သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေစာရေးဆရာ Jon Fosse စာပေနိုဘယ်ဆု ရရှိ


စာပေနိုဘယ်လ်ဆုရရှိသွားတဲ့ နော်ဝေနိုင်ငံသား စာရေးဆရာ Jon Fosse (ယွန် ဖော်ဆာ)
စာပေနိုဘယ်လ်ဆုရရှိသွားတဲ့ နော်ဝေနိုင်ငံသား စာရေးဆရာ Jon Fosse (ယွန် ဖော်ဆာ)

ဒီနှစ် ၂၀၂၃ ခုနှစ်အတွက် စာပေနိုဘယ်လ်ဆုရှင်အဖြစ် နော်ဝေနိုင်ငံသား စာရေးဆရာ Jon Fosse (ယွန် ဖော်ဆာ) ကို ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက ရွေးချယ်လိုက်ပါတယ်။ သူ့ဘဝ တလျှောက်ရေးသားခဲ့တဲ့ ဖန်တီးခဲ့တဲ့ စာတွေ၊ ကဗျာတွေဟာပြောပြနိုင်စွမ်း မရှိသူတွေရဲ့ကိုယ်စား ခံစားချက် အသံတွေကို ထုတ်ဖေါ်ခဲ့တာလို့ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

နော်ဝေနိုင်ငံမှာ တရားဝင်ဘာသာစကား ၂ မျိုးရှိတဲ့အထဲက လူဦးရေရဲ့ ၁၀% လောက်သာ အသုံးပြုပြီး New Norwegian လို့ လူသိများတဲ့ ဘာသာစကားနဲ့ စာတွေ၊ ကဗျာတွေကို ရေးလေ့ရှိတဲ့ Jon Fosse (ယွန် ဖော်ဆာ) ကတော့ နိုဘဲလ်ဆုဟာ အဲဒီ ဘာသာစကား ဖွံ့ဖြိုးရေး ကြိုးပမ်းမှုတွေအတွက် ချီးမြှင့်ခံရတာလို့ ခံယူကြောင်း ပြောပါတယ်။

ဒီသီတင်းပတ် အတွက် ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေ နိုဘယ်လ် ဆုရှင်တွေကို ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက အသီးသီး ကြေညာခဲ့ပြီး မနက်ဖြန် အောက်တိုဘာ ၆ ရက်နေ့ သောကြာနေ့မှာတော့ နော်ဝေနိုင်ငံ နိုဘယ်ငြိမ်းချမ်ရေး ကော်မတီက ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ကြေညာမှာ ဖြစ်ပါတယ်။

ဒီနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် ဆန်ကာတင် စာရင်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ပါဝင်ပါတယ်။

နော်ဝေစာရေးဆရာ Jon Fosse စာပေနိုဘယ်ဆု ရရှိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG