သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်


စစ်ရေးလေ့ကျင့်မှုတခုမှာတွေ့ရတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (မတ် ၁၃၊ ၂၀၂၄)
စစ်ရေးလေ့ကျင့်မှုတခုမှာတွေ့ရတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (မတ် ၁၃၊ ၂၀၂၄)

တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပင်လယ်ထဲပစ်လွှတ်ခဲ့တာနဲ့ပတ်သက်လို့ မြောက်ကိုရီးယားက တာဝန်ခံရမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Shin Won-sik က ဒီကနေ့ပြောပါတယ်။

မြောက်ကိုရီးယားက အခုလိုရန်လိုမှုတွေကို ဆက်တိုက်လုပ်နေတာ သူတို့အတွက်ထိခိုက်မှုမရှိဘူးလို့ ယူဆနေပေမဲ့ သူတို့လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်ကြောင့် တစုံတရာမှားယွင်းမှုရှိခဲ့ရင် တာဝန်ခံရမယ်လို့ ကာကွယ်ရေးဝန်ကြီး Shin Won-sik ကပြောဆိုတာပါ။ မြောက်ကိုရီးယားရဲ့ အခုလိုလုပ်ရပ်ဟာ ရန်စလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း တောင်ကိုရီးယားက ပြစ်တင်ရှုတ်ချပါတယ်။

မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးမှုကို တောင်ကိုရီးယားအနေနဲ့ ကြိုဆိုပေမဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ လက်ကိုင်ထားတဲ့ မူဝါဒတွေကိုတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Shin Won-sik က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဦးစီးကျင်းပတဲ့ ဒီမိုကရေစီ တိုးတက်ထွန်းကားရေး ဆွေးနွေးပွဲတက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တောင်ကိုရီးယားနိုင်ငံ Seoul မြို့ကိုရောက်နေတဲ့ အချိန် တနင်္လာနေ့အစောပိုင်းမှာပဲ မြောက်ကိုရီးယားက ဒုံးကျည်တွေပင်လယ်ထဲ ပစ်လွှတ်ခဲ့တာပါ။ ဒုံးကျည်တွေက မြောက်ကိုရီးယား မြို့တော် ပြုံယမ်းကနေ အရှေ့ဘက်ကမ်းရိုးတန်း မိုင် ၁၈၀ အကွာလောက်ထိ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG