သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကလွတ်လာတဲ့ သတိမေ့ ကန်ကျောင်းသား ကွယ်လွန်


အမေရိကန်ကောလိပ်ကျောင်းသား Otto Warmbier
အမေရိကန်ကောလိပ်ကျောင်းသား Otto Warmbier

မြောက်ကိုရီးယားနိုင်ငံမှာ တနှစ်ခွဲနီးပါး ထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်ကောလိပ်ကျောင်းသား Otto Warmbier ဟာ သူ့နေအိမ်ရှိရာ Cincinnati မြို့မှာ နေ့ခင်း ၂ နာရီ ၂၀မိနစ် အချိန်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သူ့မိသားစုက တနင်္လာနေ့မှာ ပြောပါတယ်။

သူသေဆုံးကြောင်း သတင်းထွက်လာအပြီးမှာ Otto Warmbier သေဆုံးမှုနဲ့ ပတ်သက်လို့ အံအားသင့် တုန်လှုပ်မိကြောင်းနဲ့ မြောက်ကိုရီးယားဟာ ရက်စက်တဲ့ အစိုးရဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump ကလည်း ပြောကြားလိုက်ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း Otto Wambier ကွယ်လွန်တဲ့သတင်း ကြားသိရတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဌာနဲ့ အမေရိကန်အစိုးရတရပ်လုံးကိုယ်စား ကွယ်လွန်သူရဲ့ မိသားစုကို ဝမ်းနည်းကြေကွဲကြောင်း ပြောကြားလိုပြီး မည်သည့်မိဘမှ မခံစားထိုက်တဲ့ အခုလို ဝမ်းနည်းကြေကွဲဘွယ်ရာ အချိန်အခါသမယမှာ ဆုတောင်းမေတ္တာပို့သလျှက်ရှိကြောင်း Otto Wambier မတရားဖမ်းဆီးခဲ့ရတဲ့အတွက် မြောက်ကိုရီးယားမှာ တာဝန်ရှိတဲ့အကြောင်းနဲ့ မတရားဖမ်းဆီးထိမ်းသိန်းခံထားရတဲ့ အမေရိကန်နိုင်ငံသား (၃)ဦးကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်း တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်က အထင်ကရ အထက်လွှတ်တော်အမတ် တဦးဖြစ်သူ John McCain ကလည်း မြောက်ကိုရီးယားက အမေရိကန် နိုင်ငံသားတဦးကို သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

သတိမေ့နေတဲ့ Warmbier ဟာ အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်လည် ရောက်ရှိခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံမှာ ရှိနေစဉ်အတွင်း အသက် ၂၂ နှစ်အရွယ် Warmbier အနေနဲ့ ဆိုးရွားတဲ့ ဦးနှောက် ပျက်ဆီးတဲ့ဒဏ်ကို ခံစားခဲ့ရကြောင်း သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ Ohio ပြည်နယ်၊ Cincinnati မြို့မှာရှိတဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အဲဒီလို ဦးနှောက်ဒဏ်ရာကို ဘာကြောင့် ရခဲ့တယ်ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

မြောက်ကိုရီးယား ဟိုတယ်တခုမှာကပ်ထားတဲ့ ဝါဒဖြန့် ဆိုင်းဘုတ်တခုကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့မှုနဲ့ သူ့ကို မနှစ် မတ်လတုန်းက ပြစ်ဒဏ် စီရင်ပြီးတဲ့နောက်မှာ Warmbier ဟာ သတိမေ့သွားခဲ့တာလို့ မြောက်ကိုရီးယားက ပြောပါတယ်။ Warmbier အနေနဲ့ အစာအိမ် အဆိပ်သင့်တဲ့ ဝေဒနာခံစားရပြီးတဲ့နောက် သူ့ကို အိပ်ဆေး ပေးလိုက်တဲ့အချိန်မှာ အဲဒီလို သတိမေ့သွားခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ပြောပါတယ်။ ဒါပေမဲ့ ကွယ်လွန်သူ Warmbier ရဲ့ မိသားစုကတော့ မြောက်ကိုရီးယားရဲ့ အခုလိုပြောဆိုမှုကို ပြင်းပြင်းထန်ထန်ငြင်းဆိုလိုက်ပြီး ကမ္ဘာက ဝိုင်းကျဉ်ခံထားရတဲ့ အစိုးရဟာ သားဖြစ်သူ Otto အပေါ် ရက်စက်စွာ ညှမ်းပန်းနှိပ်စက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားကလွတ်လာတဲ့ သတိမေ့ ကန်ကျောင်းသား ကွယ်လွန်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG