မြောက်ကိုရီးယားအစိုးရက ပလူတိုနီယံ ထုတ်လုပ်မှုတွေ ပြန်စနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အစိုးရက တိုက်ရိုက် အတည်မပြုပေမဲ့ ပလူတိုနီယံ ထုတ်လုပ်မှုတွေနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်မှုကြီးစွာနဲ့ အနီးကပ် စောင့်ကြည့်နေတယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
“မြောက်ကိုရီးယားက ပလူတိုနီယံ ထပ်ရဖို့အတွက် တစိုက်မတ်မတ် လုပ်ဆောင်နေတယ် ဆိုတာဟာ လူတိုင်းသိနေတဲ့ အချက်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။” လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ Jeong Joon-hee က သတင်းထောက်တွေကို ပြောသွားတာပါ။ မြောက်ကိုရီးယားဟာ Yongbyon နျူးကလီးယားဓာတ်ပေါင်းဖိုမှာ စွန့်ပစ် န ျူ းကလီးယား လောင်စာတွေကို သုံးပြီး ပလူတိုနီယံ ထုတ်ဖို့ လုပ်နေတယ်လို့လည်း အမည်မဖော်လိုတဲ့ အမေရိကန်နဲ့ ကုလ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ညွှန်ကြားရေးမှူး Yukiya Amano ကလည်း - Yongbyon နျူ လီးယား ဓာတ်ပေါင်းဖိုကို မြောက်ကိုရီးယားက ပြန်လည် လည်ပတ်နေတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ အင်္ဂါနေ့ကဘဲ ပြောဆိုသွားတာပါ။
နိုင်ငံတကာက အကူအညီတွေ ရဖို့အတွက် အပေးအယူလုပ်ပြီး ၂၀၀၇ ခုနှစ်က ပိတ်ထားခဲ့တဲ့ Yongbyon နျူ းကလီးယား ဓာတ်ပေါင်းဖိုက လှုပ်ရှားမှုတွေကို ပြသတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် ကုလတာဝန်ရှိသူတွေနဲ့ IAEA တို့က အခုလို ပြောဆိုလာကြတာ ဖြစ်ပါတယ်။