သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ်လောင်းတွေ မီဒီယာနဲ့ပြောခွင့် အဖွဲ့ချုပ်မပိတ်ပင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို မီဒီယာတွေနဲ့ စကားပြောဆိုခွင့် ပိတ်ပင်ထားတယ်ဆိုတာ မဟုတ်ဘူးလို့ ပါတီက တရားဝင် ပြောပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပါတီက ချမှတ်ထားတဲ့မူဝါဒတွေအတိုင်း မဲဆွယ်စည်းရုံးကြဖို့၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်ပြီးလည်း လုံခြုံရေးအတွက် ပြောခွင့်ကန့်သတ်ထားတယ်လို့ ပါတီက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပါတီကချမှတ်ထားတဲ့ မူဝါဒတွေကနေ ကျော်လွန်လုပ်ဆောင်ရင် ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ငြိစွန်းပြီး အရေးယူခံရမယ့်အဖြစ်တွေကနေရှောင်ရှားနိုင်ဖို့ ပါတီက ကန့်သတ်ရတာဖြစ်တယ်လို့ ပြောဆို လာတဲ့ ပါတီပြောခွင့်ရဦးဝင်းမြင့်ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

ဦးဝင်းမြင့်။ ။ သူတို့ မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေ၊ သူတို့ကိုယ်စားလှယ်တွေ လုပ်ဆောင်တဲ့ကိစ္စတွေ ဒါကတော့ မေးရင် ပြောရဆိုရမှာပဲ။ ဘာမှ မပြောရဘူးဆိုပြီး ပြောထား သတ်မှတ်ထားတာမရှိဘူး။ ကျနော်တို့ မပြောရဘူး ပြောထားတာက ဥပမာဆိုလို့ ရှိရင် ဒီ ပါတီရဲ့မူဝါဒ တွေနဲ့ ပတ်သက်လို့ အဖွဲ့ချုပ် နာယကနဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌကပဲ ပြောမယ်။ ဒါမျိုးသတ်မှတ်ထားတယ်။ ဘာလို့ ပါတီရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး ကန့်သတ်ရလဲလို့မေးရင် ကျနော်တို့ ရွေးကောက်ပွဲကြေညာစာတမ်းက ဒီနေ့မှထွက်ရတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်း မထွက်သေးဘူး ဗျာ။ သူတို့ဟာ သူတို့ ဒီကိုယ်စားလှယ်လောင်းတွေက ပြောချင်တာပြောမယ်၊ သူတို့စိတ်ထဲရှိတာ သူတို့ ရေးမယ်၊ သူတို့ရဲ့ မဲဆွယ်စည်းရုံး ရေးမှာ ရေးမယ် ပြောမယ်ဆိုလို့ရှိရင် အဲဒါကို ပါတီမူဝါဒလို့ ပြည်သူလူထု ထင်သွားလို့မဖြစ်ဘူးလေ။

နောက်ပြီး ပါတီ မူဝါဒလည်းမဟုတ်ဘဲနဲ့ သူတို့ ပြောခွင့်လည်းမရှိဘူး။ ဒါကြောင့်မို့ ပါတီမူဝါဒတွေနဲ့ ပတ်သက်လု့ိရှိရင် အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ အဖွဲ့ချုပ် နာယက ကပဲပြောမယ်လို့ ကျနော်တို့ ဒီလိုချမှတ်ထားတယ်။

ထို့အတူပဲ ဥက္ကဋ္ဌရဲ့ခရီးစဉ်ပေါ့ဗျာ။ ဥက္ကဋ္ဌရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ဦးဝင်းထိန်ပဲပြောမယ်ဆိုတာက ဥက္ကဋ္ဌရဲ့ ခရီးစဉ်က လုံခြုံရေးရှိတယ်ဗျ။ သွားရ လာရ လုပ်ရ ကိုင်ရတာ ကျနော်တို့မှာ လုံခြုံရေး ရှိတယ်ဗျ။ ကျနော်တို့ဥက္ကဋ္ဌကို အထိအခိုက်နည်းနည်းလေးမှ အပွန်းအပဲ့မခံနိုင်ဘူးဗျ။သူတို့ရဲ့မဲဆန္ဒနယ်မှာစည်းရုံးတာ၊ မဲဆွယ်တာ သူတို့ရဲ့လုပ်ဆောင်ချက်တွေ ဘာမှ ကန့်ကွက်တာ မရှိဘူးဗျ။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့က သူတို့ကို သတိပေးထားတာ။ ….မှာစိုးလို့၊ နိုင်ပြီးကာမှ …ခံရမှာစိုးလို့။

မေး။ ။ အဲဒီတော့ ဆရာတို့က ကိုယ်စားလှယ်လောင်းတွေကို ပါတီ မူဝါဒနဲ့ပတ်သက်ပြီးတော့ ပြောခွင့်တော့ ပေးမထားဘူး၊ မဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ရှုမြင်တဲ့ သဘောထားတွေဘာတွေတော့ ပြောခွင့်ပေးထားတယ်ပေါ့နော်။ ဟုတ်ပါလားရှင့်။

ဦးဝင်းမြင့်။ ။ မူဝါဒနဲ့ပတ်သက်ပြီး ပြောခွင့်မပေးဘူးဆိုတာကလည်း ဒီလိုဗျ၊ ပြောခွင့်လုံးလုံး မပေးတာ မဟုတ်ဘူး။ ဥပမာ ဒီကနေ့ဆို ရွေးကောက်ပွဲကြေညာစာတမ်းထွက်ပြီဗျာ။ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ….အသီးသီးအတွက် မူဝါဒတွေ ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ တောင်သူလယ်သမားအရေး၊ အလုပ်သမားရေး၊ ကျောင်းသားလူငယ်အရေး၊ တိုင်းရင်းသားအရေး စသဖြင့် ပေါ့ဗျာ၊ ကျနော်ပြောချင်တာက၊ ဌာနအသီးသီးပါတယ်။ အဲဒီအဖွဲ့ချုပ် ကြေညာစာတမ်းထဲက မူဝါဒတွေကို ပြောပေါ့။ မဲဆွယ်တဲ့အခါ ကိုယ့်ဒေသနဲ့ဆိုင်တာ၊ ကိုယ့်မဲဆန္ဒနယ်မြေနဲ့ဆိုင်တာပြော၊ ပြောလို့ရပါတယ်။ လုံးလုံး မူဝါဒမပြောရဘူးမဟုတ်ပါဘူးဗျ။တချို့ကဗျာ - ကိုယ့်ဟာကိုယ် ရေးလိုက်တာတွေရှိတယ်။ ဥပမာဆိုလို့ရှိရင်ဗျာ- ပါတီက ထုတ်တာမဟုတ်ဘူး၊ ပါတီက ကြေညာတာလည်းမဟုတ်ဘူး။ ပါတီက ညွှန်ကြားတာလည်းမဟုတ်ဘူး။ တချို့ကဆိုလို့ရှိရင် အဖွဲ့ချုပ်က အာမခံချက် (၇) ချက်၊ ဒေါ်အောင်ဆန်းစုကြည်က ကတိပြုချက် (၆) ချက်- အာမခံချက် (၄) ချက်- အဲဒါတွေ သူ့ဟာနဲ့သူလျှောက်ရေးလို့မရဘူးလေ။ pamphlet တွေမှာ၊ သူတို့ရဲ့လက်ကမ်းစာစောင်တွေမှာ ကျနော်တို့က အဲသလို မူဝါဒတွေလည်း မချမှတ်ထားဘူး။ အာမခံချက် (၆) ချက်တို့၊ ကတိပြုချက် (၄) ချက်တို့၊ စသည်ဖြင့်- ဥက္ကဋ္ဌကလည်း အဲဒီလို တခုမှ အချက်လိုက် မပြောဘူးလေဗျာ။ မိန့်ခွန်းမှာပဲ သူ့ဟာသူ မိန့်ခွန်းမှာ ပြောစရာရှိတာပြောသွားတယ်။ မဲဆွယ်စည်းရုံးရေး အောင်နိုင်ရေးမှာ ပြောစရာရှိတာပြောသွားတယ်။ အဲဒီလိုထွင်ပြီးတော့ လုပ်တဲ့ဟာတွေ၊ ကိုယ့်သဘောနဲ့ကိုယ်လုပ်တဲ့ဟာတွေ၊ အဲလို မူဝါဒတွေ၊ သဘောတွေ လျှောက်ပြီး ကိုယ့်စိတ်နဲ့ကိုယ် အဖွဲ့ချုပ်ရဲ့ညွှန်ကြားချက်မဟုတ်ဘဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ် မူဝါဒတွေလျှောက်ပြီးတော့ အာမခံချက်ပေးတာတွေ၊ ကတိပြုချက်ပေးတာတွေဟာ မသင့်တော်ဘူးလေဗျာ။ မူဝါဒဆိုတာ ပါတီကပဲ၊ ထိပ်ပိုင်းကပဲချမှာပေါ့။ ဒါတွေ ရှိတာကိုး။

မေး။ ။ အဲဒီတော့ ဆရာတို့ ကိုယ်စားလှယ်လောင်းတွေကလည်း ၁ ထောင်ကျော်ရှိတာပေါ့နော်။ ဒီကိုယ်စားလှယ်လောင်းတွေကြားမှာရော အခုကိစ္စဆိုလို့ရှိရင် ဗဟိုက မသိဘူး။ ကိုယ်စားလှယ်လောင်းတွေရဲ့နားလည်မှုလွဲနေတာက ဆရာတို့ management ပိုင်းမှာ လိုအပ်ချက်များ ရှိနေပါလားရှင့်။

ဦးဝင်းမြင့်။ ။ ကျနော်တို့ကဗျာ pamphlet တွေကအစဗျာ-တောင်းတယ်၊ ညွှန်ကြားချက်တွေ ထုတ်ပေးတယ်။ ဒါတွေ၊ ဒါတွေ၊ ဒါတွေ ပါရမယ်။ ဥပမာ pamphlet ထုတ်လို့ရှိရင် ဘယ်လိုပါရမယ်။ ဘီနိုင်းထုတ်လို့ရှိရင် ဘယ်လိုပါရမယ်၊ ညွှန်ကြားပြီးသားဗျ။ ကျနော်တို့ management မလိုဘူးဗျ။ ဒါပေမယ့်လည်း သူတို့ကောင်းမယ်ထင်တာ သူတို့ - သူတို့ကဗျာ- ဒီမိုကရေစီက ဘယ်လိုပြောရမှာလဲ - အခွင့်အရေးရတယ်ထင်ပြီးတော့ သူတို့လုပ်ချင်တဲ့ဆန္ဒလေးတွေ သူတို့လုပ်ကြတာပေါ့။ သူတို့ထည့်ချင်တာလေးတွေ သူတို့ကောင်းမယ်ထင်တာလေးတွေ လျှောက်ထည့်ကြတာပေါ့။ သူတို့ကတော့ ကောင်းမယ်ထင်တာ ထည့်တာတော့ ထည့်တာပေါ့ဗျာ။ ကောင်းမယ်ထင်တာထည့်ပေမယ့် တချို့ဟာ ငြိစွန်းသွားနိုင်တယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့က စိစစ်ပေးတာ။

XS
SM
MD
LG