သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပြဿ နာကြီးမားမှု Trump ဝန်ခံ


ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်း ဒုံးကျည် စမ်းသပ် ပစ်လွတ်လိုက်ပြီးတဲ့နောက်မှာ မြောက်ကိုရီးယားနိုင်ငံဟာ ကြီးမားတဲ့ ပြဿနာတခုဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားကို ပြင်းထန်စွာ ကိုင်တွယ် ဖြေရှင်းသွားမယ့်အကြောင်း အမေရိကန်သမ္မတ Donald Trump ပြောကြားလိုက်ပါတယ်။

သမ္မတအိမ်ဖြူတော်မှာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ တနင်္လာနေ့က ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Trump က အဲဒီလို ပြောကြားလိုက်တာပါ။ ဒါပေမယ့် အသေးစိတ်တော့ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ ဖလော်ရီဒါပြည်နယ်မှာ တွေ့ဆုံခဲ့တဲ့ကိစ္စကိုလည်း သမ္မတ Trump က ချီးမွမ်း ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားက တနင်္ဂနွေမှာ ဒုံးကျည် စမ်းသပ်ပစ်လွတ်တဲ့အချိန်က ခေါင်းဆောင် ၂ ဦး အတူ ရှိနေခဲ့ကြတာပါ။ မြောက်ကိုရီးယားက စမ်းသပ် ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ပင်လယ်ထဲ ကျမသွားခင် ကီလိုမီတာ ၅၀၀ လောက် အကွာအဝေးကို ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဖက် အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ လုံး၀ သည်းခံနိုင်စရာမရှိကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာလည်း တနင်္လာနေ့ နှောင်းပိုင်းမှာ အရေးပေါ်စည်းဝေးပွဲ ကျင်းပဖို့ ရှိနေပါတယ်။

မြောက်ကိုရီးယား ပြသာနာကြီးမားမှု Trump ဝန်ခံ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG