သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယာဒုံးကျည် စမ်းသပ်ပစ်လွတ်မှု ဂျပန်ပင်လယ်ပြင်ထဲကျ


ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ် ပစ်လွတ်စဉ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ် ပစ်လွတ်စဉ်။

မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် ၄ ခုကို တနင်္လာနေ့က စမ်းသပ် ပစ်လွတ်လိုက်တာမှာ ၃ ခုက ဂျပန် ပင်လယ်အတွင်းကျသွားခဲ့ကြောင်း ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။

မြောက်ကိုရီးယားက ဒီကနေ့ ပဲ့ထိန်းတပ်ဒုံးကျည် ၄ ခုကို တပြိုင်ထဲနီးပါး ပစ်လွတ်ခဲ့ပြီး အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၁,၀၀၀ လောက် အကွာအဝေးကို ရောက်ခဲ့ကြောင်း၊ အဲဒီ အထဲက ဒုံးကျည် ၃ ခုဟာ ကျွနု်ပ်တို့ ရေပိုင်နက်ဖြစ်တဲ့ အထူးစီးပွားရေးဇုံထဲကို ကျခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ် Shinzo Abe က လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက အခုလို ဒုံးကျည် ပစ်လွတ်မှုဟာ ကြီးမားတဲ့ ခြိမ်းချောက်မှု ဖြစ်ကြောင်း၊ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားကို ဒီကိစ္စအတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျပန်အရာရှိတွေက ပြောပါတယ်။

အခုလို ဒုံးကျည် ပစ်လွတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင် ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ဒါဟာ အင်မတန် အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ကြောင်း လွှတ်တော်အမတ်တွေနဲ့ အမေးအဖြေကဏ္ဍမှာ ဝန်ကြီးချုပ် Abe က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ Tongchang-ri ဒေသကနေ မြောက်ကိုရီးယားက ဒုံးကျည်တချို့ကို တပြိုင်ထဲနီးပါး ပစ်လွတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အရေအတွက် ဘယ်လောက် ပစ်လွတ်ခဲ့တယ် ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

XS
SM
MD
LG