(Zawgyi / Unicode)
ဒုတိယကမာၻစစ္အတြင္း ဂ်ာမန္နာဇီေတြလက္ထဲက ျပင္သစ္နဲ႔ ဥေရာပကို လြတ္ေျမာက္ေစခဲ့တဲ့ D-Day ကမ္းတက္တိုက္ပြဲ ဆင္ႏႊဲခဲ့တဲ့ ၇၇ ႏွစ္ေျမာက္ အထိမ္းအမွတ္ အခမ္းအနား ေတာ္ေတာ္မ်ားမ်ား ဒီကေန႔ တနဂၤေႏြေန႔ က်င္းပဖို႔ စီစဥ္ထားၾကပါတယ္။
၁၉၄၄ ခုႏွစ္ ဇြန္လ ၆ ရက္ေန႔က မဟာမိတ္တပ္ဖြဲ႔ဝင္ တသိန္းခြဲေလာက္ လွ်ဳိ႕ဝွက္နာမည္ေပးထားတဲ့ ကမ္းေျခေတြမွာ တိုက္ခိုက္ေရးေလွ (သေဘၤာ) ၇,၀၀၀ နဲ႔ ကမ္းတက္တိုက္ပြဲ ဆင္ႏႊဲခဲ့တာပါ။
ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈေတြေၾကာင့္ ခရီးသြားလာေရး ကန႔္သတ္မႈေတြ ျပ႒ာန္းခဲ့တဲ့အတြက္ အေမရိကန္၊ ၿဗိတိန္နဲ႔ ကေနဒါႏိုင္ငံက စစ္ျပန္ႀကီးေတြနဲ႔ က်ဆုံးစစ္သည္ေတြရဲ႕ မိသားစုေတြ ျပင္သစ္ကို မသြားႏိုင္တာ ၂ ႏွစ္ ရွိသြားၿပီ ျဖစ္ပါတယ္။
ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ အခမ္းအနား ေတာ္ေတာ္မ်ားမ်ား ပယ္ဖ်က္ခဲ့ၿပီး တရားဝင္အခမ္းအနားေတြလည္း လူနည္းနည္းေလးနဲ႔ ကန႔္သတ္ၿပီး အထူးဧည့္သည္ေတြ ဖိတ္ၾကား က်င္းပခဲ့တာပါ။
ေဒသခံေတြ အေတာ္မ်ားမ်ားကေတာ့ ဒီသီတင္းပတ္ကုန္ ႏွစ္ပတ္လည္ အခမ္းအနားေတြမွာ လြတ္ေျမာက္ေရးအတြက္ တိုက္ပြဲဝင္ေပးခဲ့သူေတြကို ဂုဏ္ျပဳၿပီး ေအာက္ေမ့ဖြယ္ အထိမ္းအမွတ္ ေနရာေတြကို သြားေရာက္ခဲ့ၾကပါတယ္။
ဒုတိယကမာၻစစ္ ေနာ္မန္ဒီကမ္းေျခ D-Day ကမ္းတက္တိုက္ပြဲမွာ မဟာမိတ္တပ္ဖြဲ႔ဝင္ ၄,၄၁၄ ဦး က်ဆုံးခဲ့ၿပီး ဒီအထဲ အေမရိကန္ ၂,၅၀၁ ေယာက္ ပါဝင္ပါတယ္။ ဒီတိုက္ပြဲအတြင္း ဒဏ္ရာရသူ လူ ၅,၀၀၀ ေလာက္ ရွိခဲ့တာပါ။ ဂ်ာမနီဘက္မွာလည္း လူေထာင္နဲ႔ခ်ီ ေသဆုံး ဒဏ္ရာရခဲ့ပါတယ္။
-----------------------
(Unicode)
နော်မန်ဒီကမ်းခြေတိုက်ပွဲ D-Day အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပ
ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်နာဇီတွေလက်ထဲက ပြင်သစ်နဲ့ ဥရောပကို လွတ်မြောက်စေခဲ့တဲ့ D-Day ကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တော်တော်များများ ဒီကနေ့ တနင်္ဂနွေနေ့ ကျင်းပဖို့ စီစဉ်ထားကြပါတယ်။
၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့ဝင် တသိန်းခွဲလောက် လျှို့ဝှက်နာမည်ပေးထားတဲ့ ကမ်းခြေတွေမှာ တိုက်ခိုက်ရေးလှေ (သင်္ဘော) ၇,၀၀၀ နဲ့ ကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တာပါ။
ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေကြောင့် ခရီးသွားလာရေး ကန့်သတ်မှုတွေ ပြဋ္ဌာန်းခဲ့တဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံက စစ်ပြန်ကြီးတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေ ပြင်သစ်ကို မသွားနိုင်တာ ၂ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။
ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အခမ်းအနား တော်တော်များများ ပယ်ဖျက်ခဲ့ပြီး တရားဝင်အခမ်းအနားတွေလည်း လူနည်းနည်းလေးနဲ့ ကန့်သတ်ပြီး အထူးဧည့်သည်တွေ ဖိတ်ကြား ကျင်းပခဲ့တာပါ။
ဒေသခံတွေ အတော်များများကတော့ ဒီသီတင်းပတ်ကုန် နှစ်ပတ်လည် အခမ်းအနားတွေမှာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပေးခဲ့သူတွေကို ဂုဏ်ပြုပြီး အောက်မေ့ဖွယ် အထိမ်းအမှတ် နေရာတွေကို သွားရောက်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ် နော်မန်ဒီကမ်းခြေ D-Day ကမ်းတက်တိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့ဝင် ၄,၄၁၄ ဦး ကျဆုံးခဲ့ပြီး ဒီအထဲ အမေရိကန် ၂,၅၀၁ ယောက် ပါဝင်ပါတယ်။ ဒီတိုက်ပွဲအတွင်း ဒဏ်ရာရသူ လူ ၅,၀၀၀ လောက် ရှိခဲ့တာပါ။ ဂျာမနီဘက်မှာလည်း လူထောင်နဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။