သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်( သြဂုတ်လ ၃ ရက်နေ့)
မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်( သြဂုတ်လ ၃ ရက်နေ့)

မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

“မြောက်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ်တာကနေတဆင့် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ပြနေပါတယ်။ ဒီလုပ်ရပ်တွေဟာ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုဆိုးရွားစေဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ သဘောထားတွေ ကွဲပြားစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ဖွယ်ရှိတယ်လို့ ကျနော်ထင်ပါတယ်။” ဆိုပြီး ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ တောင်ကိုရီးယားဝန်ကြီး ဌာနပြောခွင့်ရ Jeong Joon Hee က ပြောပါတယ်။

ဒုံးကျည်နှစ်စင်း တပြိုင်ထဲပစ်လွှတ်တာကို ထောက်လှမ်း သိရှိရပြီးတော့ တစင်းက အောင်မြင်ပြီး တစင်းက ပစ်လွှတ်ပြီး ချက်ခြင်း ဆိုသလိုပဲ ပေါက်ကွဲသွားတယ်လို့ အမေရိကန်စစ်ဘက်ကပြောပါတယ်။ တာလတ်ပစ် Rodong ဒုံးကျည်လို့ယူဆတဲ့ ဒုံးကျည်ကို ဒီကနေ့မနက် ၈ နာရီမတိုင်ခင်လေးမှာ နိုင်ငံအနောက်ပိုင်း Hwanghae ပြည်နယ်၊ Unyul မြို့ကနေပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၀၀၀ လောက်အထိရောက်ပြီးတဲ့နောက် ဂျပန်ရေပိုင်နက်ထဲ ဒါမှမဟုတ် အဲဒီအနားမှာ ကျသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်ပစ်လွှတ်ပြီး နာရီအတော်ကြာပြီးတဲ့နောက် တိုကျိုမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန် ဝန်ကြီးချုပ် Shinzo Abe က မြောက်ကိုရီးယားကို ပြစ်တင် ရှုတ်ချပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ဘယ်လို ရန်စလာ မှုမျိုးကနေမဆို ကိုယ့်ကိုယ်ကိုနဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ အဆင်သင့်ရှိနေတယ်လို့ ချက်ခြင်းတုန့်ပြန်ပြောဆိုပြီး မြောက်ကို ရီးယားကို သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG