သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္မကူးစက္ေအာင္ ႏိုင္ငံကိုတံခါးပိတ္ ကန္႔သတ္တားဆီးထားတဲ႔ ေျမာက္ကိုရီးယားအေျခအေန


(Zawgyi / Unicode)

ေျမာက္ကိုရီးယားမွာ Covid-19 ထိန္းခ်ဳပ္ေရး အတြက္ အသြားအလာ ပိတ္ပင္ ကန္႔သတ္မႈကို တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ထားတာ ၃ ႏွစ္ထဲကို ေရာက္လာပါၿပီ။ ကပ္ေဘးေရာဂါ ဆိုင္ရာ တားျမစ္ကန္႔သတ္မႈေတြေၾကာင့္ ႏိုင္ငံရဲ႕ စီးပြားေရးကို အထိနာေစၿပီး ေရရွည္ ဆက္ၿပီး ထိန္းမထားႏိုင္ေတာ့တဲ႔ အေနအထားမ်ိဳးလည္း ပိုၿပီး ေတြ႕ေနရပါတယ္။ ဒါေပမယ့္လည္း ဘယ္ေတာ့ အဆံုးသတ္မလဲ ဆိုတာကိုလည္း မသိရပါဘူး။ ေတာင္ကိုရီးယား ႏိုင္ငံ ဆိုလ္းၿမိဳ႕ေတာ္ကေန ဗြီအိုေအ သတင္းေထာက္ Bill Gallo သတင္းေပးပို႔ထားတာကို မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un အာဏာရယူခဲ႔တာဆိုရင္ ဒီဇင္ဘာလ အတြင္း ၁၀ ႏွစ္ ျပည့္ခဲ႔ပါၿပီ။ ကို႐ိုနာဗိုင္းရပ္စ္ အေရးကလည္း သူ႔အတြက္ အႀကီးဆံုး စိန္ေခၚအကဲစမ္းခ်က္ေတြထဲက တခုျဖစ္ပါတယ္။ အေမရိကန္ ျပည္ေထာင္စုကို ၿခိမ္းေျခာက္ႏိုင္တဲ႔ အထင္ႀကီးဖြယ္ လက္နက္ ရွိေပမယ့္လည္း ကို႐ိုနာကပ္ေဘးေရာဂါကို တိုက္ဖ်က္ေရး အတြက္ေတာ့ သူ႔မွာ လက္နက္ သိပ္မရွိပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး မထိုးရေသးတဲ႔ ႏိုင္ငံ ၂ ခုသာ က်န္ရွိေနၿပီး ဒီထဲမွာ ေျမာက္ကိုရီးယား လည္း ပါ၀င္ေနတာပါ။ ကို႐ိုနာ ကပ္ေဘးေရာဂါ ကာကြယ္ေရး အတြက္ ျပင္ပ ကမ ၻာနဲ႔ အဆက္အသြယ္ ျဖတ္ေတာက္မႈ တခုကိုသာ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး မထိုးရေသးတဲ႔ ႏိုင္ငံ ၂ ခုထဲက တခုျဖစ္ပါတယ္။ Harvard ေဆးေက်ာင္းက Kee Park က အခုလို ေျပာပါတယ္။

" ဒါက အလုပ္ျဖစ္ပါတယ္။ ျငင္းလို႔ မရပါဘူး။ ေျမာက္ကိုရီးယားက သူ႔ရဲ႕ နယ္စပ္ေတြကို ပိတ္ထားႏိုင္သလို သြားလာလႈပ္ရွားမႈကိုလည္း ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။ သိတဲ႔ အတိုင္းဘဲ ဒီ ဗိုင္းရပ္စ္ကလည္း သြားလာမႈ မရွိဘူးဆိုရင္ တျခားသူေတြကို မကူးစက္ႏိုင္ပါဘူး။"

နယ္စပ္ ပိတ္ပင္ ကန္႔သတ္မႈေၾကာင့္ ၿမိဳ႕ေတာ္ ျပံဳယမ္းမွာ ႏိုင္ငံျခားသား အားလံုးနီးပါး ျပန္သြားၾကပါၿပီ။ ေျမာက္ကိုရီးယား ႏိုင္ငံတြင္းမွာလည္း ခရီးသြားလာခြင့္ကို တင္းတင္းက်ပ္က်ပ္ တားျမစ္ ကန္႔သတ္ဖို႔ ရွိေနပါတယ္။ တ႐ုတ္နဲ႔ ေျမာက္ကိုရီးယား နယ္စပ္ တေလွ်ာက္မွာလည္း ကုန္သြယ္ေရးက လံုး၀ ရပ္တန္႔ေနပါတယ္။ ဒီအခ်က္ေၾကာင့္ စီးပြားေရး အေပၚမွာ အႀကီးအက်ယ္ ႐ိုက္ခတ္ သက္ေရာက္ေစပါတယ္။ Daily NK သတင္းစာရဲ႕ အယ္ဒီတာခ်ဳပ္ Lee Sang Yong က အခုလို ေျပာပါတယ္။

" သာမန္ အရပ္သားေတြ အေနနဲ႔ တရက္ကို ထမင္း သံုးနပ္စားရမယ့္ အစား အခုဆိုရင္ ၂ နပ္ဘဲ စားရပါေတာ့တယ္။ ထမင္းနဲ႔ ေျပာင္း ေရာရတဲ႔ အခ်ိဳးအစားကလည္း အရင္က ၇ ဆ ၃ ဆ ကေန အခုဆိုရင္ ၃ ဆ ၇ ဆ ျဖစ္သြားပါၿပီ။ စီးပြားေရး အေျခအေန ဆိုးရြားလာေနတယ္ဆိုတာကေတာ့ ရွင္းပါတယ္။ "

တ႐ုတ္နဲ႔ နယ္စပ္ေတြ အနီးက ပိုးသတ္သန္႔စင္တဲ႔ စင္တာေတြကေန မၾကာခင္မွာ သြင္းကုန္ေတြ တိုးခ်ဲ႕လာႏိုင္ပါတယ္။ Park Won Gon ဟာ Ewha တကၠသိုလ္က ပါေမာကၡ တဦးပါ။

" လက္ရွိ အခ်ိန္မွာ ေျမာက္ကိုရီးယား အေနနဲ႔ ဘယ္လို အေျခအေနေတြ ရင္ဆိုင္ေနရလဲ ဆိုတာ က်ေနာ္တို႔ အေနနဲ႔ အတိအက် မသိပါဘူး။ ဒါေပမယ့္လည္း မၾကာေတာ့တဲ႔ အနာဂတ္မွာ သူတို႔ အခက္အခဲေတြ ေတြ႕ရေတာ့မယ္ဆိုတာကေတာ့ အမွန္ပါ။ အထူးသျဖင့္ ပထမ ႏွစ္၀က္ေလာက္ အတြင္းမွာ သူတို႔ အေနနဲ႔ နယ္စပ္ေတြကို ဖြင့္မလား ဒါမွမဟုတ္လည္း ဒီ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ေရး တခုခု လုပ္ရမယ္လို႔ က်ေနာ္ ယူဆပါတယ္။ "

ဒီအေျခအေနဟာဆိုရင္ ႏိုင္ငံတကာရဲ႕ ကာကြယ္ေဆးေတြ ဒါမွမဟုတ္လည္း ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ေရး သိပ္ၿပီး ထိေရာက္မႈ ရွိတယ္လို႔ ကနဦး စမ္းသပ္မႈမွာ ေတြ႕ရွိထားတဲ႔ Pfizer ေဆးေတြကို ေနာက္ဆံုးမွာ လက္ခံရတာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္လည္း ကပ္ေဘးေရာဂါ အတြင္း သူ႔ရဲ႕ အုပ္ခ်ဳပ္မႈရဲ႕ ၿခိမ္းေျခာက္မႈ တခု အျဖစ္ ရႈျမင္ထားပံုရတဲ႔ ကင္ဂ်ံဳအြန္း အေနနဲ႔ ပိုၿပီး တင္းၾကပ္ ထိန္းခ်ဳပ္ဖို႔ လိုအပ္တယ္လို႔လည္း ယူဆ သြားႏိုင္ေျခ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ကိုဗစ်မကူးစက်အောင် နိုင်ငံကိုတံခါးပိတ် ကန့်သတ်တားဆီးထားတဲ့ မြောက်ကိုရီးယားအခြေအနေ

မြောက်ကိုရီးယားမှာ Covid-19 ထိန်းချုပ်ရေး အတွက် အသွားအလာ ပိတ်ပင် ကန့်သတ်မှုကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတာ ၃ နှစ်ထဲကို ရောက်လာပါပြီ။ ကပ်ဘေးရောဂါ ဆိုင်ရာ တားမြစ်ကန့်သတ်မှုတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးကို အထိနာစေပြီး ရေရှည် ဆက်ပြီး ထိန်းမထားနိုင်တော့တဲ့ အနေအထားမျိုးလည်း ပိုပြီး တွေ့နေရပါတယ်။ ဒါပေမယ့်လည်း ဘယ်တော့ အဆုံးသတ်မလဲ ဆိုတာကိုလည်း မသိရပါဘူး။ တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Bill Gallo သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un အာဏာရယူခဲ့တာဆိုရင် ဒီဇင်ဘာလ အတွင်း ၁၀ နှစ် ပြည့်ခဲ့ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် အရေးကလည်း သူ့အတွက် အကြီးဆုံး စိန်ခေါ်အကဲစမ်းချက်တွေထဲက တခုဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက်နိုင်တဲ့ အထင်ကြီးဖွယ် လက်နက် ရှိပေမယ့်လည်း ကိုရိုနာကပ်ဘေးရောဂါကို တိုက်ဖျက်ရေး အတွက်တော့ သူ့မှာ လက်နက် သိပ်မရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မထိုးရသေးတဲ့ နိုင်ငံ ၂ ခုသာ ကျန်ရှိနေပြီး ဒီထဲမှာ မြောက်ကိုရီးယား လည်း ပါဝင်နေတာပါ။ ကိုရိုနာ ကပ်ဘေးရောဂါ ကာကွယ်ရေး အတွက် ပြင်ပ ကမ ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်မှု တခုကိုသာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မထိုးရသေးတဲ့ နိုင်ငံ ၂ ခုထဲက တခုဖြစ်ပါတယ်။ Harvard ဆေးကျောင်းက Kee Park က အခုလို ပြောပါတယ်။

" ဒါက အလုပ်ဖြစ်ပါတယ်။ ငြင်းလို့ မရပါဘူး။ မြောက်ကိုရီးယားက သူ့ရဲ့ နယ်စပ်တွေကို ပိတ်ထားနိုင်သလို သွားလာလှုပ်ရှားမှုကိုလည်း ထိန်းချုပ်ထားနိုင်ပါတယ်။ သိတဲ့ အတိုင်းဘဲ ဒီ ဗိုင်းရပ်စ်ကလည်း သွားလာမှု မရှိဘူးဆိုရင် တခြားသူတွေကို မကူးစက်နိုင်ပါဘူး။"

နယ်စပ် ပိတ်ပင် ကန့်သတ်မှုကြောင့် မြို့တော် ပြုံယမ်းမှာ နိုင်ငံခြားသား အားလုံးနီးပါး ပြန်သွားကြပါပြီ။ မြောက်ကိုရီးယား နိုင်ငံတွင်းမှာလည်း ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ် ကန့်သတ်ဖို့ ရှိနေပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ် တလျှောက်မှာလည်း ကုန်သွယ်ရေးက လုံး၀ ရပ်တန့်နေပါတယ်။ ဒီအချက်ကြောင့် စီးပွားရေး အပေါ်မှာ အကြီးအကျယ် ရိုက်ခတ် သက်ရောက်စေပါတယ်။ Daily NK သတင်းစာရဲ့ အယ်ဒီတာချုပ် Lee Sang Yong က အခုလို ပြောပါတယ်။

" သာမန် အရပ်သားတွေ အနေနဲ့ တရက်ကို ထမင်း သုံးနပ်စားရမယ့် အစား အခုဆိုရင် ၂ နပ်ဘဲ စားရပါတော့တယ်။ ထမင်းနဲ့ ပြောင်း ရောရတဲ့ အချိုးအစားကလည်း အရင်က ၇ ဆ ၃ ဆ ကနေ အခုဆိုရင် ၃ ဆ ၇ ဆ ဖြစ်သွားပါပြီ။ စီးပွားရေး အခြေအနေ ဆိုးရွားလာနေတယ်ဆိုတာကတော့ ရှင်းပါတယ်။ "

တရုတ်နဲ့ နယ်စပ်တွေ အနီးက ပိုးသတ်သန့်စင်တဲ့ စင်တာတွေကနေ မကြာခင်မှာ သွင်းကုန်တွေ တိုးချဲ့လာနိုင်ပါတယ်။ Park Won Gon ဟာ Ewha တက္ကသိုလ်က ပါမောက္ခ တဦးပါ။

" လက်ရှိ အချိန်မှာ မြောက်ကိုရီးယား အနေနဲ့ ဘယ်လို အခြေအနေတွေ ရင်ဆိုင်နေရလဲ ဆိုတာ ကျနော်တို့ အနေနဲ့ အတိအကျ မသိပါဘူး။ ဒါပေမယ့်လည်း မကြာတော့တဲ့ အနာဂတ်မှာ သူတို့ အခက်အခဲတွေ တွေ့ရတော့မယ်ဆိုတာကတော့ အမှန်ပါ။ အထူးသဖြင့် ပထမ နှစ်ဝက်လောက် အတွင်းမှာ သူတို့ အနေနဲ့ နယ်စပ်တွေကို ဖွင့်မလား ဒါမှမဟုတ်လည်း ဒီ အခက်အခဲတွေကို ကျော်လွှားနိုင်ရေး တခုခု လုပ်ရမယ်လို့ ကျနော် ယူဆပါတယ်။ "

ဒီအခြေအနေဟာဆိုရင် နိုင်ငံတကာရဲ့ ကာကွယ်ဆေးတွေ ဒါမှမဟုတ်လည်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေး သိပ်ပြီး ထိရောက်မှု ရှိတယ်လို့ ကနဦး စမ်းသပ်မှုမှာ တွေ့ရှိထားတဲ့ Pfizer ဆေးတွေကို နောက်ဆုံးမှာ လက်ခံရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကပ်ဘေးရောဂါ အတွင်း သူ့ရဲ့ အုပ်ချုပ်မှုရဲ့ ခြိမ်းခြောက်မှု တခု အဖြစ် ရှုမြင်ထားပုံရတဲ့ ကင်ဂျုံအွန်း အနေနဲ့ ပိုပြီး တင်းကြပ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ယူဆ သွားနိုင်ခြေ ရှိနေပါတယ်။

XS
SM
MD
LG