သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်တွေထပ် ပစ်လွှတ်


မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောဆိုထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံ South Hamgyung ပြည်နယ် Hodo ကျွန်းဆွယ်အနီးကနေ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့က ပြောဆိုပါတယ်။

နောက်ထပ် ပစ်လွှတ်မှုတွေကို စစ်တပ်က ဆက်လက် စောင့်ကြည့်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။ တောင်ကိုရီးယားဘက်က အမေရိကန်နဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ဆက်လုပ်ဖို့နဲ့ အမေရိကန် လက်နက်တွေ ဝယ်ယူဖို့ ဆုံးဖြတ်ချက် အပေါ် တုံ့ပြန်တာလို့ ပြောဆိုပြီး မြောက်ကိုရီးယားဘက်က တာတိုပစ် ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် ၆ ရက် အကြာမှာ အခုလို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာပါ။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်မယ်ဆိုရင် တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်နဲ့ နျူးကလီးယား စမ်းသပ်မှုတွေ ပြန်စနိုင်တယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားတာပါ။ မြောက်ကိုရီးယားရဲ့ အခု ဒုံးကျည် စမ်းသပ်မှု အပေါ်မှာ အမေရိကန် သမ္မတ Donald Trump က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ သတင်းပတ်တုန်းက တာတိုပစ် ဒုံးကျည် စမ်းသပ်မှုကိုတော့ မအောင်မြင်တဲ့ စမ်းသပ်မှု သဘောမျိုး အမေရိကန် သမ္မတက ပြောဆိုပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ဆက်ဆံရေးကောင်းကြောင်း အမေရိကန် သမ္မတ Trump က ပြောဆိုထားတာပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အရ မြောက်ကိုရီးယားကို ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုအားလုံး ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG