သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည် စခန်းသစ်တွေ့ရှိ


မြောက်ကိုရီးယားမှာ နျူကလီယား စက်ရုံတွေ ရှိနေနိုင်တယ်လို့ အရင်က သံသယဖြစ်ခဲ့ကြတဲ့ ရွာကလေးမှာပဲ ပဲ့ထိမ်းတပ်ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ စခန်းနောက်တခု ရှိနိုင်တာကို ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံတွေမှာ တွေ့ရှိရကြောင်း ပြန်လှန်သုံးသပ် စစ်ဆေးမှုအသစ်တွေကနေ တွေ့ရှိခဲ့ပါတယ်။

ပထဝီနိုင်ငံရေး သုတေသနနဲ့ ထောက်လှန်းရေး သုံးသပ်ချက်တွေ လုပ်တဲ့ ကောင်းကင်ဂြိုလ်တု ဓာတ်ပုံလေ့လာရေးဆိုင်ရာ Strategic Sentinel ကုမ္ပဏီရဲ့ ဆန်းစစ်ချက်တွေအရ ဒီပုံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံ Pyongan ခရိုင်မြောက်ဘက် Geumchang-ri တောင်တန်းတွေထဲမှာ ပဲ့ထိမ်းတပ် ဒုံးကျည်ပစ်စင် စခန်းတခုကို တွေ့ရှိခဲ့တာပါ။

အဲဒီနေရာဟာ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ထုတ်လုပ်တဲ့စခန်းဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ၁၉၉၀ နှစ်တွေအတွင်း ပြောထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒုံးကျည်ပစ်စင်စခန်းဟာ မြေအောက်စခန်းတခုဖြစ်ပြီး ဒုံးကျည်တွေ သိုလှောင်တာ ဖြစ်ပါတယ်။ ဒုံးကျည်အခြေစိုက် စခန်းတခုဖြစ်တဲ့ အီရန်နိုင်ငံ Tabriz က စခန်းလို ၇.၄ မီတာ ကျယ်တဲ့ လျှောတံခါးနဲ့ ပိတ်ထားတဲ့စခန်းတခု ဖြစ်တယ်လို့ ထောက်လှမ်းရေး အကြံပေးတွေက ပြောပါတယ်။

လေးထောင့်ပုံ သဏ္ဍာန်ရှိတဲ့ ဒီအဆောက်အဦးဟာ လက်ရှိ မြောက်ကိုရီးယား သုံးနေတဲ့ သူ့အိမ်နီးချင်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို ပစ်နိုင်တဲ့ နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည်တွေ ထားနိုင်အောင် ကျယ်ဝန်းတယ်လို့လည်း အမေရိကန်အခြေစိုက် Strategic Sentinel ကုမ္ပဏီက ပြောပါတယ်။

ဒီဒုံးကျည်ပစ်စင်ရဲ့ မြောက်ဘက် ကပ်လျက်မှာတော့ စစ်ဆေးရေးစခန်းတွေနဲ့ မြေအောက်ဝင်နိုင်တဲ့ ဂိတ်ပေါက်ပုံစံတွေ တွေ့နေရပြီး ဒီ ၃ ခုဟာ တြိဂံ အနေထား ရှိနေတာပါ။

ဒါ့အပြင် ဒီကောင်းကင်ဓာတ်ပုံတွေထဲမှာပဲ အစောင့်ချထားတဲ့စခန်း ဖြစ်နိုင်တဲ့ နေရာတခုကိုလည်း ဒီအဆောက်အဦးတွေအနားမှာ တွေ့ရပါတယ်။

မြောက်ကိုရီးယားဒုံးကျည် စခန်းသစ်တွေ့ရှိ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG