သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားမစ္ဇိုင္းဒံုး ဂ်ပန္ကမ္းလြန္ သမုဒၵရာထဲက်ဟု NHK က သတင္းမွားထုတ္ျပန္ခဲ့လို႔ ျပန္ေတာင္းပန္


ၿပီးခဲ့သည့္ ႏုိဝင္ဘာလအတြင္းက ေျမာက္ကုိရီးယား ဒုံးက်ည္ပစ္ခတ္မႈ တီဗြီသတင္း ထုတ္လႊင့္ေနသည္ကို ဆုိးလ္ၿမိဳ႕တြင္ ၾကည့္႐ႈေနသူအခ်ဳိ႕။ (ႏုိဝင္ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ေျမာက္ကိုရီးယားပစ္လိုက္တဲ့ Missile ဒံုးတခု Hokkaido ကၽြန္း ကမ္းလြန္ ပစိဖိတ္ သမုဒၵရာထဲ က်သြားတယ္လို႔ ဂ်ပန္အစိုးရ သတင္းဌာနျဖစ္တဲ့ NHK က မွားယြင္း သတင္းထုတ္ျပန္ခဲ့တဲ့အတြက္ ျမန္ျမန္ျပန္ေတာင္းပန္ခဲ့ရပါတယ္။

ေသာၾကာေန႔ကူးၿပီး မၾကာခင္မွာပဲ Hokkaido ေတာင္ပိုင္းမွာရွိတဲ့ Erimo အငူရဲ႕ အေ႐ွ႕ဘက္ ကီလိုမီတာ ၂ ေထာင္ေလာက္ကို Missile ဒံုး က်ခဲ့တယ္လို႔ NHK သတင္း ဝက္ဘ္ဆုိက္ေပၚမွာ အထူးသတင္းတခုအေနနဲ႔ ေဖာ္ျပခဲ့တာပါ။

ဒါေပမယ့္ သတင္းထုတ္ျပန္ၿပီး မိနစ္ ၂၀ ေလာက္အတြင္းမွာပဲ ဒါဟာ သတင္းမွားျဖစ္တယ္လို႔ ျပန္လည္ေဖာ္ျပခဲ့ပါတယ္။

ဝက္ဘ္ဆုိက္ေပၚတင္ခဲ့တ့ဲ သတင္းက သတင္းသင္တန္းမွာသံုးဖို႔ ရည္ရြယ္ထားတဲ့ လုပ္ႀကံသတင္းတခုသာျဖစ္ၿပီး အခ်က္အလက္အမွန္ေတြ မပါဘူးလုိ႔ ေျပာၾကားၿပီး ေတာင္းပန္ခဲ့ပါတယ္။

အေမရိကန္အတြက္ ခရစၥမတ္လက္ေဆာင္ေပးမယ္လို႔ ေျမာက္ကိုရီးယားက ေျပာၾကားထားတဲ့အတြက္ တိုက္ခ်င္းပစ္ ပဲ့ထိန္းဒံုး ပစ္လႊတ္ႏိုင္တယ္ဆိုတဲ့ ခန္႔မွန္းမႈေတြေၾကာင့္ ဂ်ပန္အပါအဝင္ ႏိုင္ငံေတြ အထူးသတိနဲ႔ ေစာင့္ၾကည့္ေနၾကခ်ိန္မွာ ခုလို NHK က သတင္းမွား ထုတ္ျပန္တာျဖစ္ပါတယ္။

ေရွ႕မတိုး ေနာက္မဆုတ္ ျဖစ္ေနတဲ့ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားၾကား ႏ်ဴကလီးယားအေရး ေဆြးေႏြးမႈေတြကို ျပန္စခ်င္ရင္ အေမရိကန္ဘက္က အခုႏွစ္မကုန္ခင္ သေဘာထားေျပာင္းပါလို႔ ေျမာက္ကိုရီးယားဘက္က ေျပာၾကားထားပါတယ္။

