သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA ဖမ္းထားတဲ့ လႊတ္ေတာ္အမတ္ျပန္လႊတ္ေရး NLD ေတာင္းဆို


ခ်င္းျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဝွ႔တင္း။ (ဓာတ္ပုံ - အမ်ဳိးသားလႊတ္ေတာ္ဝက္ဘ္ဆုိက္)

(Zawgyi / Unicode)

ရခိုင္လက္နက္ကိုင္ AA အဖဲြ႔က ဖမ္းဆီးထားတဲ့ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးဖုိ႔ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္က ဒီကေန႔ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုလုိက္ပါတယ္။ ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္းသိမ္းထားျခင္းဟာ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းေနမႈကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

မတရားဖမ္းဆီးထားတဲ့အတြက္လည္း ျပင္းထန္စြာ ႐ႈတ္ခ်တယ္လို႔ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြ ႏိုဝင္ဘာ ၃ ရက္ေန႔တည္းက ဦးေဝွ႔တင္းကို AA အဖြဲ႔က ဖမ္းသြားခဲ့တာျဖစ္ၿပီး ဒီကေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္တာလည္း ျဖစ္ပါတယ္။

ႏုိဝင္ဘာ ၃ ရက္ေန႔တုန္းက ပလက္ဝကေန ေက်ာက္ေတာ္ကိုအသြား ဦးေ၀ွ႔တင္း အပါအ၀င္ အိႏၵိယႏိုင္ငံသားအခ်ိဳ႕၊ စကားျပန္အခ်ိဳ႕နဲ႔ စက္ေလွေမာင္းသူ စုစုေပါင္း ၁၀ ေယာက္ကို AA က ဖမ္းဆီးခဲ့တာပါ။ ဖမ္းဆီးထားစဥ္အတြင္း အိႏၵိယႏုိင္ငံသား ၁ ေယာက္က အေမာေဖာက္ ေသဆံုးသြားခဲ့ၿပီး ႏိုဝင္ဘာ ၄ ရက္ေန႔မွာ ဦးေဝွ႔တင္းကလြဲလို႔ က်န္တဲ့သူအားလံုးကို AA အဖဲြ႔က ျပန္လႊတ္ေပးခဲ့ပါတယ္။

ဦးေဝွ႔တင္းဟာ AA ကိုတိုက္ေနတဲ့ စစ္တပ္နဲ႔ ပူးေပါင္းၿပီး AA အဖြဲ႔ရဲ႕ သတင္းအခ်က္ေတြကို စံုစမ္းဖို႔ ခူမီးလူငယ္အဖြဲ႔ကို လွ်ဳိ႕၀ွက္ဖြဲ႔စည္းတဲ့အျပင္ ႏိုင္ငံေရးအရ AA တပ္ဖြဲ႔ကို တိုက္ခိုက္ေနသူျဖစ္တာေၾကာင့္ ဆက္လက္ထိ္န္းသိမ္းထားတာျဖစ္ၿပီး ဘယ္ေတာ့ျပန္လႊတ္ေပးမယ္ဆိုတာ မေျပာနိုင္ေသးဘူးလို႔ AA အဖဲြ႔ ေျပာခြင့္ရ ခိုင္သုခက ဗြီအုိေအကို ေျပာၾကားခဲ့ပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေနဖမ္းဆီးသြားတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးဖို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ဒီကေန႔ပဲ ေတာင္းဆိုလိုက္ပါတယ္။ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းနဲ႔အဖြဲ႔ကို ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ နယ္စပ္နားကေန ၿပီးခဲ့တဲ့ တနဂၤေႏြ ႏိုဝင္ဘာ ၃ ရက္ေန႔က ဖမ္းဆီးသြားတာျဖစ္ၿပီး AA အဖြဲ႔က ဖမ္းဆီးထားတဲ့ တျခားသူေတြ ျပန္လြတ္လာေပမယ့္ ဦးေဝွ႔တင္းကို မလႊတ္ေပးေသးတဲ့အတြက္ သူလြတ္ေျမာက္ေရး ေတာင္းဆိုေနၾကတာလည္း ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး NLD ေျပာခြင့္ရသူ ေဒါက္တာမ်ဳိးညြန္႔ကို ကိုေဇာ္ဝင္းလႈိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုေဇာ္ဝင္းလႈိင္ - AA က ဖမ္းထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးဖို႔ ဆရာတို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ေတာင္းဆိုတဲ့ ေၾကညာခ်က္ ဒီကေန႔ပဲ ထုတ္ျပန္လိ္ုက္တယ္ေနာ္။

ေဒါက္တာမ်ဳိးညြန္႔ - “ဟုတ္ပါတယ္ခင္ဗ်၊ က်ေနာ္တုိ႔ကေတာ့ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႔အစည္းတခုက ထိန္းသိမ္းထားတာျဖစ္တဲ့အတြက္ က်ေနာ္တုိ႔ ခ်က္ခ်င္း ေၾကညာခ်က္ မထုတ္ဘဲနဲ႔ က်ေနာ္တို႔ ေစာင့္ဆုိင္းေနခဲ့ပါတယ္။ သုိ႔ေသာ္ တပတ္ေလာက္ ၾကာတဲ့အခါမွာေတာ့ ထိန္းသိမ္းထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ က်န္းမာေရးနဲ႔ အသက္အႏၱရာယ္အတြက္လည္း စုိးရိမ္လာရတယ္။ ေနာက္ၿပီး ပိုမုိၿပီး ၾကာလာတာနဲ႔အမွ် ထိန္းသိမ္းထားတဲ့ လက္နက္ကုိင္အဖြဲ႔အစည္းအတြက္လည္း ပုိၿပီး တာဝန္ႀကီးလာမယ္။ သူ႔ရဲ႕ ႏုိင္ငံေရး မူဝါဒေတြအေပၚမွာလည္း ေဝဖန္စရာ ျဖစ္လာပါလိမ့္မယ္။ ဒါေၾကာင့္ လက္နက္အားကုိးနဲ႔ ဒီလုိ ဖမ္းဆီးထိန္းသိမ္းထားျခင္းကို က်ေနာ္တုိ႔ ကန္႔ကြက္႐ႈတ္ခ်ေၾကာင္း၊ ေနာက္ၿပီးေတာ့ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔အေၾကာင္း၊ ဦးေဝွ႔တင္းဟာ သာမန္ျပည္သူတေယာက္ မဟုတ္ဘဲ ျပည္သူအမ်ားကေန မဲေပးေရြးခ်ယ္ထားတဲ့ ကုိယ္စားလွယ္တဦး ျဖစ္တဲ့အတြက္ သူ႔ကုိ အျမန္ဆုံး ျပန္လႊတ္ေပးေစလိုေၾကာင္းေပါ့ေလ။ ဒါကို က်ေနာ္တုိ႔က ေၾကညာခ်က္ထြက္တာပါ။”

ကုိေဇာ္ဝင္းလႈိင္ - ခုလို ထိန္းသိမ္းထားတာနဲ႔ ပတ္သက္ၿပီး NLD က ငါးရက္ ေစာင့္ဆုိင္းခဲ့တယ္ ဆုိတာက ဆရာတုိ႔ဘက္က Clarify လုပ္ခ်င္လို႔၊ သေဘာက အတုိင္းအတာတခုအထိ AA ဘက္ကုိ အခ်ိန္ေပးတယ္ဆုိတဲ့ သေဘာလား၊ အဲဒါေလး နည္းနည္းရွင္းျပပါ။

ေဒါက္တာမ်ဳိးညြန္႔ - “တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္း ျဖစ္တဲ့အတြက္ က်ေနာ္တုိ႔ ျပစ္တင္ေဝဖန္မႈကို အင္မတန္ သတိထားပါတယ္။ က်ေနာ္တုိ႔ တုိင္းရင္းသား အခ်င္းခ်င္းၾကားမွာ တဦးနဲ႔တဦး ယုံၾကည္မႈရွိမွ ထာဝရၿငိမ္းခ်မ္းေရးကို တည္ေဆာက္ႏုိင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ က်ေနာ္တုိ႔က ခ်င့္ခ်င့္ခ်ိန္ခ်ိန္လုပ္တဲ့ သေဘာပါပဲခင္ဗ်။”

ကိုေဇာ္ဝင္းလႈိင္ - အဲေတာ့ အခု ေၾကညာခ်က္ထုတ္တာေတာ့ ဟုတ္ပါၿပီ။ NLD ကေတာ့ ပါတီအေနနဲ႔ ကုိယ့္ရဲ႕ လႊတ္ေတာ္ကုိယ္စားလွယ္တေယာက္ ထိန္းသိမ္းခံထားရတဲ့ အတြက္ လုပ္သင့္လုပ္ထုိက္တာကို လုပ္တယ္ေပါ့။ ဒါေပမယ့္ AA ဘက္က တုံ႔ျပန္တာမ်ဳိး ဘာမ်ား ရထားပါၿပီလဲ၊ ဒါမွမဟုတ္ ဆရာတုိ႔ ဘယ္လုိမ်ား ေမွ်ာ္လင့္ထားပါလဲ။

ေဒါက္တာမ်ဳိးညြန္႔ - “က်ေန္ာတုိ႔ကေတာ့ အေကာင္းဆုံး ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ ခုခ်ိန္ထိေတာ့ ဘယ္လုိတုံ႔ျပန္မႈမ်ဳိးမွ မေတြ႔ရေသးပါဘူး။”

ကိုေဇာ္ဝင္းလႈိင္ - အခုဟာက ရွင္းရွင္းေျပာရရင္ ဒါက အစုိးရနဲ႔ေတာ့ တုိက္႐ုိက္ဆုိင္တာေပါ့။ က်ေနာ္ေျပာခ်င္တာက အခု ေျမာက္ပုိင္းမဟာမိတ္ ေလးဖြဲ႔ထဲမွာလည္း AA က ပါေနတယ္။ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးတာေတြလည္း လုပ္ေနတယ္။ အနာဂတ္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာလည္း ဒီဟာက အစိတ္အပိုင္းအျဖစ္ ပါေနေတာ့ အစုိးရနဲ႔လုပ္ေနတဲ့ ကိစၥေတြကို သြားၿပီးေတာ့ ထိခုိက္မလား။ အခုလုိမ်ဳိး လႊတ္ေတာ္အမတ္တဦးကို ျပန္ေပးဆြဲတယ္၊ ထိန္းသိမ္းတယ္ဆုိတဲ့ ကိစၥကေလ။

ေဒါက္တာမ်ဳိးညြန္႔ - “က်ေနာ္ေျပာခဲ့ပါၿပီ။ က်ေန္ာတုိ႔က အေကာင္းျမင္ပါတယ္။ အဲေတာ့ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အသုံးခ်ၿပီးေတာ့ ဆက္သြယ္ေဆာင္ရြက္ျခင္း အားျဖင့္လည္း ဦးေဝွ႔တင္း လြတ္ေျမာက္ေရးမွာ တနည္းတဖုံ အခြင့္အလမ္း ရႏုိင္မယ္လုိ႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္ထားပါတယ္။”

ကုိေဇာ္ဝင္းလႈိင္ - ဆရာတုိ႔ဘက္က NLD ပါတီအေနနဲ႔ေရာ သူ႔ကုိဆက္သြယ္ႏုိင္ဖို႔၊ ဒါမွမဟုတ္ သူ႔ကုိထိန္းသိမ္းထားတဲ့သူေတြကုိ တုိက္႐ုိက္ဆက္သြယ္ၿပီး စကားေျပာခြင့္ရဖုိ႔ ႀကိဳးစားတာေတြ ရွိေနၿပီလားဆရာ။

ေဒါက္တာမ်ဳိးညြန္႔ - “က်ေနာ္တို႔ NLD ပါတီက သာမန္ႏုိင္ငံေရးပါတီ တခုပဲ ျဖစ္ပါတယ္။ လက္နက္ကုိင္ အဖြဲ႔အစည္းတခုနဲ႔ တုိက္႐ိုက္ဆက္သြယ္ရင္ က်ေနာ္တုိ႔ မတရားအသင္း ဆက္သြယ္မႈ ျဖစ္သြားမွာပါ။ က်ေနာ္တုိ႔ လုပ္ခြင့္မရွိပါဘူး၊ ဥပေဒအရ။”

ကိုေဇာ္ဝင္းလႈိင္ - အခု ေၾကညာခ်က္ထုတ္ၿပီး ေနာက္မွာ လႊတ္ေပးဖုိ႔ NLD ပါတီအေနနဲ႔ ေတာင္းဆုိၿပီးတဲ့ေနာက္မွာ ဘယ္ေလာက္အထိ ရက္ကုိ ေစာင့္ဆုိင္းမယ္ဆုိတာမ်ဳိး ဆရာတို႔ သတ္မွတ္ထားတာမ်ဳိးမ်ား ရွိပါသလား။ NLD ေခါင္းေဆာင္ပုိင္းက။

ေဒါက္တာမ်ဳိးညြန္႔ - “ႏုိင္ငံေရးပါတီတခုက မိမိရဲ႕ ရပ္တည္ခ်က္ မူဝါဒကို ထုတ္ေဖာ္ေျပာတာက ဒါ သူ႔ရဲ႕ အမ်ားဆုံး လုပ္ကိုင္ႏုိင္မႈပါ။ ျပည္သူေတြကေတာ့ ခ်င္းလူမ်ဳိးေတြက ခရစ္ယာန္ဘာသာကို ယုံၾကည္မႈမ်ားတဲ့အတြက္ ဆုေတာင္းတာေတြ၊ ဒါ မိမိတို႔ရဲ႕ စု႐ုန္းၿပီးေတာ့ ဆႏၵထုတ္ေဖာ္တယ္။ ဒါ ျပည္သူေတြက မိမိတို႔ ဆႏၵအေလ်ာက္ ျပဳလုပ္လာႏုိင္ပါတယ္။”

ကိုေဇာ္ဝင္းလႈိင္ - ေနာက္တခုက NLD ပါတီဟာဆုိရင္ သာမန္႐ုိး႐ိုး ႏုိင္ငံေရးပါတီ မဟုတ္ဘူး။ လက္ရွိ အာဏာရပါတီ ျဖစ္ေနတယ္။ အစုိးရအဖြဲ႔ထဲမွာလည္း NLD ပါတီ ေခါင္းေဆာင္ပိုင္းကလူေတြ ပါေနေတာ့ အစိုးရကိုေရာ တုိက္႐ိုက္ တုိက္တြန္းေျပာဆုိတာ သူ လြတ္ေျမာက္ဖို႔အတြက္ လုပ္ကုိင္ေပးဖို႔ ပါတီကုိယ္စား ေတာင္းဆိုတာမ်ဳိးေရာ လုပ္တာေတြ ရွိပါသလား၊ စကားေျပာ ေဆြးေႏြးတာေတြ ရွိပါသလား ဆရာ။

ေဒါက္တာမ်ဳိးညြန္႔ - “က်ေနာ္တုိ႔ ခုထိေတာ့ မရွိပါဘူး။ လုိအပ္ရင္ေတာ့ က်ေန္ာတုိ႔က တုိက္တြန္းမႈေတြေတာ့ လုပ္သြားမွာပါ။”

---------------------------------------

(Unicode)

AA ဖမ်းထားတဲ့ လွှတ်တော်အမတ်ပြန်လွှတ်ရေး NLD တောင်းဆို

ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဟာ ငြိမ်းချမ်းရေး ကြိုးပမ်းနေမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မတရားဖမ်းဆီးထားတဲ့အတွက်လည်း ပြင်းထန်စွာ ရှုတ်ချတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ နိုဝင်ဘာ ၃ ရက်နေ့တည်းက ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းသွားခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့တုန်းက ပလက်ဝကနေ ကျောက်တော်ကိုအသွား ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံသားအချို့၊ စကားပြန်အချို့နဲ့ စက်လှေမောင်းသူ စုစုပေါင်း ၁၀ ယောက်ကို AA က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးထားစဉ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ယောက်က အမောဖောက် သေဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းကလွဲလို့ ကျန်တဲ့သူအားလုံးကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးဝှေ့တင်းဟာ AA ကိုတိုက်နေတဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီး AA အဖွဲ့ရဲ့ သတင်းအချက်တွေကို စုံစမ်းဖို့ ခူမီးလူငယ်အဖွဲ့ကို လျှို့ဝှက်ဖွဲ့စည်းတဲ့အပြင် နိုင်ငံရေးအရ AA တပ်ဖွဲ့ကို တိုက်ခိုက်နေသူဖြစ်တာကြောင့် ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပြီး ဘယ်တော့ပြန်လွှတ်ပေးမယ်ဆိုတာ မပြောနိုင်သေးဘူးလို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေဖမ်းဆီးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့အဖွဲ့ကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်နားကနေ ပြီးခဲ့တဲ့ တနင်္ဂနွေ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးသွားတာဖြစ်ပြီး AA အဖွဲ့က ဖမ်းဆီးထားတဲ့ တခြားသူတွေ ပြန်လွတ်လာပေမယ့် ဦးဝှေ့တင်းကို မလွှတ်ပေးသေးတဲ့အတွက် သူလွတ်မြောက်ရေး တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် - AA က ဖမ်းထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ ဆရာတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတဲ့ ကြေညာချက် ဒီကနေ့ပဲ ထုတ်ပြန်လိုက်တယ်နော်။

ဒေါက်တာမျိုးညွန့် - “ဟုတ်ပါတယ်ခင်ဗျ၊ ကျနော်တို့ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုက ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် ကျနော်တို့ ချက်ချင်း ကြေညာချက် မထုတ်ဘဲနဲ့ ကျနော်တို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ သို့သော် တပတ်လောက် ကြာတဲ့အခါမှာတော့ ထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်လာရတယ်။ နောက်ပြီး ပိုမိုပြီး ကြာလာတာနဲ့အမျှ ထိန်းသိမ်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအတွက်လည်း ပိုပြီး တာဝန်ကြီးလာမယ်။ သူ့ရဲ့ နိုင်ငံရေး မူဝါဒတွေအပေါ်မှာလည်း ဝေဖန်စရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လက်နက်အားကိုးနဲ့ ဒီလို ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ကျနော်တို့ ကန့်ကွက်ရှုတ်ချကြောင်း၊ နောက်ပြီးတော့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အကြောင်း၊ ဦးဝှေ့တင်းဟာ သာမန်ပြည်သူတယောက် မဟုတ်ဘဲ ပြည်သူအများကနေ မဲပေးရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တဦး ဖြစ်တဲ့အတွက် သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်းပေါ့လေ။ ဒါကို ကျနော်တို့က ကြေညာချက်ထွက်တာပါ။”

ကိုဇော်ဝင်းလှိုင် - ခုလို ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး NLD က ငါးရက် စောင့်ဆိုင်းခဲ့တယ် ဆိုတာက ဆရာတို့ဘက်က Clarify လုပ်ချင်လို့၊ သဘောက အတိုင်းအတာတခုအထိ AA ဘက်ကို အချိန်ပေးတယ်ဆိုတဲ့ သဘောလား၊ အဲဒါလေး နည်းနည်းရှင်းပြပါ။

ဒေါက်တာမျိုးညွန့် - “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့အတွက် ကျနော်တို့ ပြစ်တင်ဝေဖန်မှုကို အင်မတန် သတိထားပါတယ်။ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာ တဦးနဲ့တဦး ယုံကြည်မှုရှိမှ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ချင့်ချင့်ချိန်ချိန်လုပ်တဲ့ သဘောပါပဲခင်ဗျ။”

ကိုဇော်ဝင်းလှိုင် - အဲတော့ အခု ကြေညာချက်ထုတ်တာတော့ ဟုတ်ပါပြီ။ NLD ကတော့ ပါတီအနေနဲ့ ကိုယ့်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက် ထိန်းသိမ်းခံထားရတဲ့ အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်ပေါ့။ ဒါပေမယ့် AA ဘက်က တုံ့ပြန်တာမျိုး ဘာများ ရထားပါပြီလဲ၊ ဒါမှမဟုတ် ဆရာတို့ ဘယ်လိုများ မျှော်လင့်ထားပါလဲ။

ဒေါက်တာမျိုးညွန့် - “ကျနေ်ာတို့ကတော့ အကောင်းဆုံး မျှော်လင့်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဘယ်လိုတုံ့ပြန်မှုမျိုးမှ မတွေ့ရသေးပါဘူး။”

ကိုဇော်ဝင်းလှိုင် - အခုဟာက ရှင်းရှင်းပြောရရင် ဒါက အစိုးရနဲ့တော့ တိုက်ရိုက်ဆိုင်တာပေါ့။ ကျနော်ပြောချင်တာက အခု မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ထဲမှာလည်း AA က ပါနေတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာတွေလည်း လုပ်နေတယ်။ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဒီဟာက အစိတ်အပိုင်းအဖြစ် ပါနေတော့ အစိုးရနဲ့လုပ်နေတဲ့ ကိစ္စတွေကို သွားပြီးတော့ ထိခိုက်မလား။ အခုလိုမျိုး လွှတ်တော်အမတ်တဦးကို ပြန်ပေးဆွဲတယ်၊ ထိန်းသိမ်းတယ်ဆိုတဲ့ ကိစ္စကလေ။

ဒေါက်တာမျိုးညွန့် - “ကျနော်ပြောခဲ့ပါပြီ။ ကျနေ်ာတို့က အကောင်းမြင်ပါတယ်။ အဲတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အသုံးချပြီးတော့ ဆက်သွယ်ဆောင်ရွက်ခြင်း အားဖြင့်လည်း ဦးဝှေ့တင်း လွတ်မြောက်ရေးမှာ တနည်းတဖုံ အခွင့်အလမ်း ရနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ကိုဇော်ဝင်းလှိုင် - ဆရာတို့ဘက်က NLD ပါတီအနေနဲ့ရော သူ့ကိုဆက်သွယ်နိုင်ဖို့၊ ဒါမှမဟုတ် သူ့ကိုထိန်းသိမ်းထားတဲ့သူတွေကို တိုက်ရိုက်ဆက်သွယ်ပြီး စကားပြောခွင့်ရဖို့ ကြိုးစားတာတွေ ရှိနေပြီလားဆရာ။

ဒေါက်တာမျိုးညွန့် - “ကျနော်တို့ NLD ပါတီက သာမန်နိုင်ငံရေးပါတီ တခုပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ တိုက်ရိုက်ဆက်သွယ်ရင် ကျနော်တို့ မတရားအသင်း ဆက်သွယ်မှု ဖြစ်သွားမှာပါ။ ကျနော်တို့ လုပ်ခွင့်မရှိပါဘူး၊ ဥပဒေအရ။”

ကိုဇော်ဝင်းလှိုင် - အခု ကြေညာချက်ထုတ်ပြီး နောက်မှာ လွှတ်ပေးဖို့ NLD ပါတီအနေနဲ့ တောင်းဆိုပြီးတဲ့နောက်မှာ ဘယ်လောက်အထိ ရက်ကို စောင့်ဆိုင်းမယ်ဆိုတာမျိုး ဆရာတို့ သတ်မှတ်ထားတာမျိုးများ ရှိပါသလား။ NLD ခေါင်းဆောင်ပိုင်းက။

ဒေါက်တာမျိုးညွန့် - “နိုင်ငံရေးပါတီတခုက မိမိရဲ့ ရပ်တည်ချက် မူဝါဒကို ထုတ်ဖော်ပြောတာက ဒါ သူ့ရဲ့ အများဆုံး လုပ်ကိုင်နိုင်မှုပါ။ ပြည်သူတွေကတော့ ချင်းလူမျိုးတွေက ခရစ်ယာန်ဘာသာကို ယုံကြည်မှုများတဲ့အတွက် ဆုတောင်းတာတွေ၊ ဒါ မိမိတို့ရဲ့ စုရုန်းပြီးတော့ ဆန္ဒထုတ်ဖော်တယ်။ ဒါ ပြည်သူတွေက မိမိတို့ ဆန္ဒအလျောက် ပြုလုပ်လာနိုင်ပါတယ်။”

ကိုဇော်ဝင်းလှိုင် - နောက်တခုက NLD ပါတီဟာဆိုရင် သာမန်ရိုးရိုး နိုင်ငံရေးပါတီ မဟုတ်ဘူး။ လက်ရှိ အာဏာရပါတီ ဖြစ်နေတယ်။ အစိုးရအဖွဲ့ထဲမှာလည်း NLD ပါတီ ခေါင်းဆောင်ပိုင်းကလူတွေ ပါနေတော့ အစိုးရကိုရော တိုက်ရိုက် တိုက်တွန်းပြောဆိုတာ သူ လွတ်မြောက်ဖို့အတွက် လုပ်ကိုင်ပေးဖို့ ပါတီကိုယ်စား တောင်းဆိုတာမျိုးရော လုပ်တာတွေ ရှိပါသလား၊ စကားပြော ဆွေးနွေးတာတွေ ရှိပါသလား ဆရာ။

ဒေါက်တာမျိုးညွန့် - “ကျနော်တို့ ခုထိတော့ မရှိပါဘူး။ လိုအပ်ရင်တော့ ကျနေ်ာတို့က တိုက်တွန်းမှုတွေတော့ လုပ်သွားမှာပါ။”

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG