သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရူပဗေဒ နိုဘဲလ်ဆုအတွက် ၃ နိုင်ငံက ပညာရှင်တွေ ပူးတွဲရရှိ


ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က Royal Swedish Academy of Sciences တက္ကသိုလ်က ကြေညာနေစဉ် (အောက်တိုဘာ ၃၊ ၂၀၂၃)
ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က Royal Swedish Academy of Sciences တက္ကသိုလ်က ကြေညာနေစဉ် (အောက်တိုဘာ ၃၊ ၂၀၂၃)

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ကနေ နိုဘဲလ်ဆုတွေကို ဆက်လက် ကြေညာနေတာမှာ ၂၀၂၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ပြင်သစ်နိုင်ငံက Alain Aspect ၊ အမေရိကန်နိုင်ငံက John Clauser နဲ့ ဩစတီးယားနိုင်ငံက Anton Zeilinger တို့ ၃ ဦးက ပူးတွဲ ရရှိသွားကြောင်း ဒီကနေ့ (အောက်တိုဘာ ၃) ကြေညာလိုက်ပါတယ်။

Quantum Information Science ကို စတင် တွေ့ရှိခဲ့တဲ့အတွက် သူတို့ ၃ ဦးကို ပူးတွဲ ဆုချီးမြင့်လိုက်တာဖြစ်ကြောင်း နိုဘဲလ်ဆု ရွေးချယ်ရေးကော်မီတီ - တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ကြေညာပါတယ်။ သီးခြားစီ ခွဲထားတဲ့ကြားက အရာဝတ္ထု ၂ ခုဟာ တပေါင်းတစည်းထဲပုံစံနဲ့ သက်ဝင် လှုပ်ရှားနေတဲ့ ရောယှက်နေတဲ့ Quantum အနေအထားကို သိရှိနိုင်တဲ့ နည်းပညာကို သူတို့ တဦးချင်းစီက ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်အတွက် နိုဘဲဆုတွေကို တနင်္လာနေ့ကစပြီး ကြေညာနေတာမှာ mNRA ကိုဗစ်ကာကွယ်ဆေးကို အလျင်အမြန် ထုတ်လုပ်နိုင်အောင် ရှာဖွေတွေ့ရှိခဲ့တဲ့ ဟန်ဂေရီနိုင်ငံက Kataline Kariko နဲ့ အမေရိကန်နိုင်ငံက Drew Weissman တို့ ၂ ဦးက အခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုကို ပူးတွဲ ရရှိသွားပါတယ်။

ဓာတုဗေဒ ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆုတွေကိုတော့ မနက်ဖြန် ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အကြား ကြေညာသွားမှာဖြစ်ပြီး စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ရှေ့အပတ် တနင်္လာနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG