သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်နှစ်စင်းပစ်လွှတ်


မြောက်ကိုရီးယား နိုင်ငံဟာ ကြာသပတေးနေ့ မနက်အစောပိုင်းတုန်းက ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းက ပစ်လွှတ်ခဲ့တဲ့ အဲဒီ ဒုံးကျည်တွေဟာ နျူးကလီးယား ဆွေးနွေးပွဲ ရပ်ဆိုင်းသွားပြီးတဲ့နောက် မြောက်ကိုရီးယားရဲ့ နောက်ဆုံး ရန်စမှု ဖြစ်တယ်လို့လည်း တောင်ကိုရီးယားဘက်က ဆိုပါတယ်။

မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်း Wonson မြို့ကနေ ကြာသပတေးနေ့ မနက် ၅ နာရီ ၃၄ မိနစ် နဲ့ ၅ နာရီ ၅၇ မိနစ်တို့မှာ အသီးသီး ပစ်လွှတ်ခဲ့တဲ့ ဒီဒုံးကျည်တွေဟာ အကြမ်းဖျဉ်းအားဖြင့် ကီလိုမီတာ ၄၃၀ အထိ ရောက်ရှိ နိုင်တယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့က ပြောပါတယ်။

ဘယ်လို ဒုံးကျည် အမျိုးအစား ဖြစ်တယ်လို့ ပြောမထားပေမယ့် ဒီခန့်မှန်းချက်သာ မှန်တယ်ဆိုရင်တော့ ဒါတွေဟာ တာတိုပစ် ဒုံးကျည် အမျိုးအစား ဖြစ်နိုင်ပါတယ်။ နောက်ထပ် ဒုံးကျည် ပစ်လွှတ် လာနိုင်မလားဆိုတဲ့ အခြေအနေကို တောင်ကိုရီးယားက စောင့်ကြည့်နေပြီး အသင့်အနေအထား ပြင်ဆင်ထားတယ်လို့လည်း သူက ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီလို ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ နျူးကလီးယား ဆွေးနွေးမှုကို ပိုမို နှေးကွေးသွားစေလိမ့်မယ်လို့ စိုးရိမ်စရာ ဖြစ်ပါတယ်။

အမေရိကန် အရာရှိတွေကတော့ လုပ်ငန်းအဆင့် ဆွေးနွေးပွဲ အမြန်ဆုံး စတင်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG