သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီယား လျှို့ဝှက်ထားတဲ့ ဒုံးကျည်စခန်း ၁၃ ခု ရှိနိုင်


ဒုံးလက်နက်တွေ ကွယ်ဝှက်ထားနိုင်တဲ့ မြောက်ကိုရီးယားက အသိမပေးပဲ ထားတဲ့ စခန်း ၁၃ ခု ရှိနေတယ်လို့ ဝါရှင်တန် အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဗဟိုဌာနက ပြောပါတယ်။

ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေ၊ မြောက်ကိုရီးယား ကနေ ထွက်ပြေးခိုလှုံလာသူတွေကို တွေ့ဆုံမေးမြန်းချက်တွေ၊ အမေရိကန် ထောက်လှန်းရေးနဲ့ အစိုးရ အရာရှိတွေကို မေးမြန်းချက်တွေပေါ် အခြေခံပြီး အစိုးရအဖွဲ့မဟုတ်တဲ့ CSIS အဖွဲ့က တနင်္လာနေ့မှာ အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ ရှိတဲ့ ဒီစခန်းတွေဟာ အကွာဝေးမျိုးစုံကို ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ အတွက် သုံးတဲ့ စခန်းတွေ ဖြစ်ပြီး ဒီစခန်းတွေကို ကောင်းကောင်းဖုံးကွယ်ထားတာ ဖြစ်တဲ့အတွက် ဒါဟာ မြောက်ကိုရီးယားဘက်က သူ့ရဲ့ စစ်ရေးစွမ်းရည်ဘယ်လောက် လုပ်နိုင်တယ် ဆိုတာကို ဖုံးကွယ်ဖို့ လုပ်နေတာကို ပြနေတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီစခန်းတွေဟာ စစ်ကာလအတွင်း မထင်မှတ်တဲ့ တိုက်ခိုက်မှုအန္တရာယ်ကို ခံနိုင်ရည်ကောင်းကောင်း ရှိစေဖို့ မြောက်ကိုရီးယားက ဆယ်စုနှစ်နဲ့ ချီပြီး လေ့ကျင့်ဆောင်ရွက်ခဲ့တဲ့ ရုပ်ဖျက်၊ ဖုံးကွယ်တဲ့ နည်းတွေကိုပါ ရောနှောသုံးထားပြီး ကွယ်ဝှက်ထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားမှာ ဖွင့်ထုတ် မကြေညာသေးတဲ့ စခန်းပေါင်း ၂၀ လောက် ရှိနေနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထား ပါတယ်။ ဒီစခန်းတွေဟာ နိုင်ငံတဝှမ်း ပြန့်နှံ့နေတာ ဖြစ်ပြီး သူတို့ရဲ့မြေအောက်စခန်းတွေကနေ ဒုံးပစ်စခန်းတွေဆီကို သယ်ပို့ပြီး ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရုတ်ချည်း လုပ်ဆောင်နိုင်အောင် ပုံစံမျိုး လုပ်ဆောင်ထားတာလို့လည်း ပြောပါတယ်။

ဇွန်လ စင်္ကာပူမှာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Um တို့ရဲ့ သမိုင်းဝင် တွေ့ဆုံမှုမှာ သူတို့လက်တွဲပြီး နျူကလီယား ကင်းစင်ရေးအတွက် လုပ်ဆောင်ဖို့ ကတိပေးခဲ့ကြတာ ဖြစ်ပေမယ့် ဒီပန်းတိုင်ကို ရောက်အောင် ဘယ်လိုလုပ်ဆောင်မယ် ဆိုတာကိုတော့ အသေးစိတ်သိပ်မပြောခဲ့ပါဘူး။

မြောက်ကိုးရီယား လျှို့ဝှက်ထားတဲ့ ဒုံးကျည်စခန်း ၁၃ ခု ရှိနိုင်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်
မြောက်ကိုရီးယား ဒုံးလက်နက် လျှို့ဝှက်စခန်းများတွေ့ရှိ
please wait

No media source currently available

0:00 0:03:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG