သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားပေါ် ဒဏ်ခတ်မှုအသစ် ကုလ ဆုံးဖြတ်ဖို့ရှိ


 ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေအတွက် သုံးမယ်ငွေတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်တဲ့ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ကြပါမယ်။

ဒီလိုမဲခွဲတဲ့စည်းဝေးပွဲတွေကို သိပ်တက်လေ့မရှိလှတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဒီကနေ့ပွဲမှာ တက်ပြီး မိန့်ခွန်းပြောမယ်လို့ ခန့်မှန်းထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ပြီး နျူကလီးယား ဒါမှမဟုတ် ပဲ့ထိန်းဒုံးကျည် စမ်းသပ် တာတွေမလုပ်ဖို့ အရင်ချမှတ်ထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ စက်တင်ဘာလက နျူကလီးယားစမ်းသပ်မှု နောက်ဆုံးတခု လုပ်ခဲ့တာအပါအဝင် လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် အန်တုထားတာပါ။ အခုချမှတ်မယ့် ဒဏ်ခတ်အရေးယူမှု အသစ်တွေထဲမှာ မြောက်ကိုရီးယားက တင်ပို့တဲ့ ကျောက်မီးသွေးပမာဏကို ကန့်သတ်တာ လည်းပါဝင်ပါတယ်။

ဒီတခုတည်းကနေကိုပဲ မြောက်ကိုရီးယားရဲ့ အကြီး မားဆုံး ပြည်ပငွေဝင်ပေါက်ကို ၆၀% ဒါမှမဟုတ် တနှစ်ကို ဒေါ်လာ သန်း ၇၀၀ လောက်အထိ လျော့သွားစေမယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ဝင်ငွေရနေတဲ့ ကြေး၊ နီကယ်လ်၊ ငွေနဲ့ ဇင့်သတ္တုတွေလို သတ္တု အမျိုးအစားတချို့ တင်ပို့တာကိုလည်း ပိတ်ပင် ကန့်သတ်မှာပါ။ ပြည်ပခရီးစဉ်တွေနဲ့ ပိုင်ဆိုင်မှု တွေကို ပိတ်ပင်ကန့်သတ်ထားတဲ့ လူပုဂ္ဂိုလ်တွေစာရင်းထဲမှာ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးအစီအစဉ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ မြောက်ကိုရီးယား တာဝန်ရှိသူ ၁၁ ဦးနဲ့ အဖွဲ့အစည်း ၁၁ ခုကိုလည်း ထပ်ပြီးထည့်သွင်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG