သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ကဗ်ာဆရာ Louise Glück စာေပဆုိင္ရာႏုိဘယ္ဆုရ


၂၀၂၀ ျပည့္ႏွစ္ စာေပဆိုင္ရာႏိုဘယ္ဆုရွင္ အေမရိကန္ကဗ်ာဆရာ Louise Gluck။ (ႏို၀င္ဘာ ၁၉၊ ၂၀၁၄)

[Zawgyi/Unicode]

ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္အတြက္ စာေပဆိုင္ရာႏိုဘယ္ဆုကို အေမရိကန္ကဗ်ာဆရာ Louise Gluck ကို သူမရဲ့ လူတစ္ဦးခ်င္းတည္ရွိမႈအေပၚ အမွားအယြင္းမဲ့ လွပတဲ့ ကဗ်ာဖြင့္ဟမႈအတြက္ ေပးအပ္လိုက္ပါတယ္။

ဆီြဒင္သိပၸံအကယ္ဒမီက အျမဲတမ္းအတြင္းဝန္ Mats Malm က ခုလိုေပးအပ္လိုက္ေၾကာင္း Stockholm ၿမိဳ႕ကေန ေၾကညာလိုက္တာပါ။

ဒီကမာၻ႔အႀကီးျမတ္ဆံုး စာေပဆုႀကီးေပးအပ္မႈအေပၚ ႏွစ္ေပါင္းမ်ားစြာ အျငင္းပြားမႈေတြ၊ အလြဲသံုးစားမႈေတြႀကံဳခဲ့အၿပီး အခုလိုေပးအပ္ႏိုင္တာပါ။

၂၀၁၈ ခုႏွစ္တုန္းကေတာ့ ဒီဆုကိုေရြးခ်ယ္တဲ့ ဆီြဒင္အကယ္ဒမီအဖြဲ႔မွာ လိင္ပိုင္းဆိုင္ရာ အလြဲသံုးစားျပဳမႈ ရွိခဲ့တယ္လို႔ စြပ္စဲြမႈေတြျဖစ္ခဲ့ၿပီး၊ အဖြဲ႔ဝင္အေတာ္မ်ားမ်ား ႏုတ္ထြက္ခဲ့တာေၾကာင့္ ဒီဆုကို မေပးဘဲ ဆိုင္းငံထားခဲ့ရပါတယ္။

ဒါေပမဲ့ ဒီအဖြဲ႔ကို ျပန္လည္ဖြဲ႔စည္းခဲ့ၿပီး၊ ႏိုဘယ္ေဖာင္ေဒးရွင္းအဖြဲ႔ရဲ႕ ယံုၾကည္မႈ ျပန္ရလာအၿပီး မႏွစ္ကေတာ့ ၂၀၁၉ မွာေတာ့ စာေပႏိုဘယ္ဆုဆြတ္ခူးသူ ၂ ဦးကို ေၾကညာႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ၂၀၁၈ ခုႏွစ္ စာေပႏိုဘယ္ဆုကို ပိုလန္က Olga Tokarczuk နဲ႔ ၂၀၁၉ ဆုကို Austria က Peter Handke တို႔ကို ေပးအပ္ခဲ့ပါတယ္။

အေမရိကန္ ကဗ်ာဆရာ Louise Glück စာေပဆုိင္ရာႏုိဘယ္ဆုရ
please wait

No media source currently available

0:00 0:00:52 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် ကဗျာဆရာ Louise Glück စာပေဆိုင်ရာနိုဘယ်ဆုရ

ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန်ကဗျာဆရာ Louise Gluck ကို သူမရဲ့ လူတစ်ဦးချင်းတည်ရှိမှုအပေါ် အမှားအယွင်းမဲ့ လှပတဲ့ ကဗျာဖွင့်ဟမှုအတွက် ပေးအပ်လိုက်ပါတယ်။

ဆွီဒင်သိပ္ပံအကယ်ဒမီက အမြဲတမ်းအတွင်းဝန် Mats Malm က ခုလိုပေးအပ်လိုက်ကြောင်း Stockholm မြို့ကနေ ကြေညာလိုက်တာပါ။

ဒီကမ္ဘာ့အကြီးမြတ်ဆုံး စာပေဆုကြီးပေးအပ်မှုအပေါ် နှစ်ပေါင်းများစွာ အငြင်းပွားမှုတွေ၊ အလွဲသုံးစားမှုတွေကြုံခဲ့အပြီး အခုလိုပေးအပ်နိုင်တာပါ။

၂၀၁၈ ခုနှစ်တုန်းကတော့ ဒီဆုကိုရွေးချယ်တဲ့ ဆွီဒင်အကယ်ဒမီအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေဖြစ်ခဲ့ပြီး၊ အဖွဲ့ဝင်အတော်များများ နုတ်ထွက်ခဲ့တာကြောင့် ဒီဆုကို မပေးဘဲ ဆိုင်းငံထားခဲ့ရပါတယ်။

ဒါပေမဲ့ ဒီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ နိုဘယ်ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ယုံကြည်မှု ပြန်ရလာအပြီး မနှစ်ကတော့ ၂၀၁၉ မှာတော့ စာပေနိုဘယ်ဆုဆွတ်ခူးသူ ၂ ဦးကို ကြေညာနိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ် စာပေနိုဘယ်ဆုကို ပိုလန်က Olga Tokarczuk နဲ့ ၂၀၁၉ ဆုကို Austria က Peter Handke တို့ကို ပေးအပ်ခဲ့ပါတယ်။

XS
SM
MD
LG