သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီအတွင်းရေး ပြင်ပသို့ မပေါက်ကြားရန် သတိပေး


 NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်(national league for democracy)
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်(national league for democracy)

နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အတွက် တခြား သန့်စင်တဲ့ စွမ်းအင်တွေ မရခင်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို လုပ်ဆောင်ဖို့ တိုင်းနဲ့ ပြည်နယ်တွေကို တိုက်တွန်းထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြောဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ အစိုးရဖွဲ့နိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီက ပါတီ ဗဟိုကော်မတီ အစည်းအဝေး အပြီး ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပါတီ အနေနဲ့ မူလရပ်တည်ချက် တခုဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းကနေ သွေဖည် မသွားဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ပါတီဝင်တွေရဲ့ ပြောရေးဆိုခွင့်နဲ့ ပတ်သက်လို့တော့ ပါတီ ဗဟိုအလုပ်အမှုဆောင်တဦး ဖြစ်တဲ့ ဦးဝင်းထိန်က အခုလို ပြောပါတယ်။

“ပါတီဆိုတာက ကိုယ့်ပါတီ တည်ထောင်ကတည်းကိုက မိသားစုပုံစံမျိုးပဲ၊ ဒီမိုကရေစီဆန်ဆန် ကျင့်သုံးတဲ့အတွက်ကြောင့်မို့လို့ အပေါ်ကနေ အောက်ခြေကနေဖြစ်ဖြစ် ဝေဖန်နိုင်တယ်၊ ဆွေးနွေးနိုင်တယ်။ မေးခွန်းထုတ်နိုင်တယ်။ ပြောစရာရှိရင် ကိုယ့်မိသားစုအချင်းချင်းပဲ ပြောရမယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ပါတီအဖွဲ့ဝင်တွေဟာ အစိုးရအဖွဲ့ဝင်သော်လည်းကောင်း၊ ပါတီအဖွဲ့ဝင်တွေသော်လည်းကောင်း ပြောမယ်ဆိုရင် ကြိုက်သလိုဝေဖန်၊ကြိုက်သလိုပြောနိုင်တယ် စာနဲ့ပဲ ပေးပေး ပါးစပ်နဲ့ပဲပြောပြောရတယ်။ သို့သော် အဲလိုမှ မဟုတ်ပဲနဲ့ ကိုယ့်အတွင်းရေးကို အပြင်ကို မီဒီယာတွေကိုပြောတာတွေ၊ Facebook တင်တာတွေက ခုနက ကျနော်တို့ထားတဲ့ ပါတီရဲ့ ကျင့်သုံးနေတဲ့ အမူအကျင့်နဲ့ မကိုက်တဲ့အတွက်ကြောင့် အဲဒါတွေကို မလုပ်ရဘူးလို့ တားမြစ်တာပါ။”

ပါတီဝင်တွေ အနေနဲ့ အစိုးရ အဖွဲ့နဲ့ ပါတီ အပေါ် လူသိရှင်ကြား ဝေဖန်ရင် ပါတီစည်းကမ်းနဲ့ အရေးယူမယ်လို့လည်း ဗဟိုကော်မတီဝင် ဦးဝင်းထိန်းက သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ပြုလုပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG