သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက် န ျူကလီယားစခန်းတွေ လေ့လာဖို့ တောင်ကိုရီးယားသတင်းအဖွဲ့ ရောက်ရှိ


မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်စခန်း ဖျက်သိမ်းမှုကို လေ့လာဖို့ အတွက် တောင်ကိုရီးယား သတင်းထောက် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက နောက်ဆုံး အချိန်မှာ ကပ်ပြီး အတည်ပြုပေးလိုက်တာကြောင့် တောင်ကိုရီးယား သတင်းသမား ၈ ဦးတို့ မြောက်ကိုရီးယားကို ထွက်ခွာသွားပါပြီ။

မနေ့ အင်္ဂါနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကနေ မြောက်ကိုရီးယား နိုင်ငံ Wonsan မြို့ကို လေကြောင်းနဲ့ ထွက်ခွာမယ့် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှားတို့က သတင်းထောက် အဖွဲ့တွေနဲ့ အတူ တောင်ကိုရီးယား သတင်းထောက်တွေ လိုက်ပါဖို့ မူလက စီစဉ်ထားတာပါ။

ဒါပေမယ့်လည်း မြောက်ကိုရီးယား အစိုးရက တောင်ကိုရီးယား သတင်းထောက်တွေကို လက်မခံခဲ့တာကြောင့် အတူမလိုက်နိုင်ခဲ့ဘူးလို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရက တောင်ကိုရီးယား သတင်းထောက်တွေကို လာရောက်ခွင့်ပြုကြောင်း နှစ်နိုင်ငံ နယ်စပ်က အပစ်ရပ် Panmunjon ရွာက ဆက်ဆံရေး လမ်းကြောင်းကနေ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အကြောင်းကြားလာကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်းထောက် ၈ ဦးတို့က မြောက်ကိုရီးယားနိုင်ငံ Wonsan ကို စစ်တပ် လေယာဉ်နဲ့ တိုက်ရိုက် ပျံသန်းခဲ့ပါတယ်။ အဲဒီကနေ တောင်ထူထပ်ပြီး ဝေးလံခေါင်သီတဲ့ Punggye-ri စမ်းသပ်စခန်းကို ရောက်ဖို့ အတွက် ၁၂ နာရီကျော်ကြာ ရထားစီး၊ ဒီကတဆင့် နာရီနဲ့ချီပြီး ကားတဆင့် စီးပြီးနောက် လမ်းလျှောက် သွားကြရမှာပါ။ မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှု ၆ ခုစလုံးကို လုပ်ခဲ့တဲ့ Punggye-ri စမ်းသပ်စခန်းကိုတော့ မိုးလေဝသ အခြေအနေပေါ် မူတည်ပြီး ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့ အတွင်း ဖျက်သိမ်းဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG