သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲ့ထိန်းဒုံးအများအပြား မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ်


မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးစမ်းသပ်ပစ်လွှတ်နေတဲ့သတင်းကို ဆိုးလ်မြို့ဘူတာရုံက ရုပ်သံဖန်သားပြင်မှာ ထုတ်လွှင့်ပြသနေတာကို ကြည့်နေသူတဦး။ (မတ်လ ၁၀၊ ၂၀၂၅) .
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးစမ်းသပ်ပစ်လွှတ်နေတဲ့သတင်းကို ဆိုးလ်မြို့ဘူတာရုံက ရုပ်သံဖန်သားပြင်မှာ ထုတ်လွှင့်ပြသနေတာကို ကြည့်နေသူတဦး။ (မတ်လ ၁၀၊ ၂၀၂၅) .

မြောက်ကိုရီးယားက တနင်္လာနေ့မှာ ပဲ့ထိန်းဒုံးကျည်တော်တော်များများကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ (၁၁) ရက် ကြာ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဒီကနေ့ တနင်္လာနေ့အစောပိုင်းမှာ စတင်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယားက ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

မြောက်ကိုရီးယားက ဒီနှစ်အတွင်း ဒုံးကျည်စမ်းသပ်တာ (၅) ကြိမ်ရှိနေပြီဖြစ်ပြီး ဒီကနေ့ စမ်းသပ်မှုတွေ ကို Hwanghae ပြည်နယ်က နေပင်လယ်ထဲပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး ချုပ်ရုံးကပြောပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တောင်ကိုရီး ယားနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း နယ်စပ် Pocheon မြို့အရပ်သားတွေ နေတဲ့ နေရာတဝိုက် တိုက်လေယာဉ်တွေက မြေပုံညွှန်းမှားဗုံးကြဲခဲ့ပြီးတဲ့နောက် စစ်ရေးလေ့ကျင့်မှု တွေကို ခဏရပ်ထားပြီး ဒီကနေ့ ပြန်စတာပါ။

Freedom Shield နှစ်စဉ် စစ်ရေးလေ့ကျင့်မှု တစိတ်တဒေသအတွင်း စစ်ရေးလေ့ကျင့်တိုက်လေယာဉ် (၂) စင်းက MK-82 ဗုံး (၈) လုံး မတော်တဆ မှားပြီးကြဲမိခဲ့တဲ့အတွက် အနည်းဆုံး လူ (၃၀) လောက် ဒဏ်ရာရခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီလိုစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်ရန်စမှုအဖြစ် ရှုမြင်သလို ကိုရီးယားကျွန်းဆွယ်အတွင်း ရန်လိုပြီး ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့စစ်ရေးလေ့ကျင့်မှုအဖြစ် ပြစ်တင်ဝေဖန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG