သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
MYANMAR-UNREST-POLITICS-RELIGION-TOURISM(Photo by Soe Than WIN / AFP)
{{Zawgyi/Unicode}}
please wait
No media source currently available
0:00 0:03:14 0:00
တိုက်ရိုက် လင့်ခ်
....................................................
သင်္ကြန်ကာလ ငပလီသွားမယ့် ခရီးသွားတွေများပြား
{{Zawgyi/Unicode}}
ငပလီအပန်းဖြေ ကမ်းခြေရှိတဲ့ ရခိုင်ပြည်နယ်ကို အခုတလော ခရီးသွားတွေ အလာများနေတာမှာ သင်္ကြန်ကာလအတွင်း ဟိုတယ်တွေအကုန်လုံး ပြည့်နေတယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလာရေးဦးစီးဌာနက ပြောပါတယ်။ ခရီးသွားတွေများနေတာကြောင့် ရခိုင်ပြည်နယ်ကို သွားတဲ့ လေယာဉ်လက်မှတ် ကားလက်မှတ်တွေလည်း ဈေးတက်နေပါတယ်။ တိုက်ပွဲတွေ ရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်ကို ဘယ်ဒေသကသူတွေ အလာများနေတာပါလဲ။ ရန်ကုန် ကလာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်ဟာ တခြားဒေသတွေထက်စာရင် တည်ငြိမ်အေးချမ်းနေတာ၊ ကိုဗစ်ကူးစက်မှုတွေ မရှိသလောက် နည်းသွားတာကြောင့် အခုလပိုင်းတွေအတွင်း အပန်းဖြေခရီးထွက်သူတွေ များလာပါတယ်။ အထူးသဖြင့် သံတွဲမြို့မှာရှိတဲ့ ငပလီပင်လယ်ကမ်းခြေဆီ အဓိက လာလည်နေကြတာဖြစ်ပါတယ်။ ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့ကို လေယာဉ် ၇ စီး နေ့စဉ်လောက် ပြေးဆွဲနေရတယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလာရေးဦးစီးဌာက ညွန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။
“ ဗမာ တစ်ပြည်နယ်လုံးက လာကြတာပါပဲခင်မျာ။ လာနိုင်တဲ့သူတွေ လာခွင့်ရှိတဲ့သူတွေ လွတ်လွတ်လပ်လပ်လာလို့ရတဲ့သူတွေ အကုန်လာကြတယ်။ ပိုလာမှာပေါ့လေ အေးအေး ချမ်းချမ်း ရှိတဲ့ အခါကျတော့ ပိုတော့လာကြမှာပါ၊ အခုကျနော်သိတာတော့ အခန်းတွေ ပြည့်နေပြီ၊ လေယာဉ်ပျံက တစ်နေ့က ၇ ခေါက်လောက်ဆင်းတယ်၊ သံတွဲမှာ ၇ စီးလောက် ဆင်းတယ်”
လက်ရှိမှာတော့ သံတွဲမြို့ ငပလီကမ်းခြေမှာရှိတဲ့ ဟိုတည်တွေ အကုန်လုံး သင်္ကြန်ကာလအတွင်း အခန်းတွေ ပြည့်နေပြီး ရန်ကုန်နဲ့ မန္တလေးက ခရီးသွားဧည့်သည်တွေ အများဆုံးလာနေကြတယ်လို့ ငပလီကမ်းခြေမှာရှိတဲ့ AMATA ဟိုတယ်ကဝန်ထမ်း ၁ ဦးကပြောပါတယ်။
“ ဒီလကတော့ များပါတယ်အစ်ကိုဟုတ်၊ အခန်းကလည်းပြည့်နေတယ် သင်္ကြန်တွင်းဆို တော့လေ၊ သင်္ကြန်တွင်းကတော့ နှစ်တိုင်းနီးပါးပြည့်တယ်ဟုတ်၊ မနှစ်ကတော့မများပါဘူး။ ဧည့်သည် တွေကတော့ ရှိတော့ ရှိတယ်။ ဒါပေမယ့် ဒီနှစ်လောက်တော့ မများပါဘူး။ မန္တလေးဖက်က တော်တော်များများလာတယ်။ ရှမ်းတရုတ်တွေပေါ့နော်၊ ပြီးတော့ရန်ကုန်ဖက် ကလာတယ်ပေါ့နော်။”
အခုလို ရခိုင်ပြည်နယ်ကို ခရီးသည်တွေ အသွားများနေတဲ့အတွက် ကားလက်မှတ် လေယာဉ်လက်မှတ်တွေလည်း ၂ ဆလောက် ဈေးတက်နေပါတယ်။ ရန်ကုန်မြို့၊ မန္တလေးမြို့တို့ကနေ ရခိုင်ပြည်နယ်ကို လာမယ့် လေယာဉ်လက်မှတ် ကားလက်မှတ်ဘွတ်ကင်တွေ ဧပြီ ၁၂ ရက်အထိ ပြည့်နေပြီလို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်သူတွေက ပြောပါတယ်။
လက်ရှိရခိုင်ပြည်နယ်ထဲမှာ ဟိုတယ် ၇၉ လုံးကို ကိုဗစ်စည်းကမ်းနဲ့ အညီ ပြန်လည်ဖွင့်လှစ်ထာပြီးဖြစ်သလို ခရီးသွားဧည့်သည်တွေ များပြားနေတာကြောင့် နောက်ထပ်ကျန်တဲ့ ဟိုတယ်တွေကို ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ရခိုင်ပြည်နယ်ဟိုတယ်နဲ့ ခရီးသွားလာရေးဦးစီးဌာက ညွန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။
“ကားနဲ့လည်း လာလို့ရတယ် လေယာဉ်နဲ့လည်းလာလို့ရတယ်။ အဲတော့ ကားကော လေကြောင်းရော ခရီးစဉ်က ဒီအချိန်မှာ လမ်းလည်းသာတဲ့ အခါကျတော့ လာကြပါတယ်၊ လာမယ့် သင်္ကြန်အတွင်းတော့ ဘိုကင်တွေ အကုန်ပြည့်နေပါတယ်၊ လာမယ့် ဧည့်သည်တွေလည်း အများကြီးရှိပါတယ်။ လမ်းကြောင်းမှာလည်း အဆင်ပြေကြပါတယ်၊ ဟိုတည်ဆိုရင်လည်း အခုရခိုင်ပြည်နယ်အနေနဲ့ ဖွင့်ထားတာ ၁၀၉လုံးမှာ ၇၉လုံးတော့ ပြန်ဖွင့်ထားပြီ။ ကိုဗစ်စည်းကမ်းနဲ့ အညီပြန်ဖွင့်တာပေါ့နော်၊ ကျန်တဲ့ ဟာတွေကတော့ အသင့်မဖြစ်ကြသေးတာပေါ့၊ ဖွင့်ဖို့တော့ ကြိုစားနေတယ် ဆက်ပြီးတော့လေ၊ ဟိုတယ်တွေ ပြည့်နေတယ် သင်္ကြန်ကာလလေး မှာပေါ့နော်။”
ရှေးဟောင်းသမိုင်းဝင် မြောက်ဦးဘုရားပုထိုးတွေနဲ့ အပန်းဖြေကမ်းခြေတွေရှိတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်တွေက ကိုဗစ်ကူးစက်မှုတွေ AA အဖွဲ့နဲ့ တိုက်ပွဲတွေကြောင့် ခရီးသွား ဧည့်သည်တွေ ဝင်ရောက်မှု မရှိသလောက်နည်းပါးခဲ့ တာကြောင့် ဟိုတယ်အများစု ပိတ်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အတန်အသင့် အေးချမ်းနေတာကြောင့် အနယ်အနယ် အရပ်ရပ်က ခရီးသွားဧည့်သည်တွေ အများအပြား ရခိုင်ပြည်နယ်ဖက်ကို လာရောက်လည်ပတ်နေကြတာလည်းဖြစ်ပါတယ်။
XS
SM
MD
LG