သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တောင်ကိုရီးယား မဟာမိတ် ခိုင်မာမှု စမ်းသပ်ခံရဖွယ်ရှိ


တောင်ကိုးရီးယားသမ္မတ မွန်းဂျေးအင်းနဲ့ အမေရိကန် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး Joseph Dunford တို့တွေ့ဆုံစဉ်။
တောင်ကိုးရီးယားသမ္မတ မွန်းဂျေးအင်းနဲ့ အမေရိကန် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး Joseph Dunford တို့တွေ့ဆုံစဉ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် ချဉ်းကပ်တဲ့နေရာမှာသဘောထားကွဲလွဲမှုတွေရှိနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားရဲ့ ဆယ်စုနှစ်နဲ့ချီ ရှိလာတဲ့ လုံခြုံရေး မဟာမိတ်အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာနေတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

အခုအခါမှာ တွေ့ဆုံဆွေးနွေးဖို့ တောင်ကိုရီးယားရဲ့ ကမ်းလှမ်းမှုကိုမြောက်ကိုရီးယားက လက်ခံခြင်းမရှိတဲ့အတွက် အမေရိကန်နဲ့တောင်ကိုးရီးယားတို့ဟာ ခုချိန်မှာ မဟာမိတ်ဖြစ်နေပေမယ့်လည်း ဒါဟာပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ၊ CIA အရှေ့ဖျားရေးရာ ကျွမ်းကျင်သူ အရာရှိဟောင်း Sue Mi Terry ကပြောပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းက သူ့အစိုးရရဲ့သဘောတူ အတည်ပြုချက်မါပပဲ ကိုးရီယား ကွန်းဆွယ်မှာ စစ်ရေးအပြုအမူရှိလိမ်မယ် မဟုတ်ဘူးလို့ သြဂုတ်လ ၁၅ ရက်နေ့က ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်- တောင်ကိုးရီးယားဆက်ဆံရေး ခိုင်မာမှုကို မေးခွန်းထုတ်စရာဖြစ်လာခဲ့တာပါ။

မြောက်ကိုရီးယားက လက်နက်ထုတ် လုပ်ရေးလမ်းကြောင်းအတိုင်း ဆက်သွားနေမယ် ဆိုရင် မကြုံစဖူး မီးကုန်ယမ်းကုန် ဆောင်ရွက်သွားနိုင်ဖွယ်ရှိတယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ က ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG