သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီယား နျူကလီးယားဆွေးနွေးပွဲ ပြန်စမည်


အမေရိကန် နိူင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန် နိူင်ငံခြားရေးဝန်ကြီး Mike Pompeo

နျူကလီးယား ကင်းရှင်းရေးဆိုင်ရာ မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်အတွင်း အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ ပြန်စမှာဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယအကြီးအကဲ Kim Yong Chol နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ စင်္ကာပူမှာ ဇွန်လက တွေ့ဆုံဆွေးနွေးပြီး ကတည်းကဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ် အဆုံးသတ်ရေး တိုးတက်မှုတွေ နှေးကွေးနေတာ လအတော် ကြာနေပါပြီ။ ဒါပေမဲ့ အခုလုပ်မယ့် ဆွေးနွေးပွဲတွေမှာ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကို ဘယ်အချိန် ဘယ်လို အဆုံးသတ်မယ်ဆိုတဲ့ အသေးစိတ်တွေပါလာမှာမို့ “အခွင့်အလန်းကောင်းတခု” ဖြစ်တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

သမ္မတထရမ့်ပ်ရဲ့ ပထမသက်တမ်းကုန်ဆုံးချိန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမတိုင်ခင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းရှင်း ရေး သဘောတူညီတခုရဖို့ အမေရိကန်က ကြိုးစားနေတာပါ။ အမေရိကန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူူမှုတွေကို မရုပ်သိမ်းဘူးဆိုရင် နျူကလီးယား စမ်းသပ်တာတွေ ပြန်လုပ်ဖို့ “အလေးအနက်” စဉ်းစားမယ်လို့ မြောက်ကိုရီးယားက သောကြာနေ့မှာပြောပါတယ်။ ဒါပေမဲ့ Fox News Sunday အစီအစဉ်နဲ့လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီး Pompoe က “အဲဒီအတွက် ကျနော် မစိုးရိမ်ပါဘူး” လို့ဆိုပြီး ခြိမ်းခြောက်မှုကို ပယ်ချပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG