲဘူး။ သို့သော် ဥပဒေအရတော့ အဲဒီလို လုပ်ပိုင်ခွင့်တော့ ဥပဒေအမြင်မှာ မရှိဘူး။ အဲဒီတော့ ကျနော်တို့က ပါးစပ်ပိတ်ထားမယ်၊ ချုပ်နှောင်းထားမယ်ဆိုရင်တော့ ပြောခွင့်မရှိဘူးပေါ့။ ကျနော် ပါးစပ်လှုပ်ခွင့်ရှိမယ်၊ သွားလာခွင့် ရှိနေရင်တော့ ကျနော် လူသားတွေ၊ မြန်မာနိုင်ငံသားတွေ ကြားထဲမှာ နိုင်ငံရေးလှုပ်ရှားမှုက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကျနော်တို့ လုပ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါတီတခုရဲ့ ရပ်တည်မှုဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်။ အမိန့်အာဏာနဲ့ တည်ဆောက်ထားတဲ့ ပါတီတွေ ကျဆုံးသွားခဲ့ပေမယ့် ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ထောက်ခံမှုကို ရရှိထားရင်ဖြင့် အဲဒီပါတီတရပ်ဟာ ဆက်လက်တည်တံ့ ရှင်သန်သွားနိုင်ပါတယ်။

XS
SM
MD
LG