အေမရိကန္ဘက္ကလည္း ေဆြးေႏြးမႈေတြကို တကယ္ျပန္စဖို႔ ေျမာက္ကိုရီးယားဘက္က စတင္ဆက္သြယ္ဖုိ႔ပဲ လိုတယ္လို႔ ေျမာက္ကိုရီးယားဆိုင္ရာ အေမရိကန္ အထူးသံတမန္ Stephen Biegun က မၾကာခင္ကပဲ ေတာင္ကိုရီးယားမွာ ေျပာၾကားခဲ့ပါတယ္။

--------------------------------------

(Unicode)

မြောက်ကိုရီးယားမစ်ဇိုင်းဒုံး ဂျပန်ကမ်းလွန် သမုဒ္ဒရာထဲကျဟု NHK က သတင်းမှားထုတ်ပြန်ခဲ့လို့ ပြန်တောင်းပန်

မြောက်ကိုရီးယားပစ်လိုက်တဲ့ Missile ဒုံးတခု Hokkaido ကျွန်း ကမ်းလွန် ပစိဖိတ် သမုဒ္ဒရာထဲ ကျသွားတယ်လို့ ဂျပန်အစိုးရ သတင်းဌာနဖြစ်တဲ့ NHK က မှားယွင်း သတင်းထုတ်ပြန်ခဲ့တဲ့အတွက် မြန်မြန်ပြန်တောင်းပန်ခဲ့ရပါတယ်။

သောကြာနေ့ကူးပြီး မကြာခင်မှာပဲ Hokkaido တောင်ပိုင်းမှာရှိတဲ့ Erimo အငူရဲ့ အရှေ့ဘက် ကီလိုမီတာ ၂ ထောင်လောက်ကို Missile ဒုံး ကျခဲ့တယ်လို့ NHK သတင်း ဝက်ဘ်ဆိုက်ပေါ်မှာ အထူးသတင်းတခုအနေနဲ့ ဖော်ပြခဲ့တာပါ။

ဒါပေမယ့် သတင်းထုတ်ပြန်ပြီး မိနစ် ၂၀ လောက်အတွင်းမှာပဲ ဒါဟာ သတင်းမှားဖြစ်တယ်လို့ ပြန်လည်ဖော်ပြခဲ့ပါတယ်။

ဝက်ဘ်ဆိုက်ပေါ်တင်ခဲ့တဲ့ သတင်းက သတင်းသင်တန်းမှာသုံးဖို့ ရည်ရွယ်ထားတဲ့ လုပ်ကြံသတင်းတခုသာဖြစ်ပြီး အချက်အလက်အမှန်တွေ မပါဘူးလို့ ပြောကြားပြီး တောင်းပန်ခဲ့ပါတယ်။

အမေရိကန်အတွက် ခရစ္စမတ်လက်ဆောင်ပေးမယ်လို့ မြောက်ကိုရီးယားက ပြောကြားထားတဲ့အတွက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံး ပစ်လွှတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေကြောင့် ဂျပန်အပါအဝင် နိုင်ငံတွေ အထူးသတိနဲ့ စောင့်ကြည့်နေကြချိန်မှာ ခုလို NHK က သတင်းမှား ထုတ်ပြန်တာဖြစ်ပါတယ်။

ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား နျူကလီးယားအရေး ဆွေးနွေးမှုတွေကို ပြန်စချင်ရင် အမေရိကန်ဘက်က အခုနှစ်မကုန်ခင် သဘောထားပြောင်းပါလို့ မြောက်ကိုရီးယားဘက်က ပြောကြားထားပါတယ်။

အမေရိကန်ဘက်ကလည်း ဆွေးနွေးမှုတွေကို တကယ်ပြန်စဖို့ မြောက်ကိုရီးယားဘက်က စတင်ဆက်သွယ်ဖို့ပဲ လိုတယ်လို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် Stephen Biegun က မကြာခင်ကပဲ တောင်ကိုရီးယားမှာ ပြောကြားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